ဘာအလုပ်လုပ်တာလဲ

Thursday, June 2, 2011

ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် အသစ်တက်သည့် အချိန်ကဖြစ်သည်။ မြို့တော်ဝန်သည် ရန်ကုန်မြို့တော်၏ စည်ပင်ဆိုင်ရာ အခွန်အခများအပါအ၀င် အခြားသော ဈေးနှုန်းများကိုပါ မြှင့်တင်ရန်ဆန္ဒရှိနေသည်။ သို့သော် မမြှင့်တင်မီ ရန်ကုန်မြို့နေလူထု၏ သဘောထား မည်သို့ရှိမည်နည်း ဆိုသည်ကို လေ့လာရန် ဆုံးဖြတ်လိုက်လေသည်။

ထို့နောက် ရုပ်ဖျက်ပြီး လှည့်လည်ကြည့်ရှုလေသည်။ ပုဇွန်တောင်ဈေးရှေ့သို့ အရောက်တွင် အ၀တ်အစားခပ်နွမ်းနွမ်း ၀တ်ထားသည့် လူတစ်ယောက်ကို မေးကြည့်လေသည်။

“တကယ်လို့ စည်ပင်အခွန်အခတွေကို ၅၀% မြှင့်တင်လိုက်မယ်ဆိုရင် ခင်ဗျားတို့ အနေကျပ်သွားနိုင်မလား”

“အထွေအထူး ကျပ်သွားစရာအကြောင်း မရှိပါဘူး”

“ရ၅% မြှင့်တင်လိုက်မယ်ဆိုရင်ရော”

“အင်း... နေသာထိုင်သာ ရှိမှာပါ။ ရတဲ့ဝင်ငွေနဲ့ လောက်နိုင်ပါတယ်”

မြိုကတော်ဝန်သည် ၀မ်းသာအားရ ဖြစ်သွားသည်။ ထို့နောက် အားတက်လာသည့်အသံနှင့် ထပ်မေး၏။

“၁၀၀% မြှင့်တင်လိုက်မယ် ဆိုရင်ရောဗျာ”

“အဲလိုဆိုရင်တော့ တိုက်တစ်လုံးလောက် ဆောက်ရမလားပဲ”

မြို့တော်ဝန်က စိတ်ဝင်စားသွားပြီး “တယ်ဟုတ်ပါလား။ ဒါနဲ့ ခင်ဗျားက ဘာအလုပ်လုပ်တာလဲဗျ”

“သုဘရာဇာပါ”

(Facebook/Information & Technology Network မှ)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved