မဇ္ဈိမလှိုင်း စင်မြင့်ဖျော်ဖြေပွဲ သီချင်း ၄ ပုဒ် တင်ပေးလိုက်ပါတယ်။
ချမ်းချမ်း ၂ ပုဒ်၊
မာရဇ္ဇ ၂ ပုဒ်၊
ထုံးစံအတိုင်း တေးရေးကိုနေ၀င်းရဲ့ နာမည်ကျော် လက်ရာတွေပါ။
နေမွန်းမတည့်ခင်
ချမ်းချမ်း
ဒီသီချင်းကို တခြား အမျိုးသမီး အမျိုးသား အဆိုတော်တွေ ဆိုခဲ့ကြပြီးပါပြီ။
ဒီပွဲမှာတော့ ချမ်းချမ်းက ဆိုဟန်ကို လုံးဝ ပြောင်းထားပါတယ်။ သူတို့နဲ့ လုံးဝ မတူပါဘူး။ အင်မတန် နားထောင်လို့ ကောင်းတယ်၊ အရသာ အသစ်ပဲ ဆိုတာ တွေ့ရမှာပါ
အစောဆုံးပြန်ခဲ့
ချမ်းချမ်း
ဒီမှာလည်း ဆိုဟန် ပြောင်းထားပါတယ်။
ကြွေမယ့်မိုးမသဲနဲ့
မာရဇ္ဇ
ဒီသီချင်းမျိုးက မဇ္ဈိမလှိုင်းရဲ့ဟန်တော့ မဟုတ်ပါဘူး။ ဒါကို မာရဇ္ဇက ပြန်ဆိုထားတော့ ကိုနေ၀င်းရဲ့ လက်ရာမှ ဟုတ်ရဲ့လားလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် စကားလုံးတွေ နားထောင်မိရင်တော့ ကိုနေ၀င်းရဲ့ စာသားတွေ ဖြစ်တယ်ဆိုတာ သံသယ ရှိစရာ မလိုတော့ပါ။
လွမ်းရေးခက်ခက်
မာရဇ္ဇ
ကိုနေ၀င်းရဲ့ အကောင်းဆုံးလက်ရာ၊ သူ့ပရိသတ်တွေ အနှစ်သက်ဆုံး လက်ရာတွေထဲက တပုဒ်ပါ။ နားဆင်ကြည့်ကြပါအုံး။
ဆက်စပ် ကြည့်ရှုရန်
လပြည့်ဝန်းသို့ တမ်းခြင်း ၁
လပြည့်ဝန်းသို့ တမ်းခြင်း ၂
ကိုနေ၀င်း ကိုယ်တိုင်ရေးဆိုထားတဲ့ ဒီသီချင်းလေးကိုပါ တင်ပေးရင်ပိုပြီး ဧရာဝတီအနေနဲ့ အသက်ဝင်လိမ့်မယ် ထင်လို့ ပို့ပေးလိုက်ပါတယ်။ http://www.youtube.com/watch?v=qlpRiAwn2t0&NR=1 အခုလောလောဆယ် မြန်မာပြည်မှာ နာမည်အကြီးဆုံးဖြစ်နေတဲ့ ဂီတသူရဲကောင်း ( -ျ-်း--်းေ-ာင်) လိဒ်ဂစ်တာသမားထက် ရာဇ၀င်တွင်ရစ်ပြီးတဲ့ ဂီတ သူရဲကောင်းကြီးပါ။