ဂျွန်မက်ကိန်း မြန်မာပြည် ရောက်ပြီ ထင်ပါရဲ့။
လွန်ခဲ့တဲ့ ၃ နာရီလောက်က တွစ်တာ (Twitter) မှာ သူရေးသွားတာက - မြန်မာပြည်မှာတော့ တွစ်တာသုံးနိုင်မယ်မဟုတ်ဘူးဗျာ၊ ကံဆိုးလိုက်တာ။ အဲဒီကိုသွားလည်ပြီး ပြန်ရောက်တဲ့အခါ (ဖြစ်ပျက်နေတာတွေကို) ပိုပြီး ပြည့်စုံအောင် ပြောနိုင်မှာပါ တဲ့။
နောက်တပုဒ်မှာတော့ - ဒီမနက် ရန်ကုန်သွားပြီဗျို့။ ကျနော် လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့။ အရင် နှစ်ပေါင်းများစွာကတည်းက တွေ့ချင်နေတာ လို့ ဆိုပါတယ်။
ဒေါက်တာစင်သီယာမောင်နဲ့ တွေ့ပုံကိုလည်း ရေးထားပါတယ်။ တွစ်တာမှာ ရေးနည်းအတိုင်း တကြောင်းတည်း ရေးတာပါ။ တကယ့် သူတော်စင်နဲ့တွေ့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ ကျနော်တော့ ဒီနေ့ တွေ့ခဲ့သဗျ။ ဒေါက်တာစင်သီယာကတော့ သူ့ဆေးခန်းမှာ ကြီးမြတ်လေးစားစရာကောင်းတာတွေ လုပ်နေတာပဲ တဲ့။ မနေ့ညက ရေးထားတာပါ။
ရှူးတူးတူး ပေါတောတောနဲ့။ဒါကြောင့်လည်း သမ္မတအဖြစ် အရွေးမခံရတာ။အတွေးခေါ် အပြောဆိုက ကလေးကလား။ဒါနဲ့များ ဘယ်လိုလုပ်ပြီး ထိပ်ပိုင်းထိရောက်နေလည်းမသိဘူး။စစ်ပြန်ကြီးမို့ ဦးစားပေးလို့ ရောက်လာတာ ထင်ပါတယ်။