အာဏာရှင် ကာတွန်း

Wednesday, June 1, 2011


အာဏာရှင် လို့ ရေးထားတဲ့ ငါးကန်ကို ဝေဖန်၊ အပြစ်တင်၊ လက်နက်ကြီးနဲ့ ထုနေပုံ။
ဒီနေ့ ထိုင်းငံထုတ် နေးရှင်းသတင်းစာမှာ ပါတဲ့ ကာတွန်း။

အာဏာရှင်တွေ ရေနည်းငါးပမာ ဖြစ်နေပြီလို့ ကာတွန်းဆရာက ယူဆပုံ ရပါတယ်။

လက်တွေကို သေချာ လိုက်ကြည့်တော့ တချို့က ဂဲတွေ ထင်တယ်၊ ကိုင်ထားကြတယ်။ ကိုင်ရုံတင်လေးပဲ။ မထုဘူး။

ချိန်ရွယ် ခြောက်လှန့်နေသူလည်း ရှိပါ့။

ဘယ်ဘက်ဒေါင့်မှာတော့ ဂဲကို လက်ပြောင်းကိုင်ပြီး ဟန်ရေးပြနေတာ ဒါမှမဟုတ် တခြားတယောက်ကို လှမ်းပေးလိုက်တာ တွေ့ရတယ်။

လက်တွေက အနောက်နိုင်ငံတွေကို ရည်ရွယ်တာများလား။ အမွေးထူထူနဲ့ဆိုတော့။

ပစ်လိုက်တာတွေ များပေမယ့် ငါးကန်က သိပ် မထိခိုက်တာလည်း တွေ့နိုင်တယ်။

သေချာတာကတော့ အာဏာရှင်တွေ နှလုံးတုန် သွေးတိုးနေပြီ ဆိုတာပါပဲ။

1 comments :

  1. gold said... :

    ဒီလင့်နဲ့တော့သိပ်မဆိုင်ပါဘူး၊ ဒါပေမဲ့ ဘယ်မှာရေးရမှန်းမသိလို့ ရေးတာခွင့်လွတ်ပါ၊ နိုင်ငံရေးလုပ်သူတွေရဲ့ ဘဝကိုသိစေချင်လို့ပါ၊ ပေါင်းတည်မြို့မှာ ဦးအေးသန်းဆိုတာရှိပါတယ်၊ ၁၉၉၀ ရွေးကောက်ပွဲမှာအန်အယ်ဒီကနေအနိုင်ရခဲ့တဲ့အမတ်လောင်းပါ၊ သူဟာဦးသန့်အရေးအခင်းမှာတက္ကသိုလ်က အထုတ်ခံခဲ့ရတယ်၊ နိုင်ငံရေးပဲတစိုက်မတ်မတ်လုပ်ခဲ့သူပါ၊ သူ့မှာမိသားစု ဖိနပ်ဆိုင်လေးဖွင့် ပြီးအမနှစ်ယောက်နဲ့နေလာတာပါ၊ သူတို့အားလုံဧည့်အိမ်ထောင်မရှိကြပါဘူး၊ ရွေးကောက်ပွဲအနိုင်ရပြီးမှ ခဏခဏအဖမ်းခံနေရလိုက်ဆိုင်ပိတ်ခိုင်းလိုက်နဲ့ ဘာစီးပွါးရေးမှမလုပ်ရတော့ပါဘူး၊ သူ့အပေါင်းအသင်းတွေကလည်း သူတို့ပါရောပါမှာစိုးလို့သူ့အဆက်အသွယ် ဖြတ်ကြတယ်။ ရဲတွေကသူ့ဆိုင်နားမှာအမြဲရှိနေတော့ ဈေးလဲလာဝယ်သူမရှိတော့ဘူးပေါ့၊ အခုသူ့မှာစားဖို့တောင်အနိုင်နိုင်သူ့အမတွေကအသက်ခုနှစ်ဆယ်တွေ၊ သူကလည်းခြောက်ဆယ့်ငါးကျော်ကျော်။ စစ်ကြောရေးကခေါ်သွားပြီးမှ လူကလည်းတော်တော့်ကို တုံချိနေပါပြီ၊ နေမကောင်းရင်တောင်ဆေးခန်းမပြနိုင်ဘဝမျိုးဖြစ်နေပါတယ်၊ ဘယ်သူတွေကများကူညီနိုင်ပါလဲလို့လေးစားစွာ မေတ္တာရပ်ခံပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved