အာဇာနည်နေ့ မြင်ကွင်း (ဓာတ်ပုံ - မိုးသူအောင်)
Tuesday, July 19, 2011
ဓာတ်ပုံနှင့် ပုံစာများ - မိုးသူအောင်/Facebook မှ ယူပါသည်။
ဒေါ်နော်အုန်းလှနှင့်ဦးဝင်းချို ဦးဆောင်သည့် ပြည်သူအင်အား ၁၀၀ ခန့်ပါဝင်သည့်အဖွဲ့မှ အာဇာနည်ကုန်းရှိရာ အရပ်သို့ မျက်နှာလှည့်ကာ အလေးပြုစဉ်
အာဇာနည်ကုန်းသို့ ပန်းများယူဆောင်ခွင့် မရှိသည့်အတွက် လမ်းပေါ်မှနေ၍ အာဇာနည်ကုန်းသို့ ရည်စူးကန်တော့ကျစဉ်။(ယင်းအဖွဲ့သည် တာမွေပလာဇာတွင် လုံခြုံရေးအဖွဲ့များ၏ တားမြစ်ခြင်းခံခဲ့ရသည့် အဖွဲ့ဖြစ်သည်။)
NLD ပါတီရုံးချုပ်တွင် ပြုလုပ်သော ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့အခမ်းအနားသို့ အနောက်နိုင်ငံသံရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦး တက်ရောက်လာစဉ်။ယင်းအခမ်းအနားသို့ အမေရိကန်၊ဗြိတိန်သံရုံးတို့မှ သံရုံးတာဝန်ရှိသူများအပါအဝင်အခြားသံရုံး ၃ ခုမှတာဝန်ရှိသူများ တက်ရောက်ခဲ့သည်
Generation Wave အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူHip Hop အဆိုတော်ဇေယျာသော်သည်လည်း ပြည်သူတို့နှင့် ပူးပေါင်းကာ အာဇာနည်ကုန်းသို့ ချီတက်နေစဉ်
အာဇာနည်ကုန်းပေါ်သို့ တက်ရောက်ရန် စည်းစနစ်ကျစွာ စီတန်းနေကျစဉ်။
အာဇာနည်ကုန်းသို့ တက်ရောက်လိုသူများသည် NLD ပါတီမှတက်ရောက်သူများနှင့် ပူးပေါင်းကာ စီတန်းတက်ရောက်ကျစဉ်။
BG သွေးအလှူအဖွဲ့၏ အာဇာနည်နေ့ လွမ်းသူ့ ပန်းခွေ
ကျဆုံးလေသော အာဇာနည်ခေင်းဆောင်ကြီးများအား ပြည်သူများမှ သတ်မှတ်ထားသောအချိန်တွင် အလေးပြုစဉ်
အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုစဉ်၊
ယင်းအချိန်ခဏတွင် ရာသီဥတုမှာ အုံ့မှိုင်းနေကာ၊ဖြတ်သန်းသွားသော မော်တော်ကားအသီးသီးမှလည်း ဟွန်းများတီးကာ ဖြတ်သန်းသွားလာကြသည်ကို တွေ့ရှိရသည်
နံနက် ၁၀နာရီ ၃၇ မိနစ်အချိန်တွင် ကျဆုံးလေသောအာဇာနည်ခေါင်းဆောင်ကြီးများအား​ ပြည်သူနှင့်အတူ အလေးပြုရန် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီဗဟိုအလုပ်အမှုေ​ဆာင်များ ရုံးအပြင်တွင် တန်းစီနေစဉ်
7 comments :
  1. Anonymous said... :
    အားရစရာပဲဗျာ .... ပါဝင်ဆင်နွှဲချင်လိုက်တာဗျာ
  1. ywarthar said... :
    ဗိုလ်ချုပ်တို့ကျဆုံးသွားတာကို အမှတ်ရတိုင်း ၀မ်းနည်းတယ်။ အစိုးရက ဒေါ်စု ကို အသိအမှတ်ပြု ဖိတ်ကြားတာရယ် ဒေါ်စုက ပါဝင်ဆင်နွဲတာရယ်တွေကိုသိရတော့ ၀မ်းသာမိပါတယ်။
    တိုင်းပြည်အတွက်ကောင်းသော နိမိတ်တွေဖြစ်ပါစေ။
    အစိုးရနှင့် ဒေါ်စုတို့ပူးပေါင်းပြီး ကောင်းကျိုးများစွာဆောင်ရွက်နိုင်ပါစေ။
    ကိုရွှေ (ပင်းချောင်း)
  1. Anonymous said... :
    အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများကို လွမ်းဆွတ်သတိရ အလေးပြုပါတယ်
    ပြည်သူတွေ ရင်ထဲမှာ အခုလို ပြန်လည်ဆင်နွှဲခွင့် ရတာ ဝမ်းသာကြမယ် ထင်ပါတယ်
    ဒါပေမယ့် အစိုးရရဲ့ နိုင်ငံရေး လှည့်ကွက်တစ်ခု မဖြစ်ပါစေနဲ့ လို့ ဆုတောင်းလိုက်ပါတယ်
  1. ဆလိုင်း said... :
    ကျနော်ဒီပုံတွေကြည့်ပြီး ရင်ထဲမှာအရမ်းဝမ်းနည်းလာတယ်ဗျာ.......မျက်ရည်တွေသူ့အလိုလိုကျကျလာတယ်..............အာဇာနည်ခေါင်ဆောင်ကြီး များကို ဒီနေရာကနေဘဲ ကျနော်အလေးပြုပါရစေ..........
    ချင်းလဲန်း.........
  1. Anonymous said... :
    ခုလိုကြုံတုန်းကြုံခိုက် ရောက်တုန်းရောက်ခိုက်လေးမှာ အစားထိုးလို့မရနိုင်တဲ့မောင်နှမနှစ်ယောက် ဒေါ်အောင်ဆန်းစုကြည်နဲ့သူ့အစ်ကိုဦးအောင်ဆန်းဦးတို့ ဖက်လှဲတကင်းဝမ်းပန်းတသာ နှုတ်ဆတ်ပြောဆိုနေတာလေးများမြင်ရမယ်ဆိုရင် ဒုက္ခတွေကြားကပြည်သူတွေ မုဒိတာပွားပြီးဘယ်လောက်များဝမ်းသာလိုက်ကြမလဲ
  1. Anonymous said... :
    အာဇာနည်ကုန်းဆီကို ချီတက်ကြတဲ့ ပြည်သူတွေကြားမှာ နိုင်ငံခြားသားတွေလည်း ပါတယ်။ ဗိုလ...်ချုပ်အောင်ဆန်းပန်းခြံရှေ့က ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ အလေးပြုကြတာဖြစ်ပါတယ်
    မြန်မာနိုင်ငံရဲ့ မမေ့စကောင်းတဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်တွေကို အာဏာရူးတွေရဲ့ မလိုတမာ စိတ်ထားကြောင့် မြန်မာနိုင်ငံ အတွင်းမှာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လု နီးပါး ဖြစ်သွားပါပြီ ။ ပညာတွေ ဘယ်လောက်ဘဲ တတ်ကြပါစေ…… ရာထူးတွေ ဘယ်လောက်ဘဲ မြင့်မားမြင်...့မား ၊လူတိုင်းရဲ့ အတွေးအခေါ် ဆိုတာ သူတို့ရဲ့ အတ္တပေါ်မှာ အခြေခံပြီး စဉ်းစားလေ့ ရှိကြတယ် ။ တိရစ္ဆာန်စိတ် ပေါက်နေတဲ့ လူက တိရစ္ဆာန်ကို အလေးထားတာ သဘာဝ တရားပါဘဲ ။ကျွန်ူပ်တို့လည်း လူစိတ်ရှိလို့ လူလို တွေးခေါ်ကြရလိမ့်မယ် ။ လူအများ မှီတင်းနေထိုင်ရာ တိုင်းပြည်ကြီးကို တိရစ္ဆာန်စိတ် ပေါက်နေတဲ့ လူအများက ကြီးဆိုးထားတဲ့ အခါ လူသားတွေရဲ့ ပုံရိပ်ထက် သူတို့နဲ့ မျိုးနွယ်တူလို့ ခံယူထားတဲ့ တိရစ္ဆာန်များရဲ့ ပုံရိပ်ကို အစားထိုးကြလေ့ရှိကြတယ် ။ အဲဒီလို အခါမျိုးနဲ့ ကြုံကြိုက်လာတဲ့ အခါ လူမှန် နေရာမှန် ရောက်ဖို့ အတွက် လူသားဆန်တဲ့ အတွေးအခေါ် ကို လက်ကိုင်ထားတဲ့ လူအများ က ကြိုးစားကြရလိမ့်မယ် ။ ဒီမယ် မိတ်ဆွေ ……..သင်ဟာ လူသားဆန်တဲ့ အတွေးအခေါ်ကို လက်ခံထားသလာ ၊ တိရစ္ဆာန်တစ်ကောင်ရဲ့ အတွေးအခေါ်ကို ခံယူထားသလာ။ စကားတွေနဲ့ သက်သေပြစရာ မလိုပါဘဲ။ သင့်လုပ်ရပ်များက ထင်ရှားစွာ သက်သေပြမှာ အမှန်ပါဘဲ ။ မြန်မာနိုင်ငံရေး သုခမိန် ဗိုလ်ချုပ်အောင်ဆန်းကို ကိုယ်တိုင်က တန်ဖိုးထားသလို လူအများကိုလည်း တန်ဖိုးထား တတ်အောင် ပြန်လည် ဝေမျှပေးလိုကြတဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါတယ် ။
    ပြောချင်လိုက်တာ...
    အာဏာရှင်တွေရဲ့  ကောက်ကျစ်မှု လက်ထဲမှာ -- အာဇာနည်တွေရဲ့  သမိုးင်းကြောင်းကို ဖျောက်ဖျက်ခဲ့ -- ၈၈ရဲ့  နောက်နှစ်များမှာ ဖုံတွေတက်ခဲ့ ဗိုလ်ချုပ်ရဲ့  မျက်နှာ ရင်နာမဆုံးခဲ့ တို့ အားလုံးဘ၀မှာ.. အာဏာရှင်များရဲ့  မုန်းတီးမှုအောက်မှာ အောင်ဆန်းသမိုင်းကို ဖျောက်ဖျက်ပစ်ကြတာ --- black board အထက်မှာ ဗိုလ်ရုပ်ဆိုးရဲ့ မျက်နှာ ၈ တန်းလေးတောင် အောင်ရဲ့ လားကွာ..
  1. Anonymous said... :
    ဆောင်ရွက်နေကြသော (အကျဉ်းစံများအပါအ၀င်) သူရဲကောင်းအပေါင်း၊ ကျဆုံးခဲ့ပြီးသော ဒီမိုကရေစီသူရဲကောင်းအပေါင်းကိုလည်း ဒီနေရာကနေအလေးပြုလိုက်ပါတယ်။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved