တင်အောင်မြင့်ဦး ကျုးလွန်ခဲ့သော အစုလိုက် အပြုံလိုက် လူသတ်မှုများ

Saturday, July 16, 2011



သီဟသူရ တင်အောင်မြင့်ဦး။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အရာရှိတွေက အခုလက်ရှိ ဒုသမ္မတ တင်အောင်မြင့်ဦးဟာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးသင့်တဲ့သူ ဖြစ်တယ် လို့ ပြောလိုက်ပါတယ်။ တိုင်းရင်းသားဒေသဘက်မှာ သူ တာဝန်ယူစဉ်က လူအများအပြားသတ်ဖြတ်ခံရမှုမှာ အဓိက တာဝန်ရှိသူ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ဒေသကို သွားရောက်ခဲ့တဲ့ ဧရာဝတီ သတင်းထောက် ဘကောင်းက ဒီကိစ္စတွေကို စုံစမ်းရေးသား တင်ပြထားပါတယ်။ အသေးစိတ်ကို လောလောဆယ် အင်္ဂလိပ်ဘာသာနဲ့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ သတင်းထောက် ဘကောင်း စုဆောင်းခဲ့တဲ့ အထောက်အထား ဓာတ်ပုံတချို့ကို ဒီကနေ ထပ်ပြီး တင်ပြပေးလိုက်ပါတယ်။

ဧပြီ ၂၀၀၁။ အစိုးရတပ်တွေ သတ်သွားတဲ့ သူတို့ရဲ့ တပ်သား အလောင်းတွေကို KIA အရာရှိတွေ ကြည့်ရှုစစ်ဆေးနေတာပါ။



ဇန်နဝါရီ ၂၀၀၆။ မူဆယ်ဆောင်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ KIA စစ်သားနဲ့ အရပ်သားများရဲ့ ဈာပန။

ဈာပန

မြှုပ်နှံသဂြိုဟ်ရန် သယ်ယူလာစဉ်။



မြှုပ်နှံသဂြိုဟ်စဉ်။





ဇန်နဝါရီ ၂၀၀၆။ ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်တဲ့ KIA အရာရှိနဲ့ စစ်သားများက ကျဆုံးသွားသူများကို အလေးပြုစဉ်။

ဈာပနမှာ စကားပြောနေတဲ့ ဗိုလ်မှူးချုပ် ဂွမ်မော်

ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေကို ဘာကြောင့် အခုမှ ဖွင့်ချရတာလဲဆိုတော့ အဲဒီကာလတုန်းက အမျိုးသားညီလာခံကျင်းပနေဆဲဖြစ်တယ်၊ အပစ်အခတ်ရပ်စဲရေး မပျက်ချင်ဘူး ဆိုတာတွေကြောင့် လူသိရှင်ကြား ဘာမှ မပြောဘဲ နေခဲ့တာလို့ ဆိုပါတယ်။

29 comments :

  1. ချင်းမိုင်သားဟောင်း said... :

    ဒီအစိုးရမိုက်ရိုင်းရမ်းကားတာတော့ ကမ်းကိုကုန်နေပြီကိုယ့်လူတို့၊ တချို့ကလဲပြောကြတယ် ဝဋ်ဆိုတာဘဝမကူးဘူးတဲ့၊ တချို့ကကျတော့စောင့်ကြည့်ပါ သိပ်မကြာတော့ဘူးတဲ့.. တချို့ကကျတော့ အမလေး နိုင်ငံရေးသွားမပတ်သက်နဲ့ ဆွေစဉ်မျိုးဆက်ဘဝတုံးအောင်အရှင်လတ်လတ် သတ်ထားအုန်းမှာတဲ့ တချို့ကလဲ .. တချို့ကလဲ .. တချို့ကလဲ .. ဒီလိုနဲ့ပဲ အာဏာရှင်ဘုန်းတခိုးအရှိန်အဝါတောက်ပြောင်ခဲ့တာ ဆယ်စုနှစ်များစွာ ချိုး(ဂျိုး) ကပ်နေခဲ့ပေါ့

  1. မောင်စုစည်း said... :

    သတ်နေတာလဲကြာပြီလေအခုမှမဟုတ်ဘူး မုဒိန်းကျင့်နေတာလဲကြာပြီလေ အခုမှမဟုတ်ဘူး အတင်းအဓ္ဓမပေါ်တာတွေလဲကြာပြီလေ အခုမှမဟုတ်ဘူး လူသားမိုင်းရှင်းကရိယာအဖြစ်တွေလဲ ကြာပြီလေ အခုမှမဟုတ်ဘူး ဒါတွေကို မီဒီယာတွေကတဆင့်ပုံစံအမျိုးမျိုးနဲ့ ကမ္ဘာ့သိအောင်ပြနေတာလဲကြာပြီလေအခုမှမဟုတ်ဘူး ကုလသမဂ္ဂအဖွဲ့ကြီးကို တိုင်တာတောတာတွေလဲများပြီလေ အခုမှမဟုတ်ဘူး သို့ပေသော်ငြားလဲ စစ်အာဏာရှင်တစုရဲ့ ဘုန်းရှိန်ရောင်ဝါတွေကတော့ ခုထိ တလက်လက်ပါပဲ အခုထိ ဘယ်သူကမှထိရောက်အောင် မတော်လှန်နိုင်ကြသေးဘူး ဒါဟာ အဖြေတခုထဲပါ စည်းလုံးညီညွတ်မှုမရှိကြလို့၊ ဗဟိုတခုထဲရဲ့အောက်မှာညီညွတ်စွာစုစည်းမတော်လှန်နိုင်ကြသေးလို့ပါပဲ

  1. Anonymous said... :

    Go Irrawddy go go go.Irrawaddy be good.Go quick.

  1. Anonymous said... :

    Butcher.Like father like son = like ThanShwe like Shit Lone

  1. Anonymous said... :

    Do you really know about this?

    Actually 2001 April event was done by a Tactical Commander under Mobile Command 16 from Kut Khaine.
    Commander of Mobile Command 16 is Myint Hlaing.
    He is not committed the events.

  1. Kyaw Zin said... :

    ဒီမှာ ကျွန်တော်ဟာ စစ်တပ်ရဲ့လူမဟုတ်ပါဘူး။
    ဒါပေမယ့် ပေးထားတဲ့ခေါင်းစဉ်။တင်ထားတဲ့ပုံတွေ။
    တော်တော်ကလေးကိုတော်ပါပေတယ်။
    ရီရတာအူတက်တော့မယ်။

  1. Anonymous said... :

    အစိုးရနဲ့ တည့်နေတုန်း ..... ဟိုပါမစ်တွေ၊ ဒီပါမစ်တွေ အစိုးရဆီကနေရနေတုန်းကတော့ ဘာအသံမှမထွက်ပါလား ကေအိုင်အေ တို့ရယ် ..... အဟက် ..

  1. Anonymous said... :

    Dear Kyaw Zin
    မင်းဘယ်သူ့လူပဲဖြစ်ဖြစ်၊ အသတ်ခံရတဲ့ကိစ္စ၊ တစ်နိုင်ငံတည်းသားအချင်းချင်း အစုလိုက်အပြုံလိုက်အသတ်ခံရတဲ့ကိစ္စကို မင်းကဘာဖြစ်လို့ရီချင်ရတာလဲ။
    ငါ့တော့နားမလည်းဘူး။

    နောက်ဆုံးသူရောဂါနှင့် သူဖာသာ သေတဲ့အသုဘတစ်ခုကိုတောင် ရီစရာအကြောင်းမရှိဘူး။ (သံဝေဂမယူတတ်ရင်တောင်မှ)

  1. Anonymous said... :

    ကျော်ဇင်ရေ
    ဘာလို့ရီချင်ရတာလဲ။ ရှင့်ပထွေးပါသွားလို့လား။ လူတွေအသတ်ခံရတာကို ရီတယ်ဆိုတော့ ............

  1. Anonymous said... :

    Respond to : Do you really know about this?

    Actually 2001 April event was done by a Tactical Commander under Mobile Command 16 from Kut Khaine.
    Commander of Mobile Command 16 is Myint Hlaing.
    He is not committed the events.

    အစုလိုက်အပြုံလိုက်သတ်ခံရမှုဟာ တစ်ခုထဲမဟုတ်ပါဘူး - တင်အောင်မြင့်ဦး (Shit်Lone၊ မြင့်လှိုင် နှစ်ဦးစလုံးလက်ထက်မှာ ဖြစ်ခဲ့တာပါ။ ဒီအဖြစ်အပျက်တွေ အမှန်တရားတွေကို ဘယ်တော့မှများ လူတွေသိမှာလဲလို့ စိတ်မကောင်းဖြစ်နေခဲ့တာ.. အခုလိုအဖြစ်အပျက်တွေကို တင်ပြပေးတဲ့ ဧရာဝတီကိုကျေးဇူးတင်ပါတယ်။

  1. Anonymous said... :

    သေနတ်ကိုင်ပြီး ပစ်ကြတာပဲ၊ သေမှာပေါ.၊ ခဲနဲ.ပေါက်တိုင်းကစားတာမှမဟုတ်တာ၊ comment ပေးတဲ.သူတစ်ချို.ကလည်း ကပေါက်တိ ကပေါက်ရှာ ဟာသာတွေပဲ..အဟက် အဟက်

  1. Anonymous said... :

    ဘယ်သူတေတေ ငတေမာ၇င်ပြီးရော . မင်းက ဘယ်သူထိလို့နာနေတာလဲ.စစ်သားလည်းမကောင်းဘူး .ကချင်သူပုန်လည်းမကောင်းဘူး မင်းတို့တိုင်းပြည်ကောင်းအောင်ဘယ်သူလုတ်လို့လဲ အားလုံး အခွန်တောင်းစားနေကြတာပဲ အားလုံး လူယုတ်မာတွေ

  1. admin said... :

    KIA ရဲ့ လုပ်ဆောင်ချက်တွေဟာ စာသတ်သူတွေရဲ့ လုပ်ဆောင်ချက်ပါ လေးစားပါတယ် အမှန်တကယ် safefire ကို လေးစားတန်းဖိုးတယ်ဆိုတာ ပြောစရာ မလိုပါဘူး အစိုးရလုပ်ချင်နေသူတွေ KIA စီမှာ စာသင်ယူဘို့ ကောင်းတယ်

  1. Anonymous said... :

    ဘာတွေပြောနေကြတာလဲဗျာ
    တယောက်တပေါက်နဲ့ တကယ်တော့ သူ့အကြောင်းအကျိုးနဲ့သူ ဖြစ်နေတာတွေပါ သူမကောင်းဘူး ကိုယ်မကောင်းဘူး ပြောမနေကြပါနဲ့

  1. Anonymous said... :

    မူဗီတွေကြည့်ရတာ။ အစိုးရစစ်သားတွေလည်းပါ
    ရဲ့ တကယ်လို့ အစိုးရတပ်သားတွေကျူးလွန်
    ခဲ့တာဆိုရင် အရေးယူပီးလောက်ပီထင်တယ်။
    ဘာလို့လဲဆိုတော့ လူတွေကိုဖော်ပေးနေတာ
    အစိုးရတပ်သားတွေပဲ။ ပီးတော့ တပ်မတော်
    အရာရှိကြီးတစ်ယောက်ကလည်း ခင်ဗျားတို့
    ကြိုက်သလိုလုပ်ပါတဲ့ ကေအိုင်အေ အရာရှိတစ်
    ယောက်ကိုပြောနေတယ်။ တိုက်ပွဲမှာ ကျတာ
    လည်းဖြစ်နိုင်တယ်။

  1. Anonymous said... :

    သောင်းကျန်းသူကို သတင်းပေးတဲ့ ရွာသားတွေ ရွာတွေကို စစ်တပ် ဘာလုပ်တယ် ညာလုပ်တယ် သတင်းတွေထွက်ပါတယ်.. စစ်တပ်ကို သတင်းပေးတဲ့ ရွာသားတွေ ရွာတွေဆိုတာတော့ ရှိကိုမရှိပါဘူး.. ဘာလို့လဲသိလား.. ရှိလို့ကို မရဘူး.. ရှိခွင့်ကို မပေးဘူး.. ပရမ်းပတာ အထောက်အညှာမရှိ ရမ်းချင်တိုင်းရမ်းမှုမှာ စစ်တပ်နဲ့ သောင်းကျန်းသူတွေ ဘယ်သူပိုဆိုးမယ်ဆိုတာ သောင်းကျန်းသူတွေ ကိုယ်တိုင်ကိုပဲ မေးကြည့်စမ်းပါလေ..

  1. Anonymous said... :

    စစ်သားအချင်းချင်းတိုက်ပွဲဖြစ်သေဆုံးတာတွေကိုရေးကြီး
    ခွင်ကျယ်လုပ်ပြီးပြနေတာ ဘာထူးမှာလဲ။ စာဖတ်သူတွေဟာ
    လူအ လူနတွေချည်းမဟုတ်ပါဘူး။
    ကလေးကလားတွေခြည်းတင်ပြမနေပါနဲ့။

  1. Anonymous said... :

    Australian citizen Htoo Htoo Han admits carrying out war crimes in Burma

    Read more: http://www.news.com.au/national/australian-citizen-htoo-htoo-han-admits-war-crimes-in-burma/story-e6frfkvr-1226096781429#ixzz1SQiC5UPI

  1. Unknown said... :

    တစ်တိုင်းပြည်လုံး အခုလည်းဒီလို ကျီးလန့်စာစားပြီးနေရမည့်တူတူ နောင် လာနောင်သားတွေကောင်းစားဖို့ အမိမြန်မာပြည်ကြီးကို တတိုင်းပြည်လုံး ရဲ ဆန္ဒကောက်ခံပြီး ကဗ္ဘာ့ ကုလသမ္မကရဲ့ အုပ်ချူပ်ခံ အဖြစ် ကဗ္ဘာလုံခြုံရေးတပ်တွေ မြန်မာပြည်ကို ဝင်ရောက်ရင် ကောင်းမယ်ထင်တယ်..........................အဲစစ်တပ်က တရားခံတွေ ဆွေးစဉ်းမျိုးဆက် တယောက်မှမချန် တရားစစ်ခုံရုံးတင် ...............ဟဟဟဟဟဟဟဟဟဟဟဟဟ သိပ်ကောင်း မြန်မာပြည်ကြီးက နေတိုးတပ်တွေ တပ်စွဲ စေ..................

  1. Anonymous said... :

    စိတ်မကောင်းစရာပါဘဲ အိမ်နီးချင်းနိုင်ငံတွေက လက်နက်ရောင်းချင်တော့ မြန်မာပြည်မှာ တိုက်ပွဲများများဖြစ်စေချင်မှာဘဲ မြန်မာပြည်က အဖိုးတန် သယံဇာတ တွေကိုလဲရ စီးပွားလည်းဖြစ်ပေါ့ ဒို့ မြန်မာပြည် ကတော့ တိုက်ပွဲဖြစ်တော့ အပြစ်မဲ့ ပြည်သူတွေလဲ ထိခိုက်သေကြေ စီးပွားတွေလဲပျက် တိုင်းရင်းသားတွေလဲ သေ စစ်သားတွေလဲသေ

  1. Anonymous said... :

    Anonymous says:
    July 18, 2011 2:57 AM
    မူဗီတွေကြည့်ရတာ။ အစိုးရစစ်သားတွေလည်းပါရဲ့ တကယ်လို့ အစိုးရတပ်သားတွေကျူးလွန်
    ခဲ့တာဆိုရင် အရေးယူပီးလောက်ပီထင်တယ်။ဘာလို့လဲဆိုတော့ လူတွေကိုဖော်ပေးနေတာ
    အစိုးရတပ်သားတွေပဲ။ ပီးတော့ တပ်မတော်အရာရှိကြီးတစ်ယောက်ကလည်း ခင်ဗျားတို့
    ကြိုက်သလိုလုပ်ပါတဲ့ ကေအိုင်အေ အရာရှိတစ်ယောက်ကိုပြောနေတယ်။ တိုက်ပွဲမှာ ကျတာ
    လည်းဖြစ်နိုင်တယ်။
    Anonymous says:
    July 18, 2011 9:57 AM
    စစ်သားအချင်းချင်းတိုက်ပွဲဖြစ်သေဆုံးတာတွေကိုရေးကြီးခွင်ကျယ်လုပ်ပြီးပြနေတာ ဘာထူးမှာလဲ။ စာဖတ်သူတွေဟာလူအ လူနတွေချည်းမဟုတ်ပါဘူး။ကလေးကလားတွေခြည်းတင်ပြမနေပါနဲ့။


    အခြေအနေအချိန်အခါကိုပြန်စဉ်းစားပြီးပြောကြပါဦး … မူဗီမှာပါတာက 2001 ခုနှစ် ဘယ်ကဘာတိုက်ပွဲမှမရှိဘူး။ အပစ်အခတ်ရပ်စဲငြိမ်းချမ်းရေးယူထားတဲ့ကာလမှာ ဖြစ်တာလေ.. အဲဒီကာလမှာဖြစ်လို့ မင်းတို့အဖေတွေ(စစ်ခွေးတွေ)က ဖုံးဖုံးဖိဖိလုပ်နေတာလေမူဗီမှာကြည့်ရင်တွေ့လိမ့်မယ် မျက်နှာငယ်လေးတွေနဲ့ … ကေအိုင်အိုဘက်က ငြိမ်းချမ်းရေးအပျက်ချင်လို့ သည်းခံနေခဲ့တာကွ။ ကွန်မင့်ပေးလို့ရတယ်ဆိုတိုင်းမစဉ်းစားဘဲ လျှောက်ရေးမနေနဲ့ … ဦးနှောက်လည်းသုံးဦး ကိုယ့်လူတို့…

  1. naing said... :

    ဘယ်သူသေသေ ဘယ်သူသတ်သတ် မြန်မာနိုင်ငံသားအားလုံးနဲ့ဆိုင် တာဘဲး မင်းဒို့ ဘာမှ့တိုင်ပြည်တီုးတက်ေ၇းအတွက် မလုပ်နိုင်၇င် ဘာမှ့ မဝေဖန်နဲ့ပေါ့ကွာ အဲ့ဒီလိုလေပေါ် ဝဲးတွေ ရှီ့လို့ ဘာမှ့ ဖြစ်မလာတာ

  1. Anonymous said... :

    လူသားချင်း မစာနာလို့တော့ မဟုတ်ပါဘူး။ ပြောချင်တာကတော့ နှစ်ဦးစလုံး မှားတာပါပဲ..ဘာလို့လဲဆိုတော့ အစိုးရအနေနဲ့လည်း ဒါတွေကို ပြီးဆုံးအောင် အကောင်အထည်ဖော် မပေးနိုင်ဘူး...ဆိုလိုတာက ခွချက်တွေများ တာပေါ့နော်..အေး အဲဒိလိုပဲ KIA နေနဲ့ကလည်း ဘာလို့ သူပုန်လုပ်နေတာလဲ..ဗိုလ်ချုပ် ဖြစ်စေ ချင်တာကရော ဒီလိုမျိုး အားလုံးသွေးကွဲနေဖို့လား.. မှန်ပါတယ်..တောခိုတဲ့ သူတွေအားလုံး တောင်းဆို သမျှသာ လုပ်ပေးရမယ်ဆိုရင် ကျွန်တော်တို့ ဗမာပြည်ဟာ လူမျိုးပေါင်း (၁၃၅)မျိုးရှိတဲ့အတွက် (၁၃၅)နိုင်ငံကွဲသွားမှာပါပဲ..အဲဒီလိုဖြစ်မယ်ဆို ရင်တော့ ကျွန်တော်တို့ ကျိုက်ထီးရိုး၊ ပုပ်ပါး၊ ပြည်ချစ်ဘုရား စတဲ့ တန်ခိုးကြီးဘုရားတွေ ဖူးဖို့အတွက် နိုင်ငံကူးလက်မှတ်တွေ ဆောင်ထား ရမှာပါပဲ။ အဓိကကတော့ လူကြီးတွေ အတ်တကြီးလို့ပါပဲ.. အာဏာယစ်မူးချင်တဲ့သူတွေ များလာလို့ပါ...ဒါဟာလည်း ဘယ်သူ့ကိုမှ အပြစ်ပြောလို့ မရဘူး.. ဘာလို့လဲဆိုတော့ လူတိုင်းဟာ အာဏာရူးတွေ ဖြစ်နေကြလို့ပဲ.. ခင်ဗျားကို ရာထူးပေးရင်လည်း ခင်ဗျားလည်း တနေ့နေ့တချိန်ချိန်မှာ ယစ်မူးလာမှာပါပဲ.. ကိုယ့်ကိုယ်ကို မျက်လုံးစုံမှိတ်ပြီး ငါတော့ အဲဒီထဲမှာ မပါဘူးလို့ မညင်းချင်ပါနဲ့... ဘာလို့လဲဆိုတော့ ခင်ဗျားဟာ ဘုရားဟောထားတဲ့ ပျက်ခေတ်ထဲက လူတစ်ယောက်ဖြစ်နေလို့ပါပဲ...အဲဒီတော့ ကျွန်တော်တို့ လူငယ်တွေ ဘာလုပ်ကြမလဲဆိုတော့ ကိုယ်လူကြီးဖြစ်ရင်ကော အဲဒီဟာတွေ ဆက်လုပ်ကြမှာလား...ခွင့်လွှတ်ပေးဖို့ ပြောနေတာ မဟုတ်ပါဘူး.. ကိုယ့်တာဝန် ကိုယ်သိတတ်ဖို့ပါ.. ကိုယ်ကိုယ်တိုင်အနေနဲ့ အမိနိုင်ငံအပေါ် ဘာတွေကျေပွန်စွာ ထမ်းရွက်ပြီးပြီလဲဆိုတာ... အဖြေရှာ ဆန်းစစ်ကြပါစို့....။

  1. Anonymous says:
    July 18, 2011 2:57 AM Reply

    မူဗီတွေကြည့်ရတာ။ အစိုးရစစ်သားတွေလည်းပါ
    ရဲ့ တကယ်လို့ အစိုးရတပ်သားတွေကျူးလွန်
    ခဲ့တာဆိုရင် အရေးယူပီးလောက်ပီထင်တယ်။
    ဘာလို့လဲဆိုတော့ လူတွေကိုဖော်ပေးနေတာ
    အစိုးရတပ်သားတွေပဲ။ ပီးတော့ တပ်မတော်
    အရာရှိကြီးတစ်ယောက်ကလည်း ခင်ဗျားတို့
    ကြိုက်သလိုလုပ်ပါတဲ့ ကေအိုင်အေ အရာရှိတစ်
    ယောက်ကိုပြောနေတယ်။ တိုက်ပွဲမှာ ကျတာ
    လည်းဖြစ်နိုင်တယ်။
    ---------------------------

    အမည်မဖော်လိုသူ အခြောက်ကြီး၊ မင်းဖအေမို့လို့ လိုက်ကာကွယ်ဖုံးဖိနေတာလား၊ တပ်မတော်တဲ့ ဟုတ်လား? ပြောရဲလိုက်တာ မတော်တရော်လုပ်တာမို့လို့ တပ်မတော် တပ်မတော်တရော်၊

  1. Anonymous said... :

    July 18, 2011 8:57 က Anonymous ရေ သမိုင်းကိုလည်းနည်းနည်းလောက် လေ့လာသင့်ပါတယ်။ လူတတ်ကြီးလုပ်ပြီးကလေးအတွေးနဲ့မရေးပါနဲ့။
    တိုင်းရင်းသားတွေ တော်လှန်ရေးဘာကြောင့်လုပ်တယ်
    ဆိုတာကိုပြန်လေ့လာပါအုံး။ မြန်မာပြည်ပျိုကွဲအောင်၊ မစည်းလုံးအောင်လုပ်နေတာ မြန်မာတပ်မတော်အစိုး
    ရပါ။တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံး တောင်း
    ဆိုနေတာတရားမျှတမူပါ၊ မဟုတ်တာတွေတောင်းဆိုေ
    နတာမဟုတ်ပါဘူး။ လူမျိုး ၁၃၅ ဆိုတာနိုင်ငံတာက က သံအမတ်တွေလာရင် အစိုးရအမြဲသုံးတဲ့လက်စွဲ ဆင်ခြေစကားလုံးပါ။ Democracy နိုင်ငံမှာ ဒီထက်မက များပြားတဲ့လူတွေ အခွင့်အရေးတူညီစွာ
    ရရှိပြီး အတူယှဉ်တွဲနေထိုင်ကြတယ်ဆိုတာ လူပြိန်း
    တောင်သိတယ်။ ခင်ဗျားပြောတဲ့ "အာဏာယစ်မူး" တဲ့သူဆိုတာ Democracy မရှိတဲ့နိုင်ငံမှာပဲရှိပါ
    လိမ့်မယ်။ နောက်ဆုံးတချက်အနေနဲ့ ခင်ဗျားပြောတဲ့
    "ကိုယ့်တာဝန် ကိုယ်သိတတ်ဖို့ပါ.. ကိုယ်ကိုယ်တိုင်အနေနဲ့ အမိနိုင်ငံအပေါ် ဘာတွေကျေပွန်စွာ ထမ်းရွက်ပြီးပြီလဲဆိုတာ... အဖြေရှာ ဆန်းစစ်ကြပါစို့...." ခင်ဗျားအနေနဲ့ ပြ
    သာနာအကြောင်းအရင်းတောင်မှ မသိသေးဘဲရှောက်
    ရေးနေတာ ဘယ်လိုလုပ်ပြီး အမိနိုင်ငံအကျိုးကို ထက်
    ထက်မျက်မျက်နဲ့ ဥာဏ်ရည်မှီစွာ ထမ်းဆောက်နှိင်မှာ
    လည်းဗျာ။

  1. သေနတ်နဲ့ ကာကွယ်လို့ရမယ်၊ တိုက်ခိုက်လို့ရမယ်၊ တည်ဆောက်လို့မရဘူး၊ စည်းရုံးလို့မရဘူး၊ ခြိမ်းခြောက်လို့ပဲရမယ်၊ မင်းတို့ အဲဒီသေနတ်တွေနဲ့ တည်ဆောက်မယ့်သူတွေရဲ့ ဦးနှောက်ဘယ်နှခုတောင် ဖျက်ဆီးခဲ့ပြီးပြီလဲ။ ဓါးပြလိုလို သေနတ်ပြ အုပ်ချုပ်မှုအောက်က လွှတ်ဖို့ဆိုရင်တော့၊ အကြမ်းမဖက် အော်နေလည်း တိရိစ္ဆာန်တွေက နားလည်မှမဟုတ်ဘူး၊ အော်မောင်းတဲ့သူက အော်နေတယ်၊ လက်နက်ကိုင်တော်လှန်တဲ့ သူက တော်လှန်နေတယ်၊ ရှုတ်ချတဲ့လေသံနဲ့ ဖော်လန်ဖား comment လာလာပေးနေတဲ့ ရုရှားက ဓါးပြလောင်းတွေ၊ေ-ာက်ပါးစပ်ပိတ်ထား။ တပ်မတော်ကာကွယ်ရေးတွေ၊ မြောင်းထဲရောက်နေတဲ့ ဂုဏ်သိက္ခာဆည်ရေးတွေက အင်တာနက်ပေါ်မှာ အလုပ်မဖြစ်ဘူး။ မင်းတို့ အဆဲခံရရုံကလွှဲပြီး အကောင်းမြင်ခံရဖို့ လမ်းက ဒီမှာမရှိဘူး။ ဓါတ်လှေကားစီးရင်သတိထား မင်းတို့အတွက် Ground Floor အောက်မှာ ပလပ်စတစ်ရောထားတဲ့ ဆီတွေနဲ့ အဝီစိစောင့်နေတယ်။

  1. Anonymous said... :

    KIA တဲ့ သောင်းကျန်းသူတွေဆိုတာ လူတိုင်းသိတယ်။ ဘာလူမျိုးကောင်းစားရေးလဲ ရထားလမ်းတွေမှာ မိုင်းထောင်၊ ရွာတွေမှာ စက်ကြေးတောင်း ဒါလူမျိုးကောင်းစားရေးလား။ တပ်မတော်ဆိုတာနဲ့ မကောင်းမြင်ဘို့ပဲ စဉ်းစားမနေနဲ့ ငါတို့နင်တို့ အေးအေးချမ်းချမ်းနေရအောင် ဆန်ကြမ်းနဲ့ ကျောက်ခဲရောထားတာကိုစားပြီး အသက်ပေးနေရတဲ့ ရဲဘော်တွေကို နည်းနည်းပါးပါး အားနာပါအုံး ငါနဲ့တော့ ဘာမှမဆိုင်ပါဘူး။ ဒါပေမယ့် သောင်းကျန်းသူတွေ ခေတ်ကောင်းမလားလို့ အလင်းဝင်မယ်ဆိုပြီး လိုချင်တာတွေစွတ်တောင်းတိုင်း ပေးရမှာလား။ ဆင်းရဲ စုတ်ပြတ်နေတဲ့ တပ်မတော်သား ရဲဘော်တွေရဲ့ဘ၀အတွက် နင်တို့ဘာလုပ်ပေးနိုင်လို့လဲ။ အဲယားကွန်နဲ့ ကွန်းမန့်ထိုင်ရေးနေနိုင်တဲ့ နင်တို့ကတော့ ဘယ်ကိုယ်ချင်းစာတရား ထားနိုင်ပါ့မလဲ။

  1. Anonymous said... :

    KIA ဆိုတာ သောင်းကျန်းသူပါ။ သောင်းကျန်းချင်တိုင်း သောင်းကျန်းခဲ့တာပါ။ လူမျိုးရေးဆိုပြီး ရထားလမ်းတွေမှာ မိုင်းထောင် ဗုံးခွဲ တံတားတွေ ဖျက်ဆီးခဲ့တာပါ။ သူတို့ရဲ့ တည်ဆောက်မှုတစ်ခုမှ မရှိခဲ့ဘဲ တည်ဆောက်ပြီးသားတွေကို ဖျက်ဆီး။ လူသတ်ခဲ့တဲ့ သူပုန်တွေကို မသတ်ဘဲ ခေါင်းပေါ်တင်ထားရမှာလား။ ကိုယ့်မိဘဆွေမျိုးတွေကို သတ်ရင်တော့ ဒီလိုပြောနေနိုင်ကြမှာမဟုတ်ပါဘူး။ အခုတော့ ကွန်ပျူတာရှေ့မှာ အေးဆေးထိုင်နေပြီး KIA ကို ခေါင်းပေါ်တင်ချင်ကြတာပေါ့။ တပ်မတော်ဆိုတာနဲ့ မကောင်းပြောချင်နေကြတာ ငါရီချင်တယ်။ ယောက်ျားလေးတိုင်းက စစ်သားတိုင်းကို မနာလိုဖြစ်ကြမှာပဲ။ ဒါသဘာဝပဲကို ကိုယ်မလုပ်နိုင်တဲ့ အလုပ်ကို လုပ်နိုင်တဲ့သူတွေကို အမြင်ကတ်ကြတာ သဘာဝပဲမဟုတ်လား။ ဒါပေမယ့် ရဲဘော်တွေဘ၀ကို စာနာကြည့်ဘူးလား ဆန်ကြမ်းကို ရေနဲ့ဖျော်ပြီး စားရတဲ့ဘ၀။ ရှေ့တန်းကပြန်လာလို့ မနားရသေးဘူး လမ်းဖောက်ဘို့ ဖက်ထိပ်လုပ်ရတဲ့ဘ၀။ ရထားလမ်းဖောက်ရင် လုပ်အားပေးရတဲ့ စစ်သားတွေက ရထားစီးတော့ အိမ်သာရှေ့မှာထိုင်ရတဲ့ဘ၀။ သူများတွေ အေးချမ်းဘို့ ကိုယ်တိုင်က နေပူမှာ ရပ်ရတဲ့ဘ၀။ အခုမှယူထားတဲ့ မိန်းမကို ထားခဲ့ပြီး ရှေ့တန်းမှာ သူပုန်တွေကို တိုက်ခိုက်ရင်း ပြတ်ရင် ပြတ်၊ မပြတ်ဘဲ သေသွားတဲ့ဘ၀တွေ ကိုယ်ချင်းစာဘူးကြလား။ သူတို့စားရတဲ့ ထမင်းနဲ့ ဟင်းမပါ အစာမျိုး စားဘူးကြလား။ ဆက်ပြောရင် အရှည်ကြီးပဲ သူတို့နားကို နည်းနည်းလေးလောက်ပဲ ကပ်ကြည့်ပါ။ သူပုန်တွေကိုကျတော့ သနားနိုင်ကြတဲ့သူတွေ ငါနားကိုမလည်တော့ဘူး။ သူတို့တွေက အခွင့်အရေးရမှာ အလင်းဝင်မှာ မရရင် ပြန်သောင်းကျန်းမှာ ဒီလိုလူတွေတောင်းတဲ့ အခွင့်အရေးတိုင်း လိုက်ပေးနေရမှာလား။ နည်းနည်းပါးပါး စဉ်းစားပေးကြပါအုံး။

  1. Anonymous said... :

    မှန်တာတွေရေးတော့ တင်မပေးတော့ဘူးလား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved