ထူးဆန်းသော ကြော်ငြာအား လက်တို့ခြင်း

Wednesday, July 6, 2011


တနေ့သ၌ ကျွန်ုပ်သည် နံနက်ခင်း လုပ်နေကျအတိုင်း ဓာတ်အွန်လိုင်းသို့ တက်ပြီးလျှင် သတင်းစာကို ဖတ်ရန် အားထုတ်သောငှာ သတင်းစာဓာတ်ဖိုင်ကို ဆွဲချ၏။ ဖတ်ရှု့ကြည့်ရာ အစိုးရမင်းများ၏ ယနေ့ သတင်းစာ၌ ထူးဆန်းသော အထက်ပါကြော်ငြာကို တွေ့ရှိလေ၏။

နအဖလက်ထက်တွင် ဆည်ကြီး ဘယ်နှခု၊ ရေအားလျှပ်စစ် စီမံကိန်း ဘယ်ရွေ့ဘယ်မျှဟု ကိန်းဂဏန်းဇယားချပြခဲ့သော်လည်း ယခု အစိုးရ မသစ်တသစ်က ကျေးလက်မီးမလင်းမှန်း သိရှိသွားဟန် တူပေသည်။

တကြိမ်၌လည်း နအဖ အစိုးရမင်းများသည် နွားသတ္တဝါကို ဆုံလည်၌ လှည့်စေခြင်းအားဖြင့် လျှပ်စစ်ထုတ်နည်းမဟာကို ဖော်ထုတ်ခဲ့ဖူးပြီ။ နိုဘယ်ဆုပေးအဖွဲ့က တီထွင်မှုကို လက်လှမ်း မမီ၍သာ ဆုမခြင်း ဖြစ်ပေတော့သည်။

မည်သို့ ရှိစေကာမူ ကျေးလက်ဒေသ မီးလင်းလိုလျှင် လာဆွေးနွေးရန် ဖိတ်ခေါ်ထား၏။ ဖိတ်ခေါ်သည့်ဌာနက လျှပ်စစ်ပေးသည့် ဌာန မဟုတ်မူ၍ အမှတ် ၂ စက်မှုဝန်ကြီးဌာန ဖြစ်သောကြောင့် သို့လောသို့လော စဉ်းစားရန် အကြောင်းပေါ်၏။ ၎င်းတို့ ကြော်ငြာအရ မီးလင်းရန် ဓာတ်ပစ္စည်း တခုခုရှိဟန်တူသည်ဟု ကျွန်ုပ်စဉ်းစားမိလေသည်။

ယခု စက်မှုဝန်ကြီးဌာနက ဘဝင်ကိုင်လျက် စီးပွားရေး ကုမ္ပဏီများကဲ့သို့ ဆက်သွယ်ကြရန် ကြော်ငြာထည့်ခြင်းအားဖြင့် ဘဝင်ကိုင်လောက်သော မဟာတွေ့ရှိမှုကြီးကို တွေ့ရှိထားပေလတ္တံ့ဟု ကျွန်ုပ်ကား များစွာ အထင်ကြီးလျှက် ရှိပေပြီ။

သို့စဉ်တိုင် တရုတ်ပြည် စိနတိုင်းမှ တပတ်ရစ် မီးစက်တွေ အော်ဒါရ၍ပေလော၊ သို့တည်းမဟုတ် လျှပ်စစ်မီးထွက်သည့်စက် အထူးတီထွင်အောင်မြင်ပေ၍လောဟု ဒွိဟဒွိဟ သံသယကလည်း ရှိရသေးသည် တမုံ့။

ထို့ကြောင့် မီးမလင်းသဖြင့် စိတ်ပျက်လျှက် ရှိကြသော မြန်မာပြည်သူပြည်သား အပေါင်းတို့သည် လိုင်းမဝင်သည့် ဖုန်း ဘိတ်ဆုံးဟု နှလုံးသွင်းကြသည်ဖြစ်၍ ပေးထားအပ်သော ဖုန်းနံပတ်များကို ခေါ်ဆိုသမှုပြုကြရန် အလျှင်အမြန် တိုက်တွန်းလိုက်ပေသည်။

9 comments :

  1. Anonymous said... :

    ဓါတ်ခက်ထန်လဲ ဓါတ်ကြော်ငြာကိုဘတ်ပြီး ဓါတ်အောင်သွားပြီ :P

  1. Anonymous said... :

    ရူးတူးပေါတော လျှောက်ရေးမနေနဲ့။ လျှပ်စစ်ဌာနက ဘယ်ဝန်ကြီးဌာနအောက်မှာလဲ အရင်စုံစမ်း။

  1. Anonymous said... :

    ရှေ့ကဖုံး၊နောက်ကပေါ်။အော်ဒုက္ခ......ဒုက္ခ....
    :D
    :D
    :D

  1. Anonymous said... :

    ဘယ်ဝန်ကြီးဌာနအောက်မှာပဲဖြစ်ဖြစ်ပါ အစိုးရလုပ်နေပြီး မီးလင်းအောင်လုပ်ပေးပါတော့လား ဟိုလူ့ခေါ် ဒီလူ့တိုင်ပင်နဲ့ လုပ်မယ့်အရေး

  1. Anonymous said... :

    ဟေ့ကောင်လျှောက်ရေးမနေနဲ့နော်။ငါ့ဓါတ်တိုင်ကိုလာမထိ နဲ့။လှုပ်လာရင် မင်းမလွယ်ဘူး။

  1. da di da said... :

    အော် ဓါတ်တွေ ဓါတိတွေ ဓါတ်သန်းရွှေနဲ့တွေ့သွားမှ ဓါတ်ပေဓါတ်ရေ ဖြစ်ကုန်ကြမယ် ။မယ်မ.ယ်ကိုင် အတွက်ျန်ထားကြဘာအုံး

  1. Anonymous said... :

    ငါ့ဓါတ်တိုင်လဲမထိနဲ့ လှုပ်ရင်ပိုက်ဆံကုန်လွန်းလို့

  1. Anonymous said... :

    ဘယ်ဝန်ကြီးဌာနအောက်မှမရှိဘူး နအဖ ဆဖွဲ.လုံး ကြိုင်ကြိုင်.ထမီအောက်မှာပဲရှိတယ်

  1. Anonymous said... :

    ရှက်လဲရှက်ပါတယ် ရှက်လဲမရှက်နိုင်ပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved