ရည်းစားဟောင်းအပေါ် စွဲထားတဲ့ အမှု ပန်းဖြူ ကျေအေး

Wednesday, July 6, 2011


ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ ဇော်ဝင်းရှိန်အား ကာမ လိမ်လည်မှုနဲ့ စွဲဆိုထားမှုကို ကျေအေးပေးလိုက်ပါပြီ။

ပန်းဖြူရဲ့ ရှေ့နေ ဦးယုတင်က “ပန်းဖြူကိုယ်တိုင် ရုပ်သိမ်းလွှာတင်တာပါ။ လျှော်ကြေးယူတယ်လို့တော့ မကြားပါဘူး။ သူ့သဘောထားနဲ့သူ ကျေအေးလိုက်တာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က တရားလို ပန်းဖြူမှ အမှုကျေအေး ရုပ်သိမ်းလွှာကို တာမွေမြို့နယ်၊ ခရိုင်တရားရုံးမှာ တင်ခဲ့ပါတယ်။

ပန်းဖြူအား ခွင့်လွှတ်နားလည်ပေးပါရန် ဇော်ဝင်းရှိန်က ကိုယ်တိုင် လာရောက် တောင်းပန်ခဲ့တဲ့အတွက် ယခုကဲ့သို့ ကျေအေးခဲ့တာ ဖြစ်တယ်လို့ တရားရုံးကို တင်ပြတဲ့ ရုပ်သိမ်းလွှာမှာ ဖော်ပြထားပါတယ်။

ပန်းဖြူရဲ့အမှုကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ရန်ကုန်တိုင်းတရားရုံးက ပယ်ချခဲ့လို့ ဗဟိုအထိ ဆက်တက်ခဲ့ပါတယ်။

ပုဒ်မ ၄၁၇ နဲ့ ဇော်ဝင်းရှိန်ကို ၂၀၀၉ ခုနှစ်က စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး အဲဒီ ဥပဒေ ပုဒ်မ ၄၁၇ က ငွေကြေး လိမ်လည်မှု၊ ပစ္စည်း လိမ်လည်မှုများ အပါအ၀င် ကာမလိမ်လည် မှုများနဲ့ သက်ဆိုင်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ဖြစ်ပါတယ်။ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တနှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံး ဖြစ်စေ ချမှတ် နိုင်ပါတယ်။

ပန်းဖြူနှင့် ဇော်ဝင်းရှိန်တို့မှာ ယခင်က သူငယ်ချင်းများ ဖြစ်ကြပြီး ၂၀၀၂ ခုနှစ်မှာ သမီးရည်းစားဘ၀သို့ ရောက်ရှိခဲ့ကာ အောင်မြင်မှုရမှသာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း၊ ၂၀၀၈ ခုနှစ် လက်ထပ်ဖို့ စီစဉ်ချိန်မှာ ပြဿနာဖြစ်ပြီး လမ်းခွဲခဲ့တာလို့ ပန်းဖြူကတော့ ပြောထားပါတယ်။

ပန်းဖြူက “အရိပ်” ရုပ်ရှင် ဇာတ်ကားနဲ့ ၁၉၉၇ မှာ အကယ်ဒမီ ရခဲ့ပါတယ်။

ဟိန်းသူ


9 comments :

  1. Anonymous said... :

    အရင်က နှစ်ဦးသဘောတူ လုပ်ချင်ရာ လုပ်ကြပြီးတော့ အဝေမတည့်မှ ပြဿနာ ထရှာတယ် ... ဟား ဟား

  1. Anonymous said... :

    bravo irrawaddy!
    other media group absent to report this interesting story of lovely pann phyu.

    she is unlucky.
    it's example for other ladies.

  1. Anonymous said... :

    ပန်းဖြူရယ်..မိုက်လိုက်တာ..အဲဒီ‌ကောင်မျိုးကိုဒီလိုနည်း
    နဲ့‌ကျေ‌အေး‌ပေးရသလား..တိုင်း‌သိပြည်သိ‌တ
    ရားစြွဲပီးမှ‌တော့..သူ့ဖက်ကလဲလူသိရှင်ကြားတရားဝင်သ
    တင်းစာက‌နေ‌တောင်းပန်ခိုင်းရမှာ...ဒါမှမှတ်မှာ‌ပေါ့..
    အင်း..မိန်းမ‌တွေ..မိန်းမ‌တွေ...ဒီလို‌ပျော့ညံ့မှု‌တွေ
    ‌ကြောင့်‌ယောက်ျား‌တွေဆီမှာအိမ်သာလိုသ‌ဘောထားခံ‌နေကြရတာဘဲ...။

  1. Anonymous said... :

    တစ်ကူပန်စုကမယ်ဆိုလို့  ကျေအေးလိုက်တာဖြစ်မယ်

  1. Anonymous said... :

    ဒီကောင်ရုပ်ကလဲ ပုံမလာပါဘူးအေ ပန်းဖြူကိုလဲ အံ့သြတယ် လူသိရှင်ကြား လုပ်ပြီးမှ ကျေအေးသတဲ့ ဘယ်သူဘဲ အရှက်ကွဲလဲ ဟိုကောင်ကလဲ ပန်းဖြူကိုတောင် ပစ်ပြီး ဘယ်လို မိန်းမမျိုးကို သွားယူတာပါလိမ့် ဒီကောင့် ယုတ်က မိန်းမကောင်းနဲ့  ရမဲ့ရုပ်လဲ မဟုတ်ပါဘူး

  1. Anonymous said... :

    အနဲဆုံးတော့ သတင်းစာထဲမှာ လူသိရှင်ကြား တောင်းပန်ခိုင်းသင့်ပါတယ်။ ဒါမှလည်း လူလိုသိတတ်မှာပါ။ ၀ဋ်ဆိုတာ အချိန်မကြာဘူး လည်တတ်တယ်ဆိုတာကိုတော့ ဒီဖွတ်ကြား နားလည်မှာပါ

  1. Anonymous said... :

    နောက်ဆုံးတော့ မိန်းမ ဟာ မိန်းမ ပါပဲ
    ပန်း က တော့ ပြန်မဖြူနိုင်တော့ဘူး

  1. Anonymous said... :

    ပန်းဖြူနဲ့ အဲ့အကောင်ကို
    ခိုင်လီ ကြက်ချဉ်စပ်ဆိုင်မှာ စတွေ့တုန်းက အတော်အံ့သြောတယ် . ပန်းဖြူက အနီရောင်ဘလောက်စ်နဲ့ စကဒ်ထမ် အနက်နဲ့ လှလိုက်တာမှုန်လို့ ဟိုအကောင်က တကယ့် တရုတ်လိုလည်းမဖြူပဲနဲ့ တရုတ်ဘိန်းစားရုပ် စုတ်ပြတ်နေတာပဲ . အဲ့အကောင်ကို ဘေးက လူတွေကိုတောင် ပန်းဖြူက ဂရုစိုက်တာမဟုတ်ဘူး နော် အဲ့အကောင်ခါးကို လိမ်လိုက် အတင်းလိုက်ကပ်လိုက်နဲ့ လုပ်နေတော့ အနေထိုင် မတတ်လိုက်တာလို့ ထင်လိုက်တယ်။ ရုပ်ကလေးနဲ့ အနေထိုင် အဲ့တုန်းက တခြားစီ.
    နောက် အဘိုးကြီး တစ်ယောက် စပွန်ဆာနဲ့ ပန်းဆိုးတန်းက စာအုပ်ဆိုင် တစ်ဆိုင်မှာလည်း လစဉ်စာအုပ်တွေ ကြိုက်သလောက် သွားယူတယ် . နောက် အဲ့အဘိုးကြီး ဦးခင်ညွန့်ပြုတ်တော့သူပါ ထွက်ပြေးရတဲ့ နောက်ပိုင်း ပန်းဖြူစာအုပ် လာမယူတော့ဘူး . ခုလည်း ဟိုအကောင်ကို ခွင့်လွတ်တာ အံ့ရောပဲ.

  1. Anonymous said... :

    ...သတင်းရေးတဲ့ ဘလော့ဖြစ်ပါစေ...အတင်းရေးတဲ့ ဘလော့ မဖြစ်ပါစေနဲ့..........

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved