ဝန်ကြီးချုပ် တိုင်ထောင်ခြင်း

Friday, July 29, 2011

"မင်္ဂလာအချိန်"မှာ ပန္နက်တင်နေတဲ့ ၀န်ကြီးချုပ်

ကြားရလား၊ ကြားရလား ဆိုတဲ့ ဒုက္ခနဲ့ နပမ်းလုံးနေသူတွေ အဆင်ပြေစေရေးအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် အစီအမံတွေ လုပ်နေပါပြီ။

တောင်ကြီး၊ အေးသာယာမြို့ GSM တိုင်ထူသတင်း ဒီနေ့ သတင်းစာများမှာ ထည့်လာပါတယ်။ ဒီဖြစ်ရပ်ဟာ ဟစ်တလာက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပူးပေါင်းလုပ်ဆောင်ရေးဆိုင်ရာ ပြောကြားချက် မှတ်တမ်းဗီဒီယို ပေါက်ကြားမှု ပေါ်ပေါက်အပြီး သတင်းစာထဲ ပါလာတာ ဖြစ်ပါတယ်။

ပေါက်ကြားတဲ့ဗီဒီယိုလင့် = http://www.irrawaddyblog.com/2011/07/blog-post_7733.html

မြန်မာ့ဆက်သွယ်ရေးရဲ့
ကြားရလား၊ ကြားရလား ပြဿနာဟာ နည်းပညာအားနည်းချက်ကြောင့် မဟုတ်ဘဲ အိုင်တီနတ်၊ အင်တာနတ် စတဲ့ သက်ဆိုင်ရာနတ်တို့ကို ပူဇော်ပသခြင်း မရှိတဲ့ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ချင်းမိုင်ရုက္ခစိုးက ပြောပါတယ်။

"အဲဒီ အမိုက်အမဲကြီးတွေကို သူတို့ရဲ့ ပျက်ကွက်မှုတွေအကြောင်း အိပ်မက်သွားပေးလိုက်ပြီးပြီ တဲ့။ ဒါကြောင့် ၀န်ကြီးချုပ်ကိုယ်တိုင် အစီအမံတွေနဲ့ လုပ်နေတာ ဖြစ်ပါလိမ့်မယ်၊ မဆိုးပါဘူး၊ လိမ်မာသားပဲ။ သူတို့ရဲ့အလုပ်တွေကိုဖျက်ပြီး တိုင်သွားထောင်နေကြပြီ" လို့ ဆိုပါတယ်။

1 comments :

  1. ခိုင်စုသွေး said... :

    ဘာဖြစ်လို့ မြန်မာပြည်သားတွေက အဆင့်အတန်းမရှိဘူးလို့ ပြောနေကြတာလဲ
    ပြောနေတဲ့ကောင်တွေက ဘယ်ကပြောနေတာလဲ လူကွလူ နားလည်ရဲ့လား မင်းတို့ေ၇ာ ပေါက်ကွဲဖို့ ကြောက်လို့ မပေါက်ကွဲရဲတာကို သူများကို ဘာလို့အပုပ်ချချင်တာလဲ အခုလိုဖြစ်တာ မင်းပထွေးတွေကြောင့်ဆိုတာ နားလည်ထား သိလား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved