ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာ

Thursday, July 28, 2011

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ။

အမျိုးသားခေါင်းဆောင်ကြီးနှင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများ မှီတင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ပေးလိုတဲ့စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန်လိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာ တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနူးအညွတ် တိုက်တွန်းပန်ကြားထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တရားဝင်လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကတော့ ဆက်သွယ်ရန်လမ်းကြောင်း မရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန်ထားပါတယ်။ ရယူလေ့လာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဦးအုန်းကြိုင်
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်



11 comments :

  1. မောင်သန့် ။ said... :

    အားကိုးယုံကြည်စွာ လုံးဝဥဿုံ ထောက်ခံအပ်ပါသည် ခင်ဗျား။

  1. Anonymous said... :

    မောင်သန့် ဘာတွေအားကိုး ဘာတွေယုံကြည် ဘာတွေထောက်ခံ တာလဲ ။ ဘာမှမဝေဖန် မဆန်းစစ် မတွေးတောဘူးလား

  1. မောင်သန့် ။ said... :

    အဓိက ကတော့ တိုင်းရင်းသားအားလုံးရဲ့  တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတာတွေ ကို အာမခံတဲ့ ပြည်ထောင်စုစစ်စစ် ဖွဲ့ စည်းပုံတရပ်ကို ပြည်သူအားလုံး ဒီမိုကရေစီနည်းကျ ပြဌာန်းအတည်ပြု အသက်ဝင်လာရေး က အန္တိမ ရည်မှန်းချက်ဖြစ်ပါတယ်။

    လောလောဆယ် မတော့ ၁။ ။ထိုးစစ်အားလုံးကို ပြည်သူတွေအပေါ် စေတနာမှန်ရင်၊တိုင်းပြည်ကို တကယ်ချစ်ရင် အစိုးရ က စတင်ရပ်ဆိုင်းပေးသင့်ပါတယ်။
    ၂။ ။နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ လွှတ်ပေးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မှာ ပါဝင်ခွင့်ပေးရပါမယ်။
    ၃။ ။အားလုံးပါဝင်တဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့ ဆွေးနွေးပွဲ တရပ် ကို အချိန်ဇယားနဲ့ တကွ ကျင်းပ သင့်ပါတယ်။

    အနှစ် ၆၀ ကျော် ပြည်တွင်းစစ် ကြောင့် စစ်အာဏာရှင်အဆက်ဆက် ကြီးစိုးလာခဲ့တာ
    ယနေ့ တိုင်းပြည် ဘယ်အဆင့်ရောက်နေပြီ ဆိုတာ အားလုံး ရင်နာစွာ သိနေလောက်ပါပီ။

  1. မောင်သန့် ။ said... :

    အပေါ် က အမျိုးအမည် မဖော်ပြတဲ့ ပုဂ္ဂိုလ် ၇ဲ့  ဝေဖန်ဆန်းစစ်ချက်လေး လဲ ကြားပရစေ ဆြာ။

  1. Anonymous said... :

    ko maung thant, pls let him go. i do not think he has his own opinion. that's why he requested yours. he he.

  1. Anonymous said... :

    http://www.scribd.com/doc/61253367/CIC-MAH-Rqst-NPT-to-Arrest-DASSK-on-Communicating-With-Unlawful-Orgz-KNU-and-Others-2

  1. မောင်သန့် ။ said... :

    SD မကျ၊ဘာမကျ ဂလို ဟာမျိုးတွေ တွေ့ နေရတာများနေပေါ့။

    အိတ်ဖွင့်ပေးစာ--ဆိုတဲ့ အဓိပ္ပါယ် ကို အယင်သိအောင် ကြိုးစားသင်ယူလိုက်ပါဦး အမျိုးအမည်မသိJuly 30, 2011 5:42 PM သူလေးရေ။ နော်။

  1. Anonymous said... :

    ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ကြည်နဲ့တွေ့ပြီးနောက် ဒီလိုပြောလာတယ်ဆိုတော့ စဉ်းစားစရာဘဲ.... ဒီစစ်ပွဲတွေကို သေချာ ဆန်းစစ်ရင်... တိုင်းရင်းသားတွေက အစိုးရကလာမတိုက်၇င် သူတို့ကတော့အေးဆေးနေကြတာဘဲ အစိုးရက အရင်လာတိုက်လို့ ပြန်တိုက်တာလေ ပြီးတော့ အခုက တိုင်း၇င်းသားနယ်မြေထဲမှာ အစိုး၇တပ်တွေ အင်အားဖြည့် တပ်စွဲ မဟုတ်တာတွေလုပ်နေတယ်လေ ဆိုတော့ တိုင်း၇င်းသားတွေက ဘယ်လိုအပစ်ခတ်၇ပ်လို့ရမလဲ လက်နက်ချပြီး အကုန်လုံးအသေခံဖို့ဘဲ ရှိတာပေါ့(မယုံတဲ့လူရှိ၇င်တော့ ကိုယ်တိုင်သွားခံကြည့်ပေါ့)... ဆိုတော့ ဒါလိုအပစ်ရပ်ဖို့ဆိုတာ တိုင်း၇င်းသားတွေကတော့ လုပ်ချင်မှာဘဲ ဒါပေမဲ့ မဖြစ်နိုင်ဘူး အစိုး၇ဘက်ကဘဲ လက်ရှိဖြစ်နေတဲ့ တိုင်းရင်းသားနယ်မြေတွေက အခြေအနေတွေကို ရုပ်ပြီး ဖြစ်နိုင်ချေ၇ှိတဲ့၊ တိုင်းရင်းသားတွေယုံကြည်လောက်တဲ့ အပစ်၇ပ်ကို ဖန်တီးသင့်တာပါ... ဆိုတော့ မယုံရင်အစိုးရ တပ်တွေကို တိုင်း၇င်းသားအဖွဲ့အစည်းတွေ တောင်းဆိုထားသလို တပ်တွေရုပ်ပြီး အပစ်ရပ်ခေါ်ကြည့်ပါလား.. တိုင်းရင်းသားဘက်က လက်မခံစရာ အကြောင်းမရှိဘူး..
    ဆိုတော့ .. ဒေါ်အောင်ဆန်းစုကြည်က တိုင်း၇င်းသားတွေကို ဒီလိုပြောသင့်သလား အစိုး၇ကိုဘဲပြောသင့်သလား... တိုင်း၇င်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားကြတာ မှန်တယ် ဒါကိုအစိုး၇သိလို့ ဒေါ်အောင်ဆန်းစုကြည်က ပြော၇င် သူတို့နားထောင်မယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကိုပြောခိုင်း(အသုံးချ)တာလား ဘာဖြစ်လို့လဲ ဆိုတော့ ဦးအောင်ကြည်နဲ့တွေ့ပြီးမှ ဒေါ်အောင်ဆန်းစုကြည်က အဓိက တိုင်း၇င်းသားတွေကို ပစ်မှတ်ထားပြိးဒိလိုပြောလာတာ.. ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရက ခိုင်းတိုင်း ကြိုးဆွဲတဲ့အတိုင်းကမဲ့သူ။ အစိုးရကို ပြောခိုင်းတဲ့အတိုင်းမလုပ်ရင် ထောင်ကျရမှာ ကြောက်တတ်တဲ့ လူမျိုးမဟုတ်ဘူးဆိုတာ ယုံကြည်ပြီးသားပါ.. ဒါပေမဲ့ ဒီအိပ်ဖွင့်ပေးစာကတော့ တိုင်း၇င်းသားတစ်ယောက်အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောတာ ကသိကအောက်ခံစား၇တယ်...
    ~~~~တိုင်း၇င်းသားထဲက ပြည်သူတစ်ယောက်~~~~

  1. မောင်ကောင်း said... :

    ထားလိုက်ပါဦးမောင်သန့်ခင်ဗျာ၊ သူတို့လေးတွေမှန်းကြည့်ရသလောက်တော့ ၁၉၈၈ အရေးတော်ပုံမှာတောင် ဝမ်းအားမှောက်ခါစ လေးလောက်ပဲရှိမယ်ထင်ပါတယ်၊ အခုအရွယ်မတော့ အာဏာရှင်တစုက သေချာကျကျနန ဘရိန်းဝပ်ခ်ျလုပ်ထားခံရပြီး ကန့်လန့်သွားဖို့ပိုစိတ်သန်သူလေးတွေဖြစ်ပါလိမ့်မယ်၊ သေချာ ချက်နဲ့ ချက်နဲ့ ပြောကြဆွေးနွေးကြစတမ်းဟေ့ ဆိုရင် အထက်လူကြီးပိုင်းကလဲ ဆွေးနွေးနိုင်လောက်အောင်အနေအထားအထိ ခွင့်မပြုထားဘူးနဲ့တူပါတယ်ဗျာ။ နေရာတကာလိုလိုပဲ ဝက်ပေ့ခ်ျတော်တော်များများမှာလဲ ဒီလိုကလေးတွေက လိုက် ခလောက်ဆန်နေကြတာပါပဲ။ ထည့်ပြောမနေပါနဲ့တော့ဗျာ။

  1. မောင်သန့် ။ said... :

    ကိုမောင်ကောင်း ရေ။
    ဘောလုံးပွဲ ဂယက်ဆိုး ကြီးတွေကြား က ပေးတဲ့အကြံညာဏ် ကို လေးစားစွာ appreciate လုပ်ပါတယ်။
    ပြည်တွင်းစစ် အနိဋ္ဌာရုံ ကို ကိုယ်တွေ့  ခံစားခဲ့ဘူးလို့  စစ်မှန်သောငြိမ်းချမ်းရေး ဆိုတာ ကို မက်မက်စက်စက် လိုချင်နေမိတာပါဗျာ။
    ဒါကြောင့် ၀င်ပြောနေမိတာပါ။
    အဖေ ထက် သား တော်ရမယ်၊ ဆရာထက် တပည့် တော်ရမယ်။ လူကြီးတွေ ထက် လူငယ်တွေ တော်ရမယ် ။ဒါမှ သမိုင်း ဟာ ရှေ့ ကို တိုးတက်မှာပေါ့။
    ဒါမှလဲ လှည်း ကနေ ကားဖြစ်လာမှာပေါ့။
    ဒါကြောင့် သူတို့ လေးတွေ ဘယ်လိုဘဲ ဦးဏှောက် အလျှော်အဖွတ် ခံထားရပစေ။ ကျနော် ပြောနေမိမှာပါဘဲ။

  1. မောင်သန့် ။ said... :

    တရားဥပဒေ အပေါ်မှာ ဘယ်သူမှ မရှိဘူး ဆိုတဲ့ ဗိုလ်ရွှေမန်းတို .ဘာတို့ လဲ ပြောဘူးခဲ့ပါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုအောင်ကြည် ဆွေးနွေးတယ်ဆိုတဲ့အထဲလဲ ပါပါရဲ့ ။
    တကယ်ဘဲ လေးစားကြရင် နိုင်ငံရေးအကျဉ်းသား အမှု တွေဟာ အမှန်ဘဲ ဥပဒေ နဲ့  ညီလား။ In camera စစ်ဖို့  မလိုတဲ့အမှုတွေ၊တရားပြိုင်ရှေ့ နေတောင် ၀င်ခွင့်မရတဲ့ တရားရုံးတွေ အကြောင်း ကို လူငယ်တွေ သိစေချင်ပါတယ်။
    ဟိုဘက်၊ဒီဘက်မဟုတ်ပါဘူး။ လူငယ်တွေအားလုံးပါ။
    ကိုမောင်ကောင်း ကို လေးစားစွာ ဆက်ရေးနေမိတာပါဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved