နာဂစ်ဖွဲ့စည်းပုံဟာ အမေရိကန်စတိုင်တဲ့လား

Monday, July 18, 2011


ရန်ကုန်မြို့ ဗေဒါသင်တန်းကျောင်း တာဝန်ခံ မျိုးရန်နောင်သိန်းရဲ့ RFA အသံလွှင့်ဆောင်းပါး ဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေဟာ အမေရိကန်ပုံစံဖြစ်တယ်လို့ လူငယ်တချို့က ယူဆနေတာကြောင့် သူ စိတ်မကောင်း ဖြစ်ရပါတယ် တဲ့။ ဘာကြောင့် စိတ်မကောင်း ဖြစ်ရသလဲ နားဆင်ကြည့်ပါအုံး။

8 comments :

  1. လူငယ်ကွန်ယက်အဖွဲ့ဝင်တဦး (သံလျင်သား) said... :

    ဧရာဝတီရေ။
    Burma's မှာ သူ့နံမည်တပ်တယ် ဆို ကတည်းက ကြော်ငြာ ထိုး နိုင်ငံရေးလုပ်နေ သူဆိုတာပေါ်လွင် တယ်။ RFA နဲ့ မျိုးရန်နောင် သိန်း နဲ့ လိုက်ဖက်နေကြ တယ် ထင်ရဲ့ ။ RFA နဲ့ ဧရာဝတီကို စဉ်းစားမရတဲ့ အချက်က မျိုးရန် နောင်သိန်းကိုပွဲ ထုတ်ပေးနေ တာပဲ။ ဆောင်းပါး ပြောကြားချက်တွေဟာ
    ဒေါက်တာနေ၀င်းမောင်ရဲ့ ပို့ချချက်ကို ပြန်တုန့်ပြန်ထားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တဦးရဲ့ အချက်အလက်တွေဆိုတာ သိရပါတယ်။ ခက်သားနော်။ မျိုးရန်နောင်သိန်း ဘယ်လိုလူလဲ သိနေကြသူတွေက ဧရာဝတီ နဲ့ RFA ကို စိတ်မကောင်းဖြစ်မိကြပါရဲ့၊။။။

    လူငယ်ကွန်ယက်အဖွဲ့ဝင်တဦး ( မျိုးရန်နောင်သိန်း ကို အသိအမှတ်မပြုသူများ)

  1. Anonymous said... :

    လူငယ်ကွန်၇က်အဖွဲ့ ဝင်ပြောသလိုဆို၇င် -
    irrawaddy blog က သန်းရွှေ ပူံလဲ တင်တာပဲ။
    ဒါဆို သိန်းရွှေကိုလဲ ပွဲထူတ်တာဘဲထင်တယ်။ ဟိ။

  1. Anonymous said... :

    why the hell irrawaddy post what myo yan naung thein said?? we're not interested in this person.

  1. ကျော်ထင် said... :

    ကိုယ့်လူတို့ မျိုးရန်နောင်သိန်း ပြောသွားတဲ့အထဲမှာ ဘာများမှားတာပါတုံး။ ခင်ဗျားတို့က ထုံးစံအတိုင်း သူပြောတဲ့ အကြောင်းအရာမှားတာမှန်းတာ ဝေဖန်တာမဟုတ်ပဲ သူ့ကိုဘလိုင်းကြီးဝေဖန်နေတာပဲ။ မျိုးရန်နောင်သိန်းဘယ်လိုလူဆိုတာတော့ မသိဘူး သူပြောသွားတာတော့ လူငယ်တွေကို မှိုင်းတိုက်ပေးနေတဲ့ Egress ရဲ့ သင်ကြားချက်တွေကို ထောက်ပြတာဖြစ်တဲ့အတွက် ကျုပ်တော့ သဘောကျတယ်

  1. ပြည့်ဖြိုး( ရန်ကုန်) said... :

    ကဲ ဧရာဝတီရေ။ မျိုးရန်နောင်သိန်းဟာ အခု ဧရာဝတီမှာ တင်ထားတဲ့ ထူးထူးဟန်လိုလူပါပဲ။ မျိုးရန်နောင်သိန်းရဲ့မျိုးရိုးက စပြောမယ်။အဖေ က မဆလ လှည်းတန်းမြို့နယ်ပါတီယူနစ်ကော်မတီဝင်၊ အမေက ဘတ်ဂျက်ရုံးက ညွှန်မှူး၊ ၈၈ ပြီးတော့ အဖေကို စစ်အစိုးရ က လုပ်ငန်းတွေချပေးခဲ့တယ်။ အဲဒီကနေပြီးစီးပွားရေးလုပ်ငန်းတွေအောင်မြင်လာပြီး။ သူဟာ ယခင်ကလဲ စစ်ထောက်လှမ်းရေးတွေနဲ့ အဆက်အသွယ်လုပ်နေသူ၊ အခုလဲ ရဲသတင်းတပ်ဖွဲ့တွေနဲ့ပေါင်းနေသူ၊ ဒေါ်စုနံမည်သုံးပြီး
    ဗေဒါ ကျောင်းလုပ်တယ်။ နံမည်မွေးပြီး လူငယ်တွေ အတွက် လုပ်ပေးနေသလိုနဲ့ တကယ်က လျှို့ဝှက်ထောက်လှမ်းရေး အကြီးစားတယောက်ဆိုတာ သံသယဖြစ်နေကြသူတွေ မြန်မာနိုင်ငံနိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ဖြစ်နေတာ ကြာပြီ။ ဒါကို ဧရာဝတီက ဘာအတွေးနဲ့များ တင်လိုက်တယ်မသိရပါလား။ ဧရာဝတီရေ သတိလေးထားပါအုံးနော်။ ဧရာဝတီကို အထင်ကြီးလေးစားနေတာတွေ လွင့်ထွက်ကုန်မယ်ရှင့်။

  1. Norman said... :

    Irrawaddy is right, they are just doing what they suppose to do. We should watch him and monitor him closely if what your guy said is truth. We should not keep him low profile. The more people know what he do is the better. Isn't it right?

  1. အမှန်အကန်ပြည်တွင်းလူငယ်ကွန်ရက်အဖွဲ့ဝင် said... :

    ပုလင်းတူဘူးစို့ egress အဖွဲ့သားတွေပဲထင်ပါရဲ့ရှင်၊ ကိုမျိုးရန်နောင်သိန်းအနေနဲ့တိုင်းပြည်အတွက်ဘယ်လောက်ပေးဆပ်ရလဲဆိုတာအခုကိုယ်တိုင်လဲမလုပ်၊ပြောလဲမပြောရဲပဲထိုင်ပီးမနာလိုသပုတ်လေလွင့်ပြောနေကျသူတွေရှင့်၊လက်တွေ့တခုလောက်လုပ်ပြ၊ပြောပြကျပါအုန်းနော်၊ ကိုမျိုးရန်နောင်သိန်းကအမှန်ပြောတော့ တော်တော် နာကျတာပေါ့၊ egress လူငယ်ကွန်ရက်လား၊ကြံဖွံရဲ့လူငယ်ကွန်ရက်လားမသိဘူး၊ပြောင်းပြန်တွေပြောနေကျပါလားနော်။ မနာလိုတာတွေထားပီးသူ့လိုပြောရဲတဲ့သတ္တိရှိလားအရင်မေးကြည့်ကျပါအုန်းနော် (အမှန်အကန်ပြည်တွင်းလူငယ်ကွန်ရက်အဖွဲ့ဝင်)

  1. ကောင်းထက်ပိုင် said... :

    ဒီနေရာမှာတစ်ခုပဲပြောဖို.လိုမယ်ထင်ပါတယ်
    ကျွန်တော်ကကိုမျိုးရန်နောင်သိန်းနဲ.အတူတကွအလုပ်လုပ်ဘူးတဲ့သူ.အကြောင်းကိုလဲများသောအားဖြင့်သိနေသူတစ်
    ယောက်ပါ.သူဟာတွေ.ဘူးသမျှနိုင်ငံရေးသမားထဲမှာ
    ကိုယ်ကျိုးကိုမငဲ့ဆုံးလူတစ်ယောက်ပါ.စကားပြောပြတ်သူ
    အလုပ်ကလွဲပြီးဘာကိုမှတန်ဖိုးမထားသူ
    နိုင်ငံရေးကိုအသက်လောက်တန်ဖိုးထားသူပါ.
    ချမ်းသာနေပါရဲ့နိုင်ငံရေးကျောင်းလေးမှာအနစ်နာခံပြီးနေထိုင်နေသူတစ်ယောက်ပါ ..မိတ်ဆွေတို.သေချာပေါင်းကြည့်ကြပါဦးလေ
    နောက်တစ်ချက်ကမြန်မာနိုင်ငံမှာအပြောင်းလဲတွေကို
    မျှော်လင့်နေကြတယ်လေဒါပေမယ့်မိတ်ဆွေတို.လို
    နှစ်ပဲတစ်ပြားကိုမျှော်ပြီးလုပ်နေကြတဲ့ဖားယားနေသူတွေ
    ကတော့ကိုမျိုးဟာလူဆိုးဖြစ်ချင်ဖြစ်နေမှာပါ
    ဒါပေမယ့်မိတ်ဆွေ နယ်စွန်ခေါင်ဖျားကတောမှာနေ
    ဘာမှမသိတဲ့ကလေးတွေကို နိုင်ငံရေးအသိတွေသင်ပေး
    နေတာနိုင်ငံအတွက်တော့လူကောင်းပါဗျနော
    မြန်မာနိုင်ငံကျန်းမာပါစေ
    ကိုမျိုးကျန်းမာပါစေ
    မိတ်ဆွေတို.တော့မြန်မြန်သာ (.......)တော့ဗျာ


    RFA မှာကိုမျိုးအသံမကြားရတာကြာသွားပါပြီဘာလို.ပါ
    လိမ့်နော်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved