ထူးထူးဟန် နာမည်ကြီးပြီ

Monday, July 18, 2011

လူ ၁၀၀ ကျော်ကို သတ်ခဲ့တယ် ဆိုတဲ့ ကိုထူးထူးဟန် (ဓာတ်ပုံ - AAP သတင်းဌာန)

သြစတေးလျရောက် ကိုထူးထူးဟန် ဒီနေ့ကစပြီး နာမည်ကြီးလာပါပြီ။
သူက မြန်မာပြည်မှာ လူအယောက် ၁၀၀ ၀န်းကျင်ကို သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ သတင်းတပုဒ်ကို သြစတေးလျ သတင်းဌာနတွေမှာ ဖော်ပြနေကြလို့ နာမည်ကြီးလာတာပါ။

သူပြောတာတွေကို သတင်းလုပ်ရေးထားတာ smh.com.au မှာ ဖတ်နိုင်ပါတယ်။

၁၉၈၇ နဲ့ ၁၉၉၂ ကြားထဲမှာ မြန်မာစစ်ထောက်လှမ်းရေးရဲ့ လျှို့ဝှက် အဖွဲ့ဝင် တာဝန် ယူခဲ့တယ် ဆိုပဲ။ အသက် ၄၄ ရှိပါပြီတဲ့။ ၂၁ နှစ်အရွယ်မှာ စစ်ထောက်လှမ်းရေးထဲရောက်တယ် ဆိုတဲ့ သဘောပေါ့။

သြစတေးလျမှာ ခိုလှုံခွင့်ရပြီး နိုင်ငံသားဖြစ်နေပါပြီ တဲ့။

ဧရာဝတီက စုံစမ်းကြည့်တော့ သူက နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ထောင်ထဲမှာ ယင်ကောင် အကောင် ၁၀၀ လောက် သတ်ခဲ့တာကို သတင်းထောက်က နားကြားလွဲသွားပြီး
လူ ၁၀၀ လောက် သတ်ခဲ့တယ်လို့ ထင်သွားဟန်တူတယ်လို့ ဆိုပါတယ်။

သူ့ Face Book မှာတော့ သူဟာ ပန်းချီဆရာဖြစ်တယ်လို့ ရေးထားပါတယ်။
http://www.acrogallery.com.au/ မှာလည်း သူ့လက်ရာတွေကို တွေ့ရမှာပါ။

19 comments :

  1. ထူးထူးဟန်ကAAPသတင်းဌာနကိုဒီအချိန်မှထုတ်ဖော်ပြောဆိုတာဘာကြောင့်လဲစိတ်ဝင်စားစရာတော့ကောင်းတယ်။သူထိုင်းနိုင်ငံမှာနေတုံးကမြန်သံရုံးနဲ့အဆက်အသွယ်လုပ်ဝင်ချည်ထွက်ချည်လုပ်နေတာကျနော်ကိုယ်တိုင်သူ့ကိုသံသယဖြစ်ဘူးတယ်။ထူးထူးဟန်ထိုင်းမှာနေတုံးကစစ်ထောက်လှမ်းရေးနဲ့ပေါင်းပြီးတခုခုများလုပ်နေသလားဆိုတာ
    လူတိုင်းကလည်းသံသယဖြစ်ကြတယ်။နောက်သူ့ညီတယောက်ရှိသေးတယ်ထက်ထက်ဟန်ဆိုတာသူတို့ညီအကိုနှစ်ယောက်လုံးဘန်ကောက်မှာပျောက်သွားလိုက်ပြန်ပေါ်လာလိုက်။ထူးထူးဟန်အသက်၄၄နှစ်ဆိုတာဖြစ်နိုင်ချေမရှိပါ။
    လူနိုင်

  1. Anonymous said... :

    How did he become a refugee in Australia?very interesting story !

  1. Anonymous said... :

    He is just a fruit cake

  1. Anonymous said... :

    He likes to create stunts....remember when he was involved in a documentary in 2003 and met with Kevin Rudd.

    He is married to a Thai lady and he likes to go to Casinos in Brisbane....

  1. Anonymous said... :

    ဟားဟား ။ ထူးထူးဟန် ၊ ထက်ထက်ဟန် ၊ ဆန်နီဟန် ။
    သူက လူအယောက်တစ်ရာကျော်သတ်ခဲ့သတဲ့လား ဟားဟား။ အင်ဖော်မာဖြစ်တာကတော့သိကြပါတယ်။
    လူကိုဘယ်လိုသတ်ခဲ့လဲထူးထူးဟန် ။ ကလိထိုးသတ်ခဲ့တာလား ။ သတ်ခဲ့တယ်ဆိုလဲကောင်းတာပေါ့ အဲဒီကောင်တွေကို ပြန်သတ်လိုက်ကြပေါ့ အော်ဇီက ရဲရဲတောက်တွေ တာဝန်ယူပေါ့။

  1. Anonymous said... :

    လူ ၁၀၀ ကို ဘယ်လိုသတ်လဲ...အဲဒီလောက်လွယ် သလား...အရူးပဲဖြစ်ရမယ်..ယင်ကောင် ၁၀၀ တောင် ရ အောင်သတ်နိုင်မယ့်ရုပ်မဟုတ်ဘူး..

  1. charlie said... :

    သူ့တို့အကိုဆန်နီဟန်ဆိုတာရှိပါသေးတယ်၊သူတို့ကို
    ထိုင်းမှာထဲကလူတွေမယုံကြတာကတော့သေချာပါ
    သည်၊သူ့အသက်သတော့၄၀ပါတ်ဝန်းကျင်ဖြစ်နီုင်ပါတယ်၊

  1. Anonymous said... :

    http://www.straitstimes.com/BreakingNews/World/Story/STIStory_691940.html

    Jul 18, 2011
    Australia police to assess Myanmar war crime claim

    SYDNEY - THE Australian government said on Monday it would refer claims from a Myanmar refugee that he had committed war crimes in his former homeland, including carrying out 24 executions, to the federal police.

    In a report carried by the Australian news agency AAP, the man said he had been an undercover military intelligence officer in Myanmar, formerly known as Burma, from 1987 to 1992.

    He said had shot 24 people in the back of the head during the 1988 anti-government uprising and, as leader of a group which infiltrated the student movement to target and kill protesters, was also implicated in at least 100 further killings.

    'I did it, I am a war criminal,' he said.

    'For so long I have lived like an animal.

    'Now I want to release what I carry inside for 20 years. I want to say sorry to the mothers and fathers of the people I killed.' -- AFP

  1. ဒီလောက် အန္တရာယ်များတဲ့ ၀န်ခံချက်ကို ကျနော်သာဆိုရင် ဘယ်တော့မှမပြောပါ။ အနည်းဆုံး အလုပ်ရှုပ်တယ်။ ရဲတို့ တရားရုံးတို့နဲ့ စကားပြောရတာ အရမ်းအလုပ်ရှုပ်တယ်။ Centerlink ပိုက်ဆံပြီး သြစီဝိုင်တစ်ခွက်နဲ့ ဘာဘီကျူစားပြီး ဇိမ်ပဲခံမယ်။ ဒီလိုမျိုး ပေါက်တကရတော့မပြော။ နာမည်ကြီးချင်ရင် တခြားနည်းလမ်းရှိပါတယ်။ နောက်ပြီး ကိုထူးထူးဟန် ဂေါက်တာဆိုရင်တော့ မတက်နိုင်။ သြစီမှာ တချို့ သော ၈၈-ကလူတွေ မုန့် ရှုလိုက်၊ ဂလုလိုက်နဲ့ ကျွန်းကြောင်တာဖြစ်ကုန်တယ်။ ဒါပေမဲ့ ကိုထူးထူးဟန်ကတော့ ဖြစ်ပုံမပေါ်ပါဘူး။ သြစတျေးလျမှာ မြန်မာထောက်လှမ်းရေးတွေ တစ်ပုံကြီးရှိတယ်လို့ ကိုထူးထူးဟန်ပြောပါတယ်။ သူပြောသလို ထောက်လှမ်းရေးဟောင်းအရှိတွေရဲ့ သားတွေသမီးတွေလည်း ပြောတာကို တွေ့ဘူးပါတယ်။ မယုံမရှိနဲ့။ အိမ်ရှေ့ ကိုလာပြီး သေနတ်နဲ့ တေ့ ပစ်သွားနိုင်တယ်။ ကျနော် စစ်ထောက်လှမ်းရေးတစ်ဦးနဲ့ တစ်ရုံးတည်းနေဘူးပါတယ်။ မဲ့ဆောက်က ရုံးမှာပါ။ သူစစ်ထောက်လှမ်းရေးဆိုတာ မသိခဲ့ပါ။ ဒီလိုလူမျိုးတွေအများကြီး။ ဘာဘဲဖြစ်ဖြစ် ကိုထူးထူးဟန်ရဲ့ သတ္တိကို ချီးကျူးပါ။

  1. Anonymous said... :

    he made unchanged my heart for sbsTV, now if hea sell that story to australia media he can make at least $40,000 for one interview whether true or false, only god knew.

    but one thing for sure, he is regular contact with burmese embassy in BKK. what he said to Burmese community in australia was her mother is jail that's why he contact with embassy however this guy is crazy shit.

  1. Anonymous said... :

    this is a joke or stunt. Don't believe about it. Many activists know about him.

  1. Anonymous said... :

    Facial expression looks really disgusting. It's really the face of millitary dogs. Therefore whatever they said have to be careful. We have to consider what is his real intention?
    I believe that he wants Khin Nyunt and colleagues were released.

  1. Anonymous said... :

    ဟေ့ကောင်!!မင်းပေါက်ကရတွေ..လျှေက်လုပ်မနေနဲ့..မင်းဘာလဲဆိုတာငါသိတယ်..မင်းဆွဲတဲ့ပန်းချီကားတွေဆိုတာကလည်း..မင်းGrayhound..မှာသန့်ရှင်ရေးသမားလုပ်တုန်းက..သူများကျန်ခဲ့တာကိုပြန်မပေးပဲခိုးထားပြီး..ရောင်းစားတာလဲငါသိတယ်ကွ..မင်းငါးကြိုက်တတ်တာလဲသိတယ်ကွ..ပြီတော့casinoမှာရှုံးလို့ပိုက်ဆံလိုရင်လဲပြောပါကွာ..မင်းကြောင့်သူများအမှန်အကန်တွေရှုပ်ကုန်ပါအုံးမယ်..

  1. Anonymous said... :

    Super Serial Killer???

  1. Anonymous said... :

    Can Irrawaddy team find out whether he is telling truth or lies?
    How did he became refugee in Australia?If he is telling truth what will be the consequences?
    How many people like him already got refugee visa and living in Australia and some other countries?
    thanks,

  1. http://sattsattsuusuu.blog​spot.com/2011/01/blog-post​.html မှာ ထောင်ထဲမှာ ထူးထူးဟန်ဘယ်လိုမွှေခဲ့တယ်..​.အန်ကယ်ကြီးဦးဝင်းတင်ရဲ့အေ​မြှာ်အမြင်ကြီးမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေ သေဘေးကဘယ်လိုလွတ်မြောက်ခဲ့တ​ယ်ဆိုတဲ့အကြောင်းဖတ်နိုင်ပါ​တယ်...။

  1. "၁၉၈၈ က ၄င်းကိုယ်တိုင် ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများကို စစ်ထောက်လှမ်းရေးဟောင်း တဦးက ၀န်ခံလိုက်ခြင်း"

    http://nge-naing.blogspot.com/2011/07/australian-confesses-to-burma-war.html



    ထူးထူးဟန် စိတ်ဖိစီးမှုတွေ များပြီး ပြောတာပဲ ဖြစ်မှာပါ..


    ဒါပေမယ့် သြစတြေလျနိုင်ငံမှာ ထူးထူးဟန် ပြောပြချက်ကို AAP သတင်းဌာနက ရေးထားပုံကတော့ -

    "ကျွန်တော် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်၊ ကျွန်တော် စစ်ရာဇဝတ်ကောင်ပါ"
    "ကျွန်တော် တိရစ္ဆာန်တကောင်လို နေလာခဲ့တာ အတော် ကြာပါပြီ။ နှစ် ၂ဝ လုံးလုံး ရင်ထဲမှာ မျိုသိပ် သိမ်းဆည်းထားရတာတွေကို အခု လွှတ်ထုတ် ဖွင့်ချလိုက်ချင်တယ်၊ ကျနော် သတ်ပစ်လိုက်တဲ့ လူတွေရဲ့ မိဘတွေကို ဝမ်းနည်းတယ် လို့ ပြောချင်တယ်"
    "ကျနော်တို့က ဆန္ဒပြသူတွေကို ဖျက်ဆီးချေမှုန်းပစ်တယ်၊ `ဖျက်ဆီးချေမှုန်းပစ်တယ်´ ဆိုတာ `သတ်ပစ်တယ်´ လို့ ဆိုလိုတာပါ"
    "ဒိုင်း ကနဲ ပစ်လိုက်ရုံပဲ၊ သိပ်မြန်တယ်၊ ကျနော် မနှိပ်စက်ဘူး"
    ဟု ၁၉၈၈ ခုနှစ်က မြန်မာစစ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းရေး တာဝန် ထမ်းဆောင်နေစဉ်က သူကိုယ်တိုင် သေနတ်ဖြင့် ပစ်သတ်ကာ ကျူးလွန်ခဲ့သော သေဒဏ်စီရင် ကွပ်မျက်မှု ၂၄ မှု နှင့် ပတ်သက်ပြီး မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ကိုထူးထူးဟန်က ရှင်းပြသည်။


    ABC သတင်းဌာန အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ မူရင်းသတင်း အပြည့်အစုံကို မြန်မာလို တိုက်ရိုက်ဘာသာပြန်ထားတာကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်..


    http://nge-naing.blogspot.com/2011/07/australian-confesses-to-burma-war.html


    "၁၉၈၈ က ၄င်းကိုယ်တိုင် ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများကို စစ်ထောက်လှမ်းရေးဟောင်း တဦးက ၀န်ခံလိုက်ခြင်း" ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

  1. Anonymous said... :

    ထူးထူးဟန် သြစီမှာ ကန်ပိန်းလုပ်တုန်းက မြန်မာအဖွဲ့ ကြီးငယ်တွေက ဒိကောင်ဟာ ထောက်လှန်းရေး သံရုံးသတင်းပေး ဖြစ်တယ် အားမပေးနဲ့ လို စာတွေအကြီးကျယ်ထုတ်ကြတယ်။ ခုတော့ လဲ သူကဟုတ်ပါတယ်လဲ ၀န်ခံရော ခင်ဗျားတို့ သြစီက မြန်မာအဖွဲ့ ကြီးငယ်တွေ ကမဖြစ်နိုင်ပါဖူးလို့  ပြောပြန်ရော။ ဘယ်လိုလဲဟ။ ခင်ဗျားတို့ သြစီက မြန်မာတွေ ကအမျိုးမျိုးပါလား နအဖ ဥပဒေကျနေတာပဲ။

  1. Mr. O.B said... :

    ထူးထူးဟန်ထောက်လှန်းရေး ဟုတ်မဟုတ် ဒီမှာ ဖတ်ပြီး ဆုံးဖြတ်ကြပါဦး http://objectiveburma.blogspot.com/2011/07/blog-post_21.html

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved