ဖြူမည်း ဓာတ်ပုံဟောင်းကြီးထဲက သုခမြို့တော်

Friday, July 22, 2011














ရှေးခေတ် ကိုလိုနီ အငွေ့အသက်ဖြစ်တဲ့ ဓာတ်ရထား၊ လန်ခြား စတဲ့ ယာဉ်တွေနဲ့ ခေတ်ပေါ်ကားတွေ၊ အဆောက်အအုံတွေ ရောယှက် နေတဲ့ နေရာ ...။ ဆင်းရဲချမ်းသာ မညီမျှမှုတွေ ရောထွေးနေတဲ့နေရာ ...။ အိမ်ခြေရာမဲ့တွေရဲ့ ဖြစ်သလိုဆောက်ထားတဲ့ တဲကလေးတွေ၊ ဝိတိုရိယခေတ်က နန်းတော်တမျှ ကြီးမားလှပတဲ့ ပြတိုက်ကြီးတွေ၊ လမ်းပေါ်က အဝတ်မဲ့ ဖိနပ်မဲ့ ပြေးလွှားဆော့ကစားနေတဲ့ နုံခြာမှု အပြည့်နဲ့ ကလေးတွေ၊ ရာဘင်ဒ္ဒြာနတ်တဂိုးရဲ့ အထိန်းအမှတ်ပြတိုက်လို ခမ်းနားမှုတွေ ပေါင်းစပ်ထားတဲ့နေရာ ... အဲဒီနေရာကတော့ အိန္ဒိယနိုင်ငံရဲ့ ကာလ်ကတ္တား ဆိုတဲ့ မြို့ကြီးပါပဲ။ အဲဒီကို ရောက်သွားရင် ပြင်သစ်စာရေးဆရာ ဒေါမနစ်လာပီယားရဲ့ City of Joy (ဆရာမြသန်းတင့်က သုခမြို့တော် လို့ ပြန်ပါတယ်) ကို ကိုယ်တိုင်ခံစားရမယ်လို့ ဧရာဝတီ သတင်းထောက် ဇာနည်မာန်က သူ့ရဲ့ ဒီဆောင်းပါးမှာ ဆိုပါတယ်။ ပြီးတော့ ... ကိုလိုနီခေတ် အငွေ့ အသက်တွေ အပြည့်အဝ ရှိနေတဲ့အတွက် ရှေးခေတ် ဓာတ်ပုံဟောင်းကြီးထဲ ဝင်သွားရသလိုပဲလိုလည်း သူက တင်စားထားပါတယ်။ (ဓာတ်ပုံ - ဧရာဝတီ)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved