ရယ်စရာ ပဟေဠိ အမှတ် ဝ၂၂

Saturday, July 23, 2011


ပြည်သူ့ခေတ်ခေတ်ဂျာနယ် ဆောင်းပါး တပုဒ် နိဒါန်းမှာမှာ ရယ်စရာ ပဟေဠိ အမှတ် ၁၈ ကို ကိုးကားထားတာ တွေ့ရပါတယ်။
ပဟေဠိတွေ ဖြေသူ မရှိပေမယ့် ဖတ်တဲ့သူ အနည်းဆုံး တယောက်တော့ ရှိသားပဲ ဆိုပြီး ဒီတပတ် လက်ဆော့ရမယ် ဆိုရင် -

သြစီရောက် မြန်မာပြည်သားတယောက်က အတည်ပေါက်ပြောလိုက်တာ သိပြီးရောပေါ့ - သူ ကွပ်မျက်ခဲ့တဲ့ နိုင်ငံရေးသမားပေါင်း ၁၀၀ အထက်မှာ ရှိတယ် တဲ့။


မေးခွန်း ၁ #
သူ့စကားကို ဘယ်သူက စပြီး ယုံခဲ့သလဲ။
သဲလွန်စ -
အကြီးတန်း

မေးခွန်း ၂ # သူ အဲဒီလို ပြောတာကို သြစီသတင်းဌာနတခုက ရေးလိုက်တော့ နိုင်ငံတကာသတင်းဌာနများကလည်း အဲဒီသတင်းနောက်ကိုလိုက်ပြီး ရေးသားထုတ်လွှင့်ကြပါတယ်။ သြစီအာဏာပိုင်များကလည်း စုံစမ်းစစ်ဆေးမယ် ဆိုပဲ။ ကမ္ဘာကျော်သွားတဲ့ ဒီပြောကြားချက်တွေဟာ "မှားယွင်းနေတယ်၊ လိမ်လည်ပြောကြားထားတာဖြစ်တယ်" လို့ သြစီအစိုးရက ဆုံးဖြတ်မယ် ဆိုရင် သြစီရဲ့ ပြည်ထောင်စု ဥပဒေအရ အဲဒီလူကို ထောင် ဘယ်လောက် ချနိုင်သလဲ။
သဲလွန်စ ----- တဲ့အတွက် F---

မေးခွန်း ၃ # အုတ်အော်သောင်းနင်းဖြစ်သွားတဲ့ ဒီပြောဆိုချက်တွေကနေ ဘယ်လို ကောက်ချက် ချနိုင်သလဲ။
သဲလွန်စ -

အဖြေ ၁ ?
အဖြေ ၂ ??
အဖြေ ၃ ???

အဖြေတွေ မနက်ဖြန်




2 comments :

  1. Anonymous said... :

    အဖြေ ၁ senior reporter
    အဖြေ ၂ Fifteen years (15 years)
    အဖြေ ၃ he used the journalists

  1. Anonymous said... :

    ဟားးး.... ဧရာဝတီက ရေးတဲ့ ရယ်စရာ ပဟေဋ္ဌိက အဲလောက်မရယ်ရဘဲ သူရေးလိုက်တာကမှ ပိုရယ်ရတယ်.. ဧရာဝတီမှာ ရယ်စရာပဟေဋ္ဌိရေးဖို့ ပြည်သူ့ခေတ်ဂျာနယ်ကနေသူအလုပ်ပြုတ်သွားတဲ့နေ့ကျရင် ဧရာဝတီကဘဲ ပြန်ခေါ်ထားလိုက်ပါလား...
    ဟားးးးးးး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved