ညောင်ဦးက ဇီးအိုရွာအတွက် ရေ

Wednesday, July 20, 2011

ညောင်ဦးဈေးကိုရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)


ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံညောင်ဦးဘုရားဖူးသွားတုန်းက ဇီးအိုဆိုတဲ့ရွာကိုရောက်ခဲ့ပြီး အဲ့ဒီဒေသမှာ သောက်သုံးရေရှားပါးလို့ စက်ရေတွင်းတူးပေးဖို့ ကတိပေးခဲ့တဲ့အတိုင်း အန်အယ်လ်ဒီပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်နဲ့အဖွဲ့ဟာ ဇီးအိုရွာမှာ ရေတွင်းတူးဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ ကျပ်သိန်း ၃၀၀ ကုန်ကျမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲ့ဒီရွာ ကျောင်းသား ၂၀၀ ကျော်ရှိတဲ့ မူလတန်းကျောင်းအတွက် ရေလောင်းယင်လုံအိမ်သာဆောက်ပေးဖို့၊ ဆွံ့အ၊ နားမကြား မသန်မစွမ်းဖြစ်နေတဲ့ အသက် ၁၀ နှစ်အရွယ် မဖြူဖြူဝင်းကို ဆေးကုသပေးဖို့တွေကို တိုင်ပင်ဆွေးနွေးခဲ့ပြီး ညောင်ဦးက နွမ်းပါးတဲ့ ကိုရင် ၄ ပါးကို ရဟန်းဘောင်ရောက်တဲ့အထိ ပစ္စည်းလေးပါး ဒါယိကာမအဖြစ် တာဝန်ယူဖို့နဲ့ န၀ကမ္မအလှူငွေ တသိန်းပေးလှူခဲ့တယ်လို့ သိရပါတယ်။

2 comments :

  1. Anonymous said... :

    အော်...ပြည်သူချစ်ခံရတဲ့သူများကြတော့လည်း..ဒို့ဂျိုကုပ်ကြီး
    များမှာကြတော့
    tv မှာပေါ်လာရင်ကို
    ပိတ်ပြစ်လိုက်တာ..ချစ်ကြတာ။

  1. Anonymous said... :

    သာဓု၊သာဓု၊သာဓု

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved