ရယ်စရာ ပဟေဠိ အမှတ် ဝ၂၁

Monday, July 18, 2011


မေးခွန်း ၁) မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ ညွှန်ကြားရေးမှူးချုပ်၊ သံအမတ်ကြီး စတဲ့ ရာထူးတွေ မရကြပါဘူး။ သူတို့မှာ ဘာ ချို့ယွင်းချက် ရှိနေလို့လဲ။

မေးခွန်း ၂) ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီ ဆန့်ကျင်ကြပါ စသဖြင့် ဗိုလ်ချုပ်ကြီး တို့ရဲ့ ကြော်ငြာတွေကို စာအုပ် စာစောင် မဂ္ဂဇင်း ဂျာနယ်တွေက အခမဲ့ ဖော်ပြလာတာ အနှစ် ၂၀ ကျော်ပါပြီ။ အခု မဂ္ဂဇင်းတစောင်က ပြောလိုက်ပါတယ် - ကြော်ငြာခ ရမှ ဒီကြော်ငြာတွေ ထည့်ပေးမယ် တဲ့။ ဘယ်မဂ္ဂဇင်းက အဲဒီလို ပြောလိုက်တာလဲ။

မေးခွန်း ၃) မျိုးချစ်စိတ် ဆိုတာ လူမျိုးခြားမုန်းတီးရေး၊ ငါ့အမျိုးတွေ နေရာကောင်းရရေး စသဖြင့် အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ကြပါတယ်။ ဒါဆိုရင် ပြည်သူ့ဆန္ဒကိုရော ဘယ်လို အဓိပ္ပာယ် ဖွင့်ကြမလဲ။ ပြည်သူ့ဆန္ဒ ဆိုတာ ဘာလဲ။

သဲလွန်စ ၁)
စစ်ထဲဝင်။
သဲလွန်စ ၂) ကြော်ငြာပါတဲ့ မဂဇင်း၊ အင်္ဂလိပ်ဘာသာနဲ့ ထုတ်တယ်။
သဲလွန်စ ၃) ၀ိုင်းဝိုင်းလေး။


အဖြေ ၁) ?
အဖြေ ၂) ??
အဖြေ ၃) ???

မနက်ဖန် ဒီအချိန် အဖြေ တိုက်ကြည့်ကြမယ်လေ။

-----

2 comments :

  1. Anonymous said... :

    1/ စစ်ထဲဝင်ဖို့  ငြင်းပ့ယ်လို့ ။
    2/ တူဒေး ကြော်ငြာ magazine ဖြစသ်ည်။
    3/ တမတ်သားအစိုး၇ကို ၀ိုင်းဝန်း ဆန့် ကျင်ေ၇းသည် ပြည်သူ့  ဆန္ဒဖြစသ်ည်။

  1. kyaw said... :

    1 စစ်ရေးအမြင်မရှိခြင်း
    2 today magazine
    3 ကျပ်မပြည့်သော်သော် လက်ရှိအစိုးရအားဖြုတ်ချေ၇း

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved