ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံမည်

Sunday, July 24, 2011

မြန်မာ့ အရပ်သားအစိုးရအဖွဲ့နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုအဖြစ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်တို့ တနင်္လာနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံမယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ဆိုပါတယ်။

တနင်္လာနေ့ နေ့လည်ပိုင်းမှာ စိမ်းလဲ့ကန်သာ ပြန်ထောင်စု ဧည့်ရိပ်သာမှာ တွေ့ဆုံမယ်လို့ အစိုးရ အရာရှိကြီးများက ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ၂၀၀၇ ခုနှစ်တွင် တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ- WELT ONLINE)

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် နိုင်ဝင်ဘာလအတွင်း နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက် လာကတည်းက အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံမယ့် အစီအစဉ်ကို အစိုးရ အရာရှိကြီးတွေက အတည်ပြုပြောဆိုခဲ့တာဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ၎င်းတို့ကို ဘာမှ ပြောဆိုထားခြင်းမရှိဘူးလို့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဆိုပါတယ်။

သတင်းထောက်များ၊ စာနယ်ဇင်းသမားများကို ပွဲတက်ရောက်ခွင့်ပြုပေမယ့်လည်း၊ ဆွေးနွေးပွဲ တလျှောက်လုံးကိုတော့ နားထောင်ခွင့်၊ သတင်းယူခွင့် ရှိမှာမဟုတ်ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ၂၀၀၇ ခုနှစ်မှာ တကြိမ်၊ ၂၀၀၉ စက်တင်ဘာမှ တကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။



-----

15 comments :

  1. kongal said... :

    tawe. nay tar lel kha na kha na par bae,bar mha lel phyt. lar tar ma hoke.junta yae. yeik sar loke kwet tawe.

  1. Anonymous said... :

    ဦးအောင်ကြည် ကို ကြားခံထားစရာ မလိုပါဘူး။ တရားဝင် တိတိကျကျ ဆွေးနွေးတွေ ဆုံ ပွဲကို စတင် သင့်ပါတယ်။ ကမ္ဘာကို လူထုကို လှည့်စားတာ လိမ်လည်တာ ဝှေ့ လည်ကြောင်ပတ် လုပ်နေတာ ဟာ သိက္ခာ ရှိတဲ့ စစ်ခေါင်းဆောင်တွေ အလုပ်မဟုတ်ပါဘူး။ စစ်သားပီသ ဖို့  စစ်သားတဖြစ်လဲ ယောင်္ကျား ရင်မာတွေ သတ္တိမကြောင် ဖို့ လိုပါတယ်။

  1. Anonymous said... :

    ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား ..ဒီပုဂ္ဂိုလ်တွေ လာပြန်ပါပြီ ... ဓါတ်ပုံရိုက် ..သတင်းစာ မျက်နှာဖုံးမှာ ...စာလုံးမဲ ကြီးတွေနဲ့ ... တွေ့ဆုံဆွေးနွေးခြင်း ဘာညာနဲ့ ဟုတ်တော့မလို ဘာလိုလိုနဲ့ ကမ္ဘာနဲ့ပြည်သူကို ထင်ယောင်ထင်မှား
    နှစ်ပေါက်တစ်ပေါက်ရိုက်..တကယ်တန်းက
    .. နေကောင်းလား အမကြီး..ကျန်းမာရေး ဂရုစိုက်နော်....ဘာညာလောက်နဲ့..
    ဆွေးနွေး သယောင် ..သဘောထားကြီး သယောင်ယောင်နဲ့ လုပ်စားခဲ့တာ ကြာပါပြီ ....ဒီတခါလဲ ...အလိမ်ခံဦးမှာလား....

  1. Anonymous said... :

    ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား.. ... ဒီပုဂ္ဂိုလ်ကို ...ရှင်...စကားတည်တဲ့ ယောကျာ်းလား ..မိန်းမရွင် ပါးစပ်လား...လို့မေးပေးပါ။

  1. သတိ said... :

    သတင်းကောင်းပါပဲဗျာ.. နှစ်ဘက်အလျော့အတင်းတွေနဲ့ ညှိကြပြီး ဒီတစ်ကြိမ်တော့ ရလဒ်ကောင်းတွေ ထွက်ပါစေလို့ ဆုတောင်းပါတယ်.. ဒီနေရာမှာ ကော်မန့်သမားတွေ တော်တော်များများဟာ အတိုက်အခံကို ကျွန်တော့်လိုပဲ လျော့တွက်တာ မြင်ပါရဲ့.. ဟားဟား.. ဆွေးနွေးပွဲလို့ နာမည်တပ်ထားပေမဲ့ အပြန်အလှန် ဆွေးနွေးတာ မဟုတ်ပဲ.. ဒေါ်စုပူစာတာကို လိုက်လျောရင် ဆွေးနွေးပွဲ အောင်မြင်မယ်.. မလိုက်လျောပဲ စာလုံးမဲနဲ့ အပြသဘောလုပ်နေလို့ မအောင်မြင်တာဆိုတဲ့ သဘောလောက် ထားနေကြပါလားဗျာ.. ကျွန်တော်လဲ အဲလိုပဲ မြင်ပါတယ်.. ဒေါ်စုဟာ ဆွေးနွေးပွဲမှာ အောင်မြင်အောင် ပြောဆို ဦးဆောင်သူမဟုတ်ပါဘူး.. ဦးအောင်ကြည်ကနေ နောက်တဆင့်တိုးလာအောင် ပြောနိုင်ဆိုနိုင်သူလို့ မမြင်ပါဘူး.. ပတ်ဝန်းကျင်က ၀ိုင်းဖိအားပေးပြီး အတင်းဆွေးနွေးပွဲ တင်ပေးလိုက်.. လက်ဗလာနဲ့ ဟိုအပစ်တင် ဒီအပစ်တင် ပြန်လာလိုက်နဲ့ ဘယ်နှစ်ကြိမ် ရှိနေပါပီလဲ.. ဒီတော့ ဆွေးနွေးပွဲ အောင်မြင်အောင် လုပ်နိုင်တဲ့ စွမ်းရည် အရည်အချင်းရှိတာ အစိုးရပါပဲ.. သူ့ဘက်က အပြုသဘော လှုပ်ရှားမှကို ရမှာပါ.. ဒေါ်စုမစွမ်းနိုင်ပါဘူးလို့ ခင်ဗျားတို့ မြင်သလို မြင်တာမို့ ကဲ အစိုးရက တခါအပြကောင်းအောင် ထပ်မလှည့်စားပါစေနဲ့ ဆုတောင်းပါရဲ့ဗျာ..

    မောင်သတိ

  1. Anonymous said... :

    လူလိမ်တွေပြောစကား လူမိုက်တွေပဲယုံ။

    ကလင်တန်ပြောလိုက်လို့အမြီးနံ့ပြတာ

    ရှင်းရှင်းပဲပြောလိုက်မယ် ။

    မယုံဘူးဟေ့...မယုံဘူး...

  1. မောင်သန့် ။ said... :

    တွေ့ ဆုံကြမယ်ဆိုတာ သတင်းကောင်းတခုအနေနဲ့ လက်ခံရပါမယ်။ ဒေါ်စု ကို ပြည်သူ့ ကိုယ်စားပြု ဒီမိုကရေစီ ခေါင်းဆောင်တဦး အနေနဲ့  လက်ခံ ဆွေးနွေးချင်တာလား၊ဒါမှမဟုတ် နိုင်ငံတကာ သတင်းမျက်နှာစာ မှာ အပြကောင်းရုံ လား။ အချိန်ဆွဲဗျူဟာလား ဆိုတာတော့ မတွေးဘဲ မနေနိုင်ပါ။
    အကောင်းမြင်ဖို့  မတော့(အတိတ် ကိုပြန်တွက်တိုင်း)
    စောလွန်းနေသလားဘဲ။
    (ဒေါ်စု ခေါင်းမာလို့ ဆိုတာမျိုး ထပ်ကြားရမလား လို့  စိုးထိတ်မိကြောင်းပါ ခင်ဗျာ)။

  1. Anonymous said... :

    အာဏာရူး စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကို နှစ်ပေါင်း နှစ်ဆယ်ကျော် ကိုယ်တွေ့ မြင်လာရတော့ မယုံရဲတော့တာ အမှန်ပါ။ ခု အာစီယံ ဥက္ကဋ္ဌ ဖြစ်ချင်လွန်းလို့ ကမ္ဘာ့အမြင်မှာ ကောင်းလာအောင် တွေ့ဆုံ ဆွေးနွေးချင်ယောင် ဟန်ဆောင်တာပဲ ဖြစ်ဖို့ များပါတယ်။ ဒီလူတွေ ဒီလို လိမ်လာတာချည်းပါပဲ။ အရှက်ဆိုတာ ဘာမှန်းကို မသိတော့တဲ့ အာဏာရူး စစ်ခေါင်းဆောင်တွေပါ။

    ဒါပေမဲ့ တွေ့ဆုံတာတော့ ဒီတိုင်းနေတာထက် စာရင် ကောင်းပါတယ်။ ရည်ရွယ်ချက် အမှန်နှင့် မဟုတ်လဲ အာဏာရူးတွေ သူတို့ သမိုင်း သူတို့ ရိုင်းရိုင်းကြီး ရေးသွားတာ တွေ့ရမှာပေါ့ဗျာ။

    တိုင်းပြည် တဝက်လောက် တရုပ်လက်ထဲ ရောက်နေလောက်အောင်ကို အမျိုးသားစိတ် ကင်းတဲ့ ဒီ စစ်အာဏာရူးတွေကိုတော့ လုံးဝ မကျေပါဘူး။

  1. Anonymous said... :

    DON'T BELIEVE ANY MORE

  1. Anonymous said... :

    ဒေါ်စုပုဂံကိုသွားတာအကျိုးရှိသဗျ ခုဦးကျော်ဆန်းကဒေါ်စုပုဂျံမှာပုဂံဘုရားတွေပြုပြင်ရေးနဲ့ပါတ်သက်ပြီးမှတ်ချက်ပေးခဲ့တာကိုသူ့ရဲ့မိန်းခွန်းမှာအရေးကြီးပထမလုပ်ရမဲ့အချက်ဆိုပြီးပြောသွားတယ်ဗျ.

  1. မောင်ဒေါင်း said... :

    ယခုအသွင်ပြောင်းအစိုးရဟာလဲ အာဏာရှင်ကြိုးဆွဲအစိုးရဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းကိုပေါ်လွင်နေတာပါပဲ၊ အခုလဲ တွေ့ဆုံပွဲဆိုတာ သက်သက်ဟန်ပြ၊ ကမ္ဘာကိုညာဖြီးအုန်းမှာပါပဲ၊ တိုင်းပြည်နဲ့လူမျိုးအပေါ် တကယ်(အစစ်အမှန်) စေတနာထားမယ်ဆိုရင် ဒီအချိန်အထိတောင်ရောက်လာစရာအကြောင်းမရှိပါဘူး၊ ဒီတခါလဲ ဒုံရင်း ဒုံရင်းအတိုင်းပဲဖြစ်လာမှာပါ၊ အာဏာရှင်အစိုးရဟာ ဘယ်နည်းနဲ့မှ အာဏာကိုလွှဲပြောင်းပေးဖို့ အစဉ်အလာလဲ မရှိခဲ့တာ အမှန်ပါပဲ။

  1. Anonymous said... :

    တွေ့ဆုံဆွေးနွေးတယ်ဆိုတာအင်မတန်မှ ကောင်းတဲ့အစဉ်အလာတခုပေါ့ နိုင်ငံတကာမှာလည်းအစိုးရနဲ့အတိုက်အခံဆိုတာ ဒီလိုပဲဆွေးနွေးမှုကနေ အဖြေရှာရတာကိုး အဲမြန်မာမှာက အတိတ်ကသင်္ခန်းစားကလဲ ရှိသေးတော့ဖြစ်ပါ့မလားပေါ့ရွေဝါရောင်ဖြစ်တော့ လွန်မှန်းသိတော့ တွေ့ဆုံမှုကိုပြလိုက်တယ် အခုခဲ ကလင်တန်ပြောမှ လုပ်လာပြန်ပြီ တကယ်တွေ့မယ်ဆိုရင် အစိုးရတက်လာကတည်းက ဒီအစီအစဉ်ကို စပါလား သူများယုံချင်တာပေါ့ အခုမှကမန်းကတန်းထလုပ်တယ်ဆိုတော့ အာစီယံ ဥက္ကဌ နေရာကလည်းရှိသေးသကိုး

  1. Anonymous said... :

    ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲမှာ အောင်ကြည်ကနေ နောက်တဆင့် တိုးအောင် မလုပ်နိုင်ဘူးတဲ့လား။ ဒါဆို ခင်ဗျားတို့ အောင်ကြည် အပါအ၀င် ဗိုလ်ချုပ်တွေ (မှူးကြီးဆိုတာကြီးပါ ပါတယ်) ဆိုတဲ့လူတွေကရော ဒေါ်အောင်ဆန်းစုကြည်ကို ခင်ဗျားတို့ စွပ်စွဲနေတဲ့ အဖျက်အမှောင့် လုပ်ရပ်တွေကနေ ရပ်အောင် မပြောနိုင်ဘူးလားဗျ။ မောင်သန့် ပြောသလို ဒေါ်စု ခေါင်းမာလို့ ဆိုတာမျိုး ထပ်ကြားရမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အရိုးအရင်း ကိုက်ခွင့်ပေးပြီး ကွန်မင့်ပေးခိုင်းထားတဲ့ ချာတိတ်တွေကတောင် ဒေါ်စု ပူစာ (မူရင်းသတ်ပုံ အစုတ်အပြတ်အတိုင်း) တာကို လိုက်လျောရင် ဆွေးနွေးပွဲ အောင်မြင်မယ် လုပ်နေမှတော့ အသားစားနေရတဲ့ ဆရာကြီးတွေ ပိုဆိုးတော့မှာပေါ့။

  1. Anonymous said... :

    It is quite clear that DASSK knows the way the Junta and its clown government have been trying to kill two birds - the image/potential of NLD and the resilience of all sympathisers domestic or international - with one stone viz. the bold-face orchestration of such pseudo-dialogue bluff, at every resurgence of international frustration. It is her pure love of people of Burma (like father like daughter) not wanting to let them suffer any more by any kind of confrontation - violent or otherwise - with junta and its cohorts, that she's been cooperating so far in complete patience and vigilence with such empty dialogues. It's not so wise however to assert (even in excuse of compassion) that she's lost her goal, her acumen or even her momentum under such miserable circumstances no political leader in history of Burma has had to term with.

    I never know her in person neither am I a member of any political organisation inside/outside Burma. But I totally am sure as a loyal Burmese that her ability and determination will eventually change Burma into the world's respectable democracy. She knows what she is doing unlike others inclusive of those self-impose democracy fighters and half-cooked political activists as well as, needless to say, those ruling militrodemocratic idiots and their lackeys. It is undeniable and painfully true that, with the exception of Min Ko Naing and a few who are effectively put behind bars, there is not anyone presently with the ability to do as much and genuinely as DASSK for the country.

    The government may not be stupid; but DAASK's not stupid either and most importantly the world is not stupid. It is more obvious day by day since her release that the country's not as helpless as ever amidst so many ruthlessness of military dictatorship under myriads of guises.

    So let's help Burma's democratisation process at the helm of DASSK by just keeping our (dubious/fouling) mouths shut and prepared to contribute whatever and whenever necessary.

    (Ng Tay)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved