ရှစ်လုံးကို နောက်ကြောင်းပြန်ဖို့ ...

Tuesday, July 12, 2011

ရှစ်လုံး ခေါ် မှုံပေပေမျက်နှာထားနဲ့ တင်အောင်မြင့်ဦးအကြောင်း ခုတလော လူပြောများနေကြပါတယ်။ မျက်နှာရှစ်ခေါက်ချိုးနဲ့ ခေါင်းပေါင်း ပုဆိုးဝတ်ပြီး စစ်ဟန်ပေါက်နေသေးတာ၊ တချို့လုပ်ရပ်တွေမှာ သမ္မတဖြစ်တဲ့ ဦးသိန်းစိန်ကို ကျော်လုပ်နေသလို မြင်ရတာ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ထင်သလို ခြယ်လှယ်နေဆဲ ဖြစ်နေတာတွေကြောင့်လည်း လူပြောများတယ်လို့ ထင်ပါတယ်။

ဧရာဝတီ ဘလော့ဂ်မှာ ပုံမှန်ရေးသားနေတဲ့ ကျားပေါက်ကလည်း သူ့ရဲ့ တချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ် ဆောင်းပါး (၁) နဲ့ (၂) မှာ ရှစ်လုံး ချိုးနေတဲ့ အချိုးတွေကို ရေးခဲ့ပါသေးတယ်။ မကြာသေးခင်က နေ့သစ်မှာလည်း တိုင်းပြည်ကို သစ္စာဖောက်နေခြင်း ဆိုပြီး ရေးထားတာ ဖတ်ရပါတယ်။ အဲဒီ နေ့သစ်ပို့စ်ရဲ့ အောက်မှာ ကော်မန့်ပေးသူတယောက်ကတော့ ရှစ်လုံးနဲ့ “နေရွှေငါးပုဇွန်ဂိုဏ်း” အကြောင်းကို အောက်ပါအတိုင်း ရေးထားတာလည်း တွေ့မိပါတယ်။

“နေရွှေငါးပုဇွန်ဂိုဏ်းရဲ့ ရုပ်သေးတွေ ဖြစ်နေဦးမယ်။ ... မှန်တာတွေပါသင့်သလောက် ပါပေမဲ့၊ သတိပေးချင်တာ တခုကတော့၊ သမ္မတဦးသိန်းစိန် ဘာမှ လုပ်လို့ မရဘူး၊ ရှစ်လုံးက ဘာတွေလုပ်ပြီး၊ လေးယောက်ဂိုဏ်းက ဘာတွေ ဖြစ်နေ တယ်ဆိုတဲ့၊ အသံတွေကို စစ်ကြည့်လိုက်ရင်၊ ရွှေမန်း မပါတာ တွေ့လိမ့်မယ်။ ဘယ်ပါမလဲ၊ ဒီအသံတွေကို ရွှေမန်းကို အမှီပြုပြီး ခြေကုပ်ယူထားတဲ့၊ Egress နေ၀င်းမောင် + လှမောင်ရွှေ ဂိုဏ်းက ထုတ်လွှင့်ပေးနေတာကိုး။ ........
နောက်တကြောင်းက ရွှေမန်းကို လှမောင်ရွှေ တို့က ကိုင်ထားတာ။ ငွေဆောင် beach စဖွင့်တော့၊ ဘယ်သူမှ ဟော်တယ်သွား မဖွင့်ချင်တဲ့ နေရာမှာ၊ အဲဒီတုန်းက လှမောင်ရွှေ တို့က ဟော်တယ်ကို အရှုံးခံ ဖွင့်ခဲ့လို့၊ ပုသိမ်တိုင်းမှူး ရွှေမန်း ကျေနပ်သွားရာ က၊ ရွှေမန်းဟာ လှမောင်ရွှေတို့ အိတ်ကပ်ထဲ ရောက်သွားခဲ့တာ။ ....... ဒါကြောင့်၊ လေးယောက်ဂိုဏ်း၊ ရှစ်လုံးဂိုဏ်းတို့ကို ဖြိုပြီး၊ ထိပ်တက်ဖို့ လုပ်နေတဲ့ ရွှေမန်းကိုရုပ်ပြထားတဲ့ နေရွှေငါးပုဇွန်ဂိုဏ်းက၊ ပြိုင်ဘက် ဂိုဏ်းတွေ အကြောင်း၊ အတိုက်အခံ မီဒီယာတွေကို (သိတောင် မသိလိုက်ရအောင်) အသုံးချနေတယ် ဆိုတာ၊ အသိပေးလိုက်တာပါ။ ဂိုဏ်းတွေက များပါတယ်။ နေရွှေငါးပုဇွန်ဂိုဏ်းက၊ အသွက်ဆုံးပဲ။ သတိထားကြ ဖို့ပါ။”

ဘာဖြစ်လို့ ရှစ်လုံးဂိုဏ်းကို ဖြိုချင်သလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ တင်အောင်မြင့်ဦး စစ်တပ်ထဲမှာ နေတုန်းက ဘာတွေ လုပ်ခဲ့သလဲ၊ လူသိပ်မသိသေးတဲ့ သူ့လုပ်ရပ် ဘာတွေ ရှိခဲ့လဲ။ တပ်ထဲမှာကတည်းက သူ့ဆိုးသတင်းက အတော်ပြန့်ပြီးသားဖြစ်ပါတယ်။

ကချင်ဒေသကို ရောက်ရှိခဲ့တဲ့ ဧရာဝတီ သတင်းထောက် ကိုဘကောင်းကတော့ သူ့အကြောင်းနဲ့ ပတ်သက်လို့ နောက်ကြောင်းပြန် ရေးသားနေပါတယ်။ ဒီရက်အတွင်းမှာ ဖတ်ရမယ်၊ ဓာတ်ပုံအထောက်အထားတွေလည်း ရရှိလာတယ်လို့ ဆိုပါတယ်။

ကဲ ... ရှစ်လုံးခေါ် တင်အောင်မြင့်ဦးအကြောင်း ဘာတွေ ဖော်ဦးမလဲ၊ စောင့်ကြစို့ ...။

2 comments :

  1. ko phat said... :

    ဒီအတိုင်းမှန်မယ်ဆို ဒီ ပို့စ်ကို မရေးတာ ကောင်းပါတယ်။ ရှစ်လုံးဂိပြီး ရွှေမန်းတက်တာ ဝမ်းနည်းစရာမရှိပါဘူး။ ရွှေမန်းထက် ရှစ်လုံးက အများကြီး ဆိုးသွမ်းပါတယ်။

  1. Anonymous said... :

    မေးချင်ပါသည်

    ဒုတိယ သမတ ဖြစ်ခါမှ ခုမှသိသလား
    နောက်တခုက ကချင်က အစက ဘာလိုပ ပစပ်ပိတ်နေတာလဲ
    အဲဒါ မ၇ိုးသားဘူး
    သူတို့ဆီ သတင်းထောက်တွေ သွားနေတာဘဲလေ
    ကချင်သွားတဲ့ သတင်းထောက်ကေ၇ာ ငွေ၇လို့ ရေးပေးမှာလား
    ခ၇စ်စတီးနားကျွန်းလူသတ်မှု အပြင် ၇ှိနေသေး၇င် ဘာကြောင့် အောင်လင်းထွတ်တို့ က မဖော်တာလဲ

    ဖြေပေးပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved