တလင် နှစ်မယား

Thursday, July 14, 2011


FaceBook မှာ တွေ့ရတဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေပါ။
မင်္ဂလာမောင်မယ်တွေကတော့
မောင်မင်းမင်းစိုး၊ မနှင်းဆွေ၊ မပိုပို လို့ ဆိုတယ်။

ဘိသိတ်ဆြာက လက်မှာ သပြေခက်၊ ရေခွက်၊ မိုက်ကရိုဖုန်းနဲ့။

ရက်စွဲတပ်မထားတော့ ဘယ်ကာလမှန်း မသိရပါ။ (ဓာတ်ပုံရိုက်ခဲ့သူရဲ့ ဖြည့်စွက်ချက်ကို အောက်ဆုံးမှာ ဖော်ပြလိုက်ပါတယ်)




ဧည့်ပရိသတ်ရဲ့ ၀တ်စားဆင်ယင်ပုံအရ ဆောင်းတွင်းလို့ ယူဆရပါတယ်။


ဒီပုံတွေ တင်ထားတဲ့ ကိုဇော်မြင့်သိန်းကတော့ ထူးထူးခြားခြား မင်္ဂလာပွဲ လို့ ခေါင်းစည်း တပ်ပြီး ဟောဒီလို ရေးထားလေရဲ့။

ထူးထူးခြားခြား မင်္ဂလာပွဲလေး 2010ခုနှစ် ကောလင်းသို့ ခရီးသွားခဲ့ရာမှ စတင်​ခဲ့ပါသည်။ ကျွန်တော်သည် ဓာတ်ပုံဆရာတစ်ယောက် ဖြစ်သည်။ ရွှေဘိုမြို့နယ်တွင် ရိုက်ကူးရေးကို အထူး လုပ်ကိုင်ပါသည်။ သို့ပေမယ့် ခင်ရာ မင်ရာများကိုလည်း ဘယ်လောက်ေ​၀းဝေး လိုက်ရိုက်ပေးပါသည်။ ၀ါသနာ အလွန်ကြီးခဲ့သည်။

ကျွန်တော်နှင့် အလွန် ၀ါသနာတူသော သူငယ်ချင်း တစ်ယောက်လည်း ရှိပါသည်။ ​ သူနှင့်အတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ရှိုလယ်ရွာ(အလယ်ရှို)ရွာတွင် ဓာတ်ပုံ ရိုက်ရန် အကြောင်းရှိလာရာ​ သွားရောက် ရိုက်ကူးခဲ့ကြပါသည်။ သွားရောက် ရိုက်ကူးသောပွဲမှာ ရွှေဘိုမြို့မှ ဘော်ဒါကျောင်းဆရာတစ်ဦး၏ မင်္ဂလာဆောင် ဖြစ်ပါသည်။

ဓာတ်ပုံ ရိုက်ပြီးသောနေ့တွင် ထိုရွာမှအပြန် ကားလမ်းမကြီးဘေးအရောက် အမှတ်တမဲ့ ကြည့်မိ၇ာ ကန့်ဘလူမြို့နယ်မှ ကြိုဆိုပါ၏ ဆိုသော ဆိုင်းဘုတ်ကိုေ​တွ့ရပါတော့သည်။ ရွှေဘိုမြို့နယ်ပြီး အထက်ကို တက်လျှင် ခင်ဦးမြို့နယ်ကို ရောက်ပါသည်။ ထိုမှဆက်တက်ပါက ကန့်ဘလူခရိုင်ကို ရောက်သည်။ ကန့်ဘလူခရိုင်ပြီးပါက ကောလင်းမြို့နယ်သို့ ရောက်သည်။

ကောလင်းတွင် သူငယ်ချင်းများရှိရာ​ မရောက်တာ ကြာပြီဖြစ်သော သူငယ်ချင်း နှစ်ယောက်သားမှာ ကောလင်းသို့ သွားရကောင်း နိုးနိုးနှင့် ချီတုံချုတုံ ဖြစ်နေစဉ် တစ်ယောက်ကို တစ်ယောက် ငွေကြေး မည်မျှပါကြောင်း ပြောကာ ခရီးစရိတ် လုံလောက်သောကြောင့် သွားရန်စီစဉ်ပြီး ကောလင်းသို့ ခရီးထွ​က်ခဲ့ကြပါသည်။

ကောလင်းတွင် သူငယ်ချင်းများ ပြော​ပချက်အရ ထူးထူးခြားခြား မင်္ဂလာပွဲ ရှိကြောင်း ၀န်းသိုနယ်ထဲမှာပဲ ဖြစ်ကြောင်း သိ​ရပါသည်။ ထို့ကြောင့် ၀န်းသိုသို့ သွားရန်ထက် စိုင်းပြင်ရပြန်ပါသည်။ ချောင်းဆုံရွာတွင် သတို့သားတစ်ယောက်နှင့် သတို့သမီး​နှစ်ယောက်တို့ တပြိုင်နက် မင်္ဂလာဆောင်ခြင်း ဖြစ်ေ​ကြာင်း သိရသောအခါ အလွန် အင်မတန်မှ စိတ်ဝင်စားခဲ့ပါတော့သည်။

အမှတ်တရ ဓာတ်ပုံများကို ဓာတ်ပုံဆရာများက ရိုက်ကူးပေးသည်မှာ ကြည်နူး​စရာလဲ အလွန်ကောင်းသည်။ (ထိုအခါက တိုင်းမှုးသည်လည်း ကောလင်းနယ်ဘက်သို့ ရောက်နေရာ အလွန်တရာမှ လူပြောများနေသော မင်္ဂလာပွဲသို့ လာရောက်ကြည့်​ရူ့ခဲ့သည်ဟု သိရပါသည်။ ကျွန်တော်ေ​တာ့ မတွေ့လိုက်ရပါ။ ) ခြိမ့်ခြိမ့်သဲမျှ ကျင်းပသော မင်္ဂလာပွဲကို အလွန်တ​ရာ စိတ်ဝင်စားမှုရှိရာမှာ ရွာခံတစ်​ယောက်ကို မေးကြည့်ရာ သတို့သမီးတစ်ဦးမှာ ရွာခံဖြစ်ပြီး ကျန်တစ်ဦးမှာ ရွှေတော(ဖတ်ရှည်)မှ​ ဖြစ်ကြောင်း သိရသည်။

အကြောင်းစုံကို သိရန် မေးမြန်းခဲ့ပါသည်။ 2008ခုနှစ်တွင် ရွာခံ သတို့သမီးမနှင်းဆွေနှင့် မောင်မင်းမင်းစို့တို့ ချစ်ခင်စုံမက်ရာ လူကြီးမိဘများကို အသိပေးခဲ့ကြလေသ​ည်။ သတို့သားဘက်မှ အလွန်ချို့တဲ့သ​ည့် အလျှောက် သတို့သား မိဘများကလည်း တောင်းရမ်း​လက်ထပ်မပေးနိုင်ပေ။ ထို့ကြောင့် မောင်မင်းမင်းစိုးမှာ ချစ်သူနှင့် ပေါင်းဖက်နိုင်ရန် အလို့ငှာ ရွှေတော ခေါ် ဖတ်ရှည်သို့ အရင်းအနှီး ရှာရန် ချစ်သူကို ဇာတိကျေးရွာတွင် ထားခဲ့​ကာ ခရီး ထွက်လေတော့သည်။

လုပ်ရင်းကိုင်ရင်းမှ နည်းနည်းပါးပါး အဆင်ပြေသောအခါတွင် မောင်မင်းမင်းစိုးသည် တစ်ရွာတစ်​ယောက် ဆိုသလို ရင်းနှီးသော ဖတ်ရှည်မှ မပိုပိုနှင့် ရည်းစားဖြစ်ပါတော့သ​ည်။ မပိုပိုကိုလည်း ချစ်သည်။ ဇာတိတွင် ကျန်ခဲ့သော မနှင်းဆွေကိုလည်း ချစ်သည်။ အလွန်ခက်ခဲသော ပြဿနာကို မောင်မင်း​မင်းစိုး စတင် ရင်ဆိုင်ရတော့သည်။ အမျိုးသမီးနှစ်ဦးကလည်းအလျှော့မ​ပေး တင်းမာနေကြရာ မည်သူကမှ အဆုံးအရှုံး မခံနိုင်ကြချေ။ မောင်မင်းမင်းစိုးကို နှစ်ဦးနှစ်ယောက်လုံးက ရယူလိုကြလေတော့သည်။ ထိုအခါ အမျိုးသမီးနှစ်ဦးက အပြိုင်အဆိုင် ပြိုင်ကြရာမှ ထိုမင်္ဂလာပွဲ စတင် ဖြစ်ပေါ်လာပါတော့​သည်။

မိဘဆွေမျိုးများက ဘယ်လိုပင် တားတား အလျှော့မပေးကြပေ။ ငယ်ရွယ်ကြသော်လ​ည်း မာနကိုယ်စီနှင့်ပြိုင်ကြရာ သုံးေ​ယာက်သား တစ်ရက်တည်း မင်္ဂလာဆောင်သည်​အထိ ဖြစ်ပေါ်လာပါတော့သည်ခင်ဗျာ အမှားပါရင်လည်း ခွင့်လွှတ်ကြပါဗျာ။ ကျွန်တော်လည်း တွေ့ဖူးတာလေးမို့ တ​င်လိုက်ရတာပါ။

(မှတ်ချက်။ ။ ကျွန်ုပ် သိသမျှဖြစ်ပါသည်။ ဓာတ်ပုံများမှာလည်း မူရင်းအတိုင်း ဖြစ်​ပါသည်။ )

49 comments :

  1. zawzaw said... :

    အားကျတယ်ဟေ့..ဟေဟေ့..အလွန်အေးတဲ့ရာသီနဲ့ ကိုက်ပါ့..တို့မြန်မာတွေ ခေတ်မှီပဟ...တုတ်ဟ....

  1. Anonymous said... :

    Everybody know this.
    It's called SHAME,
    It's called DISGRACE.

    It is one reason that a woman left a man for the sake of her whole life.

    If she doesnt leave this man, he will surely cheat his wife after marriage.

    Nobody can throw two birds with a stone!

    It's a lesson for his life.

  1. Anonymous said... :

    သီတင်းထူးလေးတွေသိရတာတော့ ကောင်းတယ်ဗျ
    ဒါပေမယ့် လူရုပ်တွေမြင်နေရတော့.. ကြည့်ရတာ အားနာသလိုလိုဘာလိုလိုကြီးဗျ (စာဖတ်ပရိတ်သတ်ဘက်က)

    မျက်နှာလေးတွေကို ၀ါးထားပေးရင် ပိုသင့်တော်မလားလို့

  1. Anonymous said... :

    good,superman

  1. Anonymous said... :

    soooooooooooooooo lucky man
    hahaha

  1. Anonymous said... :

    oh my god!

  1. Anonymous said... :

    ယောကျာ်းကောင်း မောင်းထောင်းသလို

  1. Anonymous said... :

    ချောင်းဆုံမြို့ နယ် (ဘီလူးကျွန်း) က ၀န်းသိုလ်ရွာကပေါ့။

  1. Anonymous said... :

    ha ha three some!!!!

  1. che said... :

    I see this photos the time feeling very bad. I don't know what feeling is that. So many worry coming in my heart. No body smile in all photos. I myself is housewife. Where is women price?
    why these peoples doing this thing very openly? So many question in my head.
    But very sure is ,I'll not let my husband see this photos ever.

    Comments By
    Myanmar Housewife

  1. che said... :

    i see this photos the time feeling very bad. i don't know what feeling is that. Why those people doing this thing very openly. In all these photos, most of the people no smile including groom & brides. What is their feeling now & whole their life. so many question in my head now. I myself a housewife. One thing very sure is, I'll not let my husband see this photos & news. Can spoil we are simple life .

  1. ဗလကြီး (New York) said... :

    ကဲ ဘယ် သူ အ ရင် လဲ

  1. Anonymous said... :

    အားကျလိုက်တာ ကိုမင်းမင်းစိုးရေ ..
    ဘယ်လိုတွေများ စည်းရုံးလိုက်တာလဲဟင်...

  1. Anonymous said... :

    ဒို့ ကတော့ နှစ်လင်တမယား စနစ်ပဲကြိုက်တယ်။

  1. ရှေရေး၊နောက်ရေးမပူရတော့ဘူးးးးးးး

  1. teekock said... :

    စိတ်ထဲမှာ ဘယ်လိုကြီးလဲမသိ ဖြစ်သွားတယ်။ မဟုတ်မဟုတ်တွေလုပ်တဲ့ မာနတွေလျှောက်ပြီးပြိုင်နေတဲ့ ဇနီး၂ယောက်ကိုရော မလည်ရှုပ်လုပ်ပြီးပွေတဲ့ ယောက်ျားလုပ်တဲ့သူကိုရော...
    မျက်နှာချေအဖွေးသားနဲ့ သတို့သားရဲ့ စိုးထိတ်နေတဲ့မျက်နှာ... ပြိုးပြိုးပြက်ပြက်တွေနဲ့ မာနတံခွန်တွေလွှင့်နေကြတဲ့ အချေကြီးတွေလုပ်ထားတဲ့ သတို့သမီးတွေမျက်နှာမြင်ရတာ ရယ်လဲရယ်ချင်တယ်။

  1. Anonymous said... :

    သူတို့ဆိုလည်း လိမ်မာလိုက်ကြတာ...ရန်မဖြစ်ကြဘူးနှော်... အတူတူဝေမျှစားသောက်ကြတာပေါ့....

  1. Anonymous said... :

    အဲဒီမိန်းမ၂ယောက်အတွက်ယောက်ျားရှားတယ်ထင်တယ်။
    တခဏတာအတွက်တဘ၀လုံးလူတွေပြောခံရမှာရယ်၊မွေးလာတဲ့ခလေးတွေစိတ်အနှောင့်အယှက်ဖြစ်အောင်ရယ်လုပ်နေကြတယ်။

  1. Kaung Lay said... :

    အင်း
    သူတို့ထိုက်တဲ့သူတို့ကံပေါ့ဗျာ
    ဖြစ်တော့မဖြစ်သင့်တဲ့ကိစ္စပေါ့ဗျာ
    ဒါပေမယ့်လည်း
    ဒါပေမယ့်ပေါ့လေ........................

  1. Anonymous said... :

    ယောက္ခမ ၂ ယောက် ၊ ယောက္ခထီး ၂ ယောက်နဲ့  သေပြီး သာမှတ်တော့ ။ တော်တော် ကံဆိုးတဲ့ သတို့ သား ။

  1. Anonymous said... :

    ကွန်မင့်တွေကြည့်တော့လူတွေကမကောင်းတဲ့အတွေးအခေါ်ဘက်ကိုပိုအားသန်နေတာတွေ့ရတာမြန်မာတွေအောက်တန်းကျလာတဲ့စိတ်တွေပိုများလာတယ်လို့သုံးသပ်ခံစားရတယ်အသိတွေအတွေးတွေတို့မြန်မာတွေမှန်ကျပါစေ.ဒီပုံကလည်း တောမှာတောအစွဲအလန်းတခုကြောင့်လုပ်ခဲ့တာလို့သိခဲ့ရတာကြာလှပါပကောအခုမှမဟုတ်တာ။ဒီလိုလူရဲ့စိတ်ဓါတ်ကိုတော့လေးစားတယ်ချီးကြူးပါတယ်ခင်ဗျာဓါတ်ပုံဖေါ်ပြထားတာလည်း ကျင့်ဝတ်ချိုးဖောက်တယ်လို့ ထင်ပါတယ် ခင်ဗျား။ Everybody know this.
    It's called SHAME,
    It's called DISGRACE.

    It is one reason that a woman left a man for the sake of her whole life.

    If she doesnt leave this man, he will surely cheat his wife after marriage.

    Nobody can throw two birds with a stone!

    It's a lesson for his life.

  1. ဒီလူတွေ အဆင့်အတန်းကတော့ စဉ်းစားသာကြည့်ပေါ့

  1. Anonymous said... :

    အဲဒါ အမွှာဗျဒါကြောင့်တယောက်အိမ်ထောင်ကျတာကိုကျန်တယောက်ကအမွှာဆိုတာတယောက်သေရင်တယောက်သေတယောက်ခေါင်းကိုက်၇င်တယောက်လည်းကိုက်ဆိုတဲ့ရှေးတောကအတွေးနဲ့တလွဲလုပ်ပြီးဒီယေက်ကျားပဲပေးယူလိုက်တာပါအမှားသရုပ်ပြတာပါဗျာအားမကျ ကြပါနဲ့ မဟုတ်တဲ့ စိတ်ဓါတ်တွေကို ကွန်မင့်ပေါ်မှာရှက်တတ်ရင် ကိုယ့်ကိုကိုယ်လေးစားလောက်တဲ့လူဆို၇င်မတင်ကြပါနဲ့နော်

  1. win said... :

    ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)ဆိုတာ အောက်ပြည်အောက်ရွာမွန်ပြည်နယ်မှာရှိပါတယ်။အခု ဓါတ်ပုံရှင်တွေရဲ့စာမှာဖေါ်ပြထားတဲ့နေရပ်နဲ့တခြားးစီပါကွယ်။

  1. Anonymous said... :

    if these 3 persons all ok by themselves,let ,leave them be.Cause the pray of their old life.

  1. noeree said... :

    I can share one, loaf to another but.......

  1. Anonymous said... :

    အယ်ဒီတာညံ့တော့်သတင်းညံ့ညံ့လေးတွေပါလာတာပေါ့..
ီDVBအင်တာဗျူးခန်းတွေကြည့်ရတာကိုက..ရေအိုးကို ဘောင်ဘင်ခတ်နေသလိုပဲ...

  1. Unknown said... :

    မဟာကံထူးရှင်ဖြစ်ပါတယ် ဒီလိုအခွင့်အရေးမျိုး ကျနော်မျိုးလည်လိုချင်တာ အမှန်းပါဘဲ သိန်း ၅၀၀ ကံထူးရှင်တောင်ဒီလောက်ပျော်စရာမကောင်းဘူး ငါ ညီရေး ကိုမင်းကိုလေးစားသွားပြီး ဖြစ်နိုင်ရင် လုံခြည်စလေနည်းနည်းပေးပါလာ

  1. Anonymous said... :

    Though this post can somewhat captivate readers, i am not sure whether it is breaking the privacy of others by posting all the photos with real name.

  1. Anonymous said... :

    တစ်ဖက်ကကြည်.ရင်တော. လူ.ကျင်.၀တ်ကိုချိုးဖောက်တယ်လို. ပြောနိုင်ပေမယ်. တစ်ဖက်ကကြည်.ရင်တော. ရဲရဲဝံ.၀ံ.နဲ. သူတို.ရဲ.အကြောင်းကို ရပ်သိရွာသိ ကြေငြာရဲတဲ သတ္တိကို ချီးကျူးမိပါတယ်....
    လောကမှာကျင်.၀တ်မျိုးစုံကို ဖောက်ဖျက်နေတဲ.လူတွေအများကြီးပါ...သူတို.ဘယ်မှာလူသိခံရဲလို.လဲ...
    တချို.တွေ မယား၂ယောက် ၃ယောက်နဲ. ..
    တအိမ်တည်းမှာနေကြတာပဲ...
    ဒီလို ရပ်သိရွာသိမင်္ဂလာပွဲလုပ်ရဲလို.လား...
    ဒါပေမယ်. သူများပွဲမို.လို. ဒီလိုဖက်ကတွေးရဲတာပါ.
    ကိုယ်.သားသမီးသာ ဒီလိုလုပ်မယ်ဆိုရင်တော. အသေကိုသတ်ပစ်မှာ...ဟားဟား

  1. Anonymous said... :

    ကောလင်းလည်းပြောတယ်၊၀န်းသိုလည်းပြောတယ်၊ချောင်းဆုံလည်းပြောတယ်။အဲဒါဘယ်လိုလုပ်ဘီလူးကျွန်းရောက်သွားရတာလဲ။

  1. Anonymous said... :

    ကဲ ... ကဲ ... မူရင်း ကူးလာတယ်။ အငြင်းမပွားကြပါနဲ့တော့ ...

    By Zaw Myint Thein/facebook

    ထူးထူးခြားခြားမင်္ဂလာပွဲလေး

    2010ခုနှစ် ကောလင်းသို့ခရီးသွားခဲ့ရာမှ​စတင်ခဲ့ပါသည်။ ကျွန်တော်သည် ဓာတ်ပုံဆရာတစ်ယောက်ဖြစ်သည်။ ရွှေဘိုမြို့နယ်တင်ရိုက်ကူးေ​ရးကိုအထူးလုပ်ကိုင်ပါသည်။ သို့ပေမယ့် ခင်ရာမင်ရာများကိုလည်းဘယ်လောက်ဝေးဝေးလိုက်ရိုက်ပေးပါသည်။ ၀ါသနာအလွန်ကြီးခဲ့သည်။ ကျွန်တော်နှင့်အလွန်ဝါသနာတူ​သောသူငယ်ချင်းတစ်ယောက်လည်းရှိပါသည်။ သူနှင့်အတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ရှိုလယ်ရွာ(အ​လယ်ရှို)ရွာတွင် ဓာတ်ပုံရိုက်ရန်အကြောင်းရှိ​လာရာ သွားရောက်ရိုက်ကူးခဲ့ကြပါသည်။ သွားရောက်၇ိုက်ကူးသောပွဲမှာ​ရွှေဘိုမြို့မှဘော်ဒါကျောင်း​ဆရာတစ်ဦး၏မင်္ဂလာဆောင်ဖြစ်ပါ​သည်။ ဓာတ်ပုံရိုက်ပြီးသောနေ့တွင် ထိုရွာမှအပြန် ကားလမ်းမကြီးဘေးအရောက် အမှတ်တမဲ့ကြည့်မ၇ာ ကန့်ဘလူမြို့နယ်မှ ကြိုဆိုပါ၏ဆိုသောဆိုင်းဘုတ်​ကိုတွေ့ရပါတော့သည်။ ရွှေဘိုမြို့နယ်ပြီးအထက်ကိုတ​က်လျှင် ခင်ဦးမြို့နယ်ကိုရောက်ပါသည်။ ထိုမှဆက်တက်ပါက ကန့်ဘလူခရိုင်ကိုရောက်သည်။ ကန့်ဘလူခရိုင်ပြီးပါက ကောလင်းမြို့နယ်သို့ရောက်သည်။ ကောလင်းတွင်သူငယ်ချင်းများရှိရာ မရောက်တာကြာပြီဖြစ်သောသူငယ်​ချင်းနှစ်ယောက်သားမှာကောလင်းသို့သွားရကောင်းနိုးနိုးနှ​င့်ချီတုန်းချုတုန်းဖြစ်နေစ​ဉ် တစ်ယောက်ကိုတစ်ယောက် ငွေကြေးမည်မျှပါကြောင်းပြော​ကာ ခရီးစရိတ်လုံလောက်သောကြောင့်​သွားရန်စီစဉ်ပြီးကောလင်းသို့ခရီးထွက်ခဲ့ကြပါသည်။ ကောလင်းတွင်သူငယ်ချင်းများေ​ပြာပြချက်အရထူးထူးခြားခြားမ​င်္ဂလာပွဲရှိကြောင်း ၀န်းသိုနယ်ထဲမှာပဲဖြစ်ကြောင်းသိရပါသည်။ထို့ကြောင့်ဝန်သိုသို့သွားရန်ထက်စိုင်ပြင်ရ​ပြန်ပါသည်။ ချောင်းဆုံရွာတွင် သတို့သားတစ်ယောက်နှင့်သတို့​သမီးနှစ်ယောက်တို့ တပြိုင်နက်မင်္ဂလာဆောင်ခြင်ြး​ဖစ်ကြောင်းသိရသောအခါအလွန်အင်မတန်မှစိတ်ဝင်စားခဲ့ပါတော့​သည်။ အမှတ်တရဓာတ်ပုံများကိုဓာတ်ပုံဆရာများကရိုက်ကူးပေးသည်မှာကြည်နူးစရာလဲအလွန်ကောင်းသည်။(ထိုအခါက တိုင်းမှုးသည်လည်းကောလင်းနယ်​ဘက်သို့ေ၇ာက်နေရာအလွန်တရာမလူပြောများနေသောမင်္ဂလာပွဲသို့​လာေ၇ာက်ကြည့်ရူ့ခဲ့သည်ဟုသိရ​ပါသည်။ကျွန်တော်တော့မတွေ့လိုက်ရပါ။)ချိန့်ချိန်သဲမျှကျ​င်းပသောမင်္ဂလာပွဲကိုအလွန်တရာ​စိတ်ဝင်စားမှုရှိရာမှာရွာခံတ​စ်ယောက်ကိုမေးကြည့်ရာ သတို့သမီးတစ်ဦးမှာ ရွာခံဖြစ်ပြီး ကျန်တစ်ဦးမှာရွှေတော(ဖတ်ရှည်)မှဖြစ်ကြောင်းသိရသည်။အကြောင်းစုံကိုသိရန်မေးမြန်းခဲ့​ပါသည်။

    2008ခုနှစ်တွင် ရွာခံသတို့သမီးမနှင်းဆွေနှင့် မောင်မင်းမင်းစို့တို့ချစ်ခ​င်စုံမက်ရာ လူကြီးမိဘများကိုအသိပေးခြဲ့​ကလေသည်။သတို့သားဘက်မှအလွန်ချို့တဲ့သည့်အလျှောက် သတို့သားမိဘများကလည်းတောင်း​ရန်းလက်ထပ်မပေးနိုင်ပေ။ထို့​ကြောင့် မောင်မင်းမင်းစိုးမှာ ချစ်သူနှင့်ပေါင်းဖက်နိုင်ရ​န်အလိုငှာ ရွှေတော ခေါ် ဖတ်ရှည်သိုကအရင်းအနှီးရှာရန် ချစ်သူကိုဇာတိကျေးရွာတွင်ထားခဲ့ကာ ခရီးထွက်လေတော့သည်။ လုပ်ရင်းကိုင်ရင်းမှ နည်းနည်းပါးပါးအဆင်ပြေသောအခါတွင်မောင်မင်းမင်းစိုးသည်တ​စ်ရွာတစ်ယောက်ဆိုသလို့ ရင်းနှီးသော ဖတ်ရှည်မှ မပိုပိုနှင့်ရည်းစားဖြစ်ပါေ​တာ့သည်။မပိုပိုကိုလည်းချစ်သ​ည်။ဇာတိတွင်ကျန်ခဲ့သောမနှင်းဆွေကိုလည်းချစ်သည်။ အလွန်ခက်ခဲသောပြသနာကိုမောင်​မင်းမင်းစိုစတင်ရင်ဆိုင်ရတော့သည်။ အမျိုးသမီးနှစ်ဦးကလည်းအလျှော့မပေး တင်းမားနေကြရာမည်သူကမှအဆုံး​အရှုံးမခံနိုင်ကြချေ။ မောင်မင်းမင်းစိုးကိုနှစ်ဦးနှစ်ယောက်လုံးကရယူလိုကြလေေ​တာ့သည်။ထိုအခါ အမျိုးသမီးနှစ်ဦးကအပြိုင်အ​ဆိုင်ပြိုင်ကြရာမှ ထိုမင်္ဂလာပွဲစတင်ဖြစ်ပေါ်လာပါ​တော့သည်။မိဘဆွေမျိုးများကဘယ်လိုပင်တားတား အလျှော့မပေးကြပေ။ငယ်ရွယ်ကြေ​သ်ာလည်း မာနကိုယ်စီနှင့်ပြိုင်ကြရာသုံးယောက်သားတစ်ရက်တည်းမင်္ဂလာ​ဆောင်သည်အထိဖြစ်ပေါ်လာပါတော့​သည်ခင်ဗျာ အမှားပါရင်လည်းခွင့်လွှတ်ကြပါဗျာ ကျွန်တော်လည်းတွေ့ဖူးတာလေးမို့တင်လိုက်ရတာပါ။
    (မှတ်ချက်။ ။ကျွန်ုပ်သိသမျှဖြစ်ပါသည်။ဓာတ်ပုံများမှာလည်းမူရင်းအတိုင်းဖြစ်ပါသည်။)

  1. Ko Htay said... :

    မင်္ဂလာမောင်မယ်များ အဆင်ပြေပြေနဲ့ အိုအောင်မင်းအောင် ပေါင်းရပါစေလို့ ဆုတောင်းပါတယ်။
    သဘောထားကြီးလှတဲ့ မိန်းကလေးနှစ်ဦးအပါအ၀င် ဆွေမျိုးများ၊မိဘများအနေနဲ့ ဒီအဆင့်ထိရောက်လာအောင် ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရမှာပါ။ သူတို့အားလုံးရဲ့ ကြီးမားတဲ့မေတ္တာတရား၊ စာနာနားလည်မှုဟာ လေးစားစရာပါ။ အထူးသဖြင့် သတို့သားဘက်က ကုံလုံကြွယ်ဝသူများမဟုတ်ဘူးဆိုတဲ့အချက်က မိန်းကလေးများရဲ့စွန့်လွှတ်နိုင်မှုနဲ့မေတ္တာကို ပိုထင်ရှားစေမလားပဲ။ သူတို့ကို လေးစားပေမဲ့ အခုလိုအစဉ်အလာကြီးကိုတော့ သိပ်အားမပေးချင်ပါဘူး။ ဥပဒေဘက်ကကြည့်ရင်တော့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ မယားပြိုင်ဆိုတာ တရားဝင်ဖြစ်ပါတယ်။
    ဖော်ပြပေးတဲ့ဧရာဝတီကိုကျေးဇူးတင်ပါတယ်။

  1. အင် ကလားတွေကို အားကျလို့ ဗမာတွေ အတုယူတာဖြစ်မယ်

  1. Anonymous said... :

    မူရင်းကကို လွဲနေတာဟ

  1. pepe said... :

    Guy is so indecisive,...If he meet third girl at another town, he will take same ridiculous argument as he also love her and face with same problem again..like a med dog.

    Girls are also unwise and low educated. They cant see right or wrong under much influence of own jealousy.

    Did not see any smile and happiness on their faces in wedding photos..

    Most of all, all their parents are quite stupid. No proper explanation and guide line to their kids.

    Wondering what kind of miserable life they will be face ahead...!!!

  1. pepe said... :

    Adding to my above comment..There are some traditions i.e Islam, Chinese, etc, man can have 2-3 wife, ..but under the strict condition, this man must be able to support all his wifes equally...Then the wifes also agree the conditions and willing to accept to be a part of family.

    But the guy situation is quite different.., he not yet build-up even his own life to be a proper condition, how come he dare to admit to take responsibilities of others' daughters (this two girls) ....then their future kids...babies...that may be a reason poor lives are getting deeper...

  1. Anonymous said... :

    (ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)ဆိုတာ အောက်ပြည်အောက်ရွာမွန်ပြည်နယ်မှာရှိပါတယ်။အခု ဓါတ်ပုံရှင်တွေရဲ့စာမှာဖေါ်ပြထားတဲ့နေရပ်နဲ့တခြားးစီပါကွယ်။)ဆိုသူအတွက် ချောင်းဆုံတွေကို ဖော်ပြလိုက်ပါတယ်။

    ချောင်းဆုံကျေးရွာစု

    VillageTract : *
    Town : *
    SubTownship : *
    Township : ရွှေဘိုမြို့နယ်
    District : ရွှေဘိုခရိုင်
    State/Division : စစ်ကိုင်းတိုင်း

    ချောင်းဆုံကျေးရွာစု(တောင်)(မြောက်)

    VillageTract : *
    Town : *
    SubTownship : *
    Township : တန့်ဆည်မြို့နယ်
    District : ရွှေဘိုခရိုင်
    State/Division : စစ်ကိုင်းတိုင်း

    ချောင်းဆုံမြို့

    VillageTract : *
    Town : *
    SubTownship : *
    Township : ချောင်းဆုံမြို့နယ်
    District : မှောလမြိုင်ခရိုင်
    State/Division : မွန်ပြည်နယ်

    ချောင်းဆုံရွာ(အနောက်)

    VillageTract : ဇဂျမ်းကျေးရွာစု
    Town : *
    SubTownship : *
    Township : တောင်သာမြို့နယ်
    District : မြင်းခြံခရိုင်
    State/Division : မနဿတလေးတိုင်း

    ချောင်းဆုံရွာ(အလယ်)

    VillageTract : ဇဂျမ်းကျေးရွာစု
    Town : *
    SubTownship : *
    Township : တောင်သာမြို့နယ်
    District : မြင်းခြံခရိုင်
    State/Division : မနဿတလေးတိုင်း

  1. Nwe Life said... :

    ငါကတော့စားလို့ မကောင်းတော့ဘူး

  1. Nwe Life said... :

    ဗိုလ်ချုပ်မှူးကြီသန်းရွှေသမီးထက်တောင်သာသွားပြီ

  1. မိုက်တယ်နော်...သတိုသမီးတွေကလည်းသူ့ကိုချစ်လိုက်ကြတာနော်...အဝေမတည့်လို့.၇န်မဖြစ်ကြပါစေနဲ့..ဟိဟိ

  1. ko ko moe said... :

    comment တွေကြည့်ရတာ အပျော်အပျက်သဘောတွေရော...အမြင်မကျယ်တာတွေရော..အဆိုးမြင်သမား..အကောင်းမြင်သမား တွေပါရောနေရဲ့..မြန်မာနိုင်ငံ တရားဥပဒေအရ ယောကျားတစ်ယောက်က မိန်းမ နှစ်ယောက်မကဘူး အများကြီးယူလို့ရတယ်..။ တရားဝင်နော်..။ တစ်ဦးနဲ့ ကွာရှင်းပြီးမှ ရယ်မဟုတ်ဘူး..။ သည်တော့ အပြစ်မဟုတ်ဘူး..။ တစ်လင်တစ်မယားစနစ်မဟုတ်ပေမယ့် မေတ္တာအခြေပြုပြီး ဖြစ်လာတဲ့ သုံးပွင့်ဆိုင် အိမ်ထောင်ရေးဆိုရင်လည်း မမှားသေးဘူး..ရာဂ စိတ်ပြင်းထန်ပြီး ပြုမိ လုပ်မိတဲ့ အပြုမှုဆိုရင်သာ ဘုရားရှင်က ရှုတ်ချမှာမို့ မှားတယ်..။ ထူးဆန်းတာတစ်ခုကတော့ practical လေ့လာသူတွေကတော့ သည်လို သုံးပွင့်ဆိုင် အိမ်ထောင်ရေးတွေက ပြဿနာမရှိတာများတယ်ဆိုတာပါပဲ..။ လင်မကောင်းရင် မယားနှစ်ယောက်က စည်းရုံးသွားပြီး...မယားတစ်ယောက်မကောင်းရင် ကျန်နှစ်ယောက်က ok နေမယ်..။ ကြာလာရင် စိတ်ထားပြည့်ဝလာကြမယ်လို့ ဆိုပါတယ်..။

  1. a said... :

    ဟိုသီချင်းလေး သွားသတိရတယ်။ ဒို့ များလဲအားကျပါရဲ့ မင်းလိုပုံနယ်.တောင်ပံလေးများရနိုင်ရင်တော့လိုချင်သားကွယ်.....တောင်ပံတော့မလိုချင်တော့ဘူး....မောင်မင်းမင်းစိုး လိုပဲ လိုချင်တယ်...မင်္ဂလာဦး ည ကိုဘယ်လိုကျော်ဖြတ်လိုက်ကြလဲ လို့ တော်တော်သိချင်နေတယ်။ ဟီဟိ

  1. Anonymous said... :

    three some

  1. naymin said... :

    ကောင်းလိုက်တဲ့ပို့စ်ဗျာကြားတောင်ကြားဖူးပါဘူးဗျာတော်လိုက်တဲ့ကောင်လေးဗျာ

  1. Anonymous said... :

    100% agree with them.Innocent.

  1. Anonymous said... :

    wow!! what a great new we have here!! a guy marrying 2 chicks?? it is not something new actually...most of the rich old hogs have done it before...the only difference is that this guy has no money to celebrate individual weddings so just shoot two birds with a stone..this is nothing to be proud of...what a disgrace!!

  1. ISMET H said... :

    you are very lucky my friend even i dont know you i m from europe... have fun

  1. နွားနှစ်ထပ်ကွမ်း... XD

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved