မြို့ပတ်ရထားလုပ်ငန်း ပုဂ္ဂလိက လွှဲမယ်

Friday, July 22, 2011

၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာက ကြော်ငြာ


ရန်ကုန်မြို့က လောလောဆယ် မြန်မာ့မီးရထားက တာဝန်ယူနေတဲ့ မြို့ပတ်ရထား ပြေးဆွဲမှု လုပ်ငန်းတွေကို ပုဂ္ဂလိကကို လွှဲမယ်လို့ ဆိုပါတယ်။

Bi Weekly ဂျာနယ်မှာ ဖော်ပြချက်အရ ရန်ကုန်တိုင်းအတွင်း မြို့ပတ်ရထားကို တွဲဆိုင်း ၂ ဆိုင်းနဲ့ နေ့စဉ် ခေါက်ရေ ၂၀၀ လောက် ပြေးဆွဲနေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့မှာ နေ့စဉ် ခရီးသွားလာသူ ၃.၅ သန်းရှိပြီး ၈၅ ရာခိုင်နှုန်းက လိုင်းကားကို အသုံးပြုကာ ၃ ရာခိုင်နှုန်း (၁ သိန်း ၃ သောင်း) က မြို့ပတ်ရထားသုံးတယ်လို့ အဲဒီဂျာနယ်မှာပဲ ဆက်လက် ဖော်ပြထားပါတယ်။

မီးရထားကို အားထားရသူတွေ (ဓာတ်ပုံ - ဧရာဝတီ)

အဆင့်မြင့် မီးရထား စက်ခေါင်းတွေကိုလည်း သုံးသွားမှာဖြစ်ပြီး ပုဂ္ဂလိက ပြောင်းလဲပြီးနောက် ရထားလက်မှတ် ဈေးနှုန်းတွေ တအားမတက်အောင်လည်း ထိန်းပေးမယ်လို့ သက်ဆိုင်ရာကတော့ ဆိုပါတယ်။

လိုင်းကားတွေ အလုပ်ဆင်း အလုပ်တက်ချိန် အလွန်ကြပ်ညပ်နေဆဲမို့ မြို့ပတ်ရထားက လိုအပ်ချက်ကို ဖြည့်ပေးနိုင်မယ်ဆိုရင်တော့ ကောင်းတာပဲလို့ ပြောချင်ပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved