အကျဉ်းထောင်မှ မိုင်းကွင်းသို့ ...

Wednesday, July 13, 2011

“စစ်သားတွေက ပြောတယ်၊ မင်းတို့ မနက်ဖြန်အထိ အသက်ရှင်နေသေးရင် ကံကောင်းလို့ပဲ တဲ့”

“စခန်းကို ကျနော်တို့ ရိက္ခာတွေ သယ်ပို့ပေးရတယ်။ ပေါ်တာ တယောက်က မိုင်းနင်းမိပြီး ခြေထောက် ပြတ်သွားတယ်။ စစ်သားတွေက သူ့ကို ဒီအတိုင်း ထားခဲ့တယ်။ သူက ကြောက်ရွံ့ထိတ်လန့် နေပေမယ့် ဘယ်သူမှ မကူနိုင်ဘူးလေ။ စခန်းကနေ ပြန်ဆင်းလာတော့ အဲဒီ မိုင်းနင်းမိတဲ့လူ သေနေပြီ”


ဒီစကားတွေကတော့ ယနေ့ထုတ်ပြန်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)နဲ့ ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG) တို့ မှတ်တမ်းတင်ထားတဲ့ “လမ်းလျှောက်နေရသည့် သေလူ - မြန်မာပြည်အရှေ့ပိုင်း စစ်မျက်နှာစာမှ အကျဉ်းသား ပေါ်တာများ” အမည်ရှိ အစီရင်ခံစာက ကောက်နုတ်ချက်ပါ။

သတင်းကို ဒီနေရာမှာ ဖတ်ပါ။ သတင်းမှာ မတင်ထားပေမယ့် အစီရင်ခံစာထဲက ပုံတွေကို ဒီဘလော့ဂ်ကနေ ဖော်ပြလိုက်ပါတယ်။


၂၀၁၁ ခုနှစ် အစောပိုင်းမှာ ကရင်ပြည်နယ်ထဲမှာ အစိုးရစစ်သားတွေကို အရပ်သား ပေါ်တာတယောက် (အလယ်က အရပ်ဝတ်နဲ့လူ) ကို တွေ့ရတာပါ။ ဘယ်ရွာကနေ ချောဆွဲလာလဲတော့ မသိပါဘူး။ (ဓာတ်ပုံ - Free Burma Rangers)

ကရင်ပြည်နယ် မြောက်ပိုင်းတနေရာမှာ ရော့ကက်နဲ့ ကင်းလှည့်နေတဲ့ တပ်ကြပ်တဦး။ (ဓာတ်ပုံ - Free Burma Rangers/2011)

ကရင်ပြည်နယ်ထဲမှာ စစ်တပ်နဲ့အတူ ရှေ့တန်းကို ရောက်လာတဲ့ အကျဉ်းသား ပေါ်တာ တဦးပါ။ (ဓာတ်ပုံ - FreeBurma Rangers/2011)

ကရင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်နဲ့အတူ တွေ့ရတဲ့ အကျဉ်းသား ပေါ်တာတွေ (ဝတ်စုံ အပြာနဲ့) ပါ။ (ဓာတ်ပုံ - Free Burma Rangers/2011)

အကျဉ်းသား ပေါ်တာတွေ သယ်ပိုးရတဲ့ မော်တာ ကျည်ဆန်တွေပါ။ (ဓာတ်ပုံ - Karen Human Rights Group)

၂၀၀၆ တုန်းက ကရင်ပြည်နယ် မြောက်ပိုင်းတနေရာမျာ အစိုးရတပ်တွေက သတ်ထားခဲ့တဲ့ အကျဉ်းသား ပေါ်တာတွေပါ။ (ဓာတ်ပုံ - Karen Human Rights Group/2006)

အကျဉ်းသား ပေါ်တာတွေ သယ်ရတဲ့ မော်တာကျည်နဲ့ မြေမြှုပ်မိုင်းတွေ (ဓာတ်ပုံ - Karen Human Rights Group/2011)

ကရင်ပြည်နယ် မြောက်ပိုင်းက ရွာတရွာကို စစ်တပ်နဲ့ အကျဉ်းသား ပေါ်တာတွေ ဖြတ်သွားနေကြတုန်း ရိုက်ထားတာပါ။ (ဓာတ်ပုံ - Karen Human Rights Group/2011)

စစ်တပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသား ပေါ်တာတဦး။ ပစ္စည်းတွေ ဘယ်လောက်ထမ်းခဲ့ရတယ်ဆိုတာ သူ့ပုခုံးပေါ်က အမာရွတ်တွေကို ပြနေတာ (ဓာတ်ပုံ - Free Burma Rangers/2008)

25 comments :

  1. အိုပါး (ခေတ္တကိုရီးယား) said... :

    စစ်သားတွေဘဝက တကယ်သနားစရာကောင်းပါတယ်ဗျာ
    ပေါ်တာက အမြဲရတာမဟုတ်ဘူး
    အကြိမ် ၅၀ ရှေ့တန်းထွက်မှာ တစ်ခါလောက် ပေါ်တာရရင် ကံကောင်းပဲ
    ကျန်တဲ့အချိန်တွေဆို သူတို့ဘာသူ ပစ္စည်းလည်းသယ်ရ၊ စစ်လည်းတိုက်ရနဲ့
    ခုမြင်ရတဲ့ပေါ်တာတွေတောင် ဒီလောက် စုတ်ပျက်ပင်ပန်းနေရင် စစ်သားတွေက သူတို့ထက်ပိုပြီး အဆပေါင်းများစွာ ပင်ပန်း နာကျင်နေကြမှာ အသေအချာပဲ

  1. Anonymous said... :

    If So, u can go back from korea and go help your brother in law soldier at front line. you will be warmly welcome :)

  1. mya said... :

    အိုပါး
    ပေါ်တာအစား မင်းသွားထမ်းသင့်တယ်။

  1. Anonymous said... :

    အိုပါး ဆိုတဲ့လူက န အ ဖ အသိုင်းအ၀ိုင်းနဲ့ မကင်းလောက်ဘူး ... စစ်သားတွေကို သနားတယ်ပြောနေလို့ပါ ... စစ်သား ဖြစ်ရင် ခန္ဓာကိုယ်နာကျင်တာ အသာထား အသက်တောင်စတေးရတယ်ဆိုတာ သိရက်နဲ့ စစ်ထဲဝင်ကြတာလေ ... ဒါလေးတောင် မလုပ်နိုင်ဘူးဆိုမှတော့ ဖြတ် ဖောက်ချုပ်တွေကို အစိမ်းရောင် ဆိုးပြီး ရှေ့တန်းကို လွတ်နေတာတော့ မဟုတ်လောက်ပါဘူး ... လူစိတ်မရှိလို့ ပြည်သူတွေကို အနိုင်ကျင့်တယ်ဆိုတာကိုကျတော့ မပြောဘူး ..

  1. Anonymous said... :

    မင်းလိပ်စာရေးထားခဲ့လေ၊ နောက်လိုတယ်ဆို မင်းသွားသယ်ပေးလိုက်ပေါ့

  1. မောင်ဘကောင်း said... :

    ကိုးရီးယားမှဆိုသော အိုပါးခင်ဗျား - တပ်မတော်သားတွေ ဒုက္ခအတိရောက်နေကြရတာ၊ ပြည်တွင်းစစ်တွေ မငြိမ်းနိုင်သေးတာ ဘယ်သူတွေတစ်တရားခံပါလဲဆိုတာကိုလဲထည့်ပြောစေချင်ပါတယ်၊ သူတို့ခမျာ အာဏာရှင်တစုရဲ့စေလိုရာစေခိုင်းခံဘဝ၊ ဘာမှအာမခံချက်လဲမရှိရှာတဲ့ဘဝ၊ အထက်အရာရှိအတော်များများနဲ့ အာဏာရှင်တစုကတော့ ဆီပူထောပတ်စား စည်းစိမ်ယစ်နေကြတာကိုရော ထိုထိုသောတပ်မတော်သားအပေါင်း သိနေမှာပါ။

  1. Anonymous said... :

    ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ၊၊ ခွေးဖြစ်မှတော့ မစင်ရွံလို့မရသလို စစ်သားဖြစ်မှတော့ သယ်ရ ပြုရ တိုက်ရတာတွေ စကားထဲထည့်ပြောလို့မရပါဘူး၊၊ အခုနေများ မြန်မာပြည်က ထိုင်းတို့ တရုပ်တို့နဲ့ တိုက်ရကြည့် ကိုယ့်သဘောနဲ့ကိုယ် လုပ်အားပေးမယ့် လူတွေတပုံကြီးပဲ၊၊ တပ်မတော်သားတွေ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုရဲ့ အကျိုးရလဒ်ကို မသိပဲ ကြိမ်တို့လိုက်တိုင်း ရုန်းနေရတဲ့ နွားလိုတော့ မဖြစ်ကြပါနဲ့၊၊

  1. Anonymous said... :

    ပစ္စည်းသည်ရမှာ မြည်းတွေ လားတွေ အလုပ်လေ.

  1. Anonymous said... :

    မြန်မာနိုင်ငံမှာ မလိုအပ်ပဲတိုက်နေတဲ့ စစ်ပွဲတွေက ပိုများနေတယ်။ နိုင်ငံတော်ကို အသက်ပေး ကာကွယ်ချင်တဲ့ တပ်မတော်သားတွေက ကိုယ့်အကျိုးကိုပဲ ကာကွယ်နေတဲ့ တပ်မတော်သားတွေကို တိုက်ရင် ဒီလောက်တောင်တိုက်စရာ လိုမှာ မဟုတ်ဘူး။
    နိုင်ငံတော်ရဲ့စစ်သားကောင်း၊ တပ်မတော်သားစစ်စစ်တွေက မှားယွင်းနေတဲ့ အာဏာနဲ့ လွဲမှားနေတဲ့ အမိန့်တွေကို
    ဘယ်တော့မှ ကြောက်တဲ့စိတ်နဲ့ လက်ခံမှာ မဟုတ်ဘူး။

  1. Anonymous said... :

    စစ်သားတွေကို သနားရင် မင်းသွားထမ်းကူပေးလိုက် ... ဒီထဲမှာ လာအူပြမနေနဲ့ .... ကြည့်ရတာ ..... အိုပါးဆိုတဲ့ကောင်ဟာ ကြပ်မပြည့်တဲ့ ပေါကြောင်ကြောင် ဖေါ်လံဖါး လက်ကိုင်ဒုတ်တကောင်ပဲ ဖြစ်မယ် .......

  1. Anonymous said... :

    To Mr O Par (from Korea) If you fee sorry to Burmese government solder you can go to help them like a Potter and then you will know it.

  1. Anonymous said... :

    အဲ့ဒီလောက်တောင် စစ်သားတွေကို သနားရင် မင်းကိုယ်တိုင် သွားကူထမ်းပေးလိုက်ပါလား။

  1. ကိုသစ္စာ said... :

    ခင်ဗျားပြောတာကိုကျနော် သဘောသူပါတယ်
    ဒါပေမယ့် အဲဒီစစ်သားတွေကိုယ်တိုင်ကသူတို့လမ်းကိုသူတို့ရွေးချယ်သင့်ပါတယ်
    အခုခင်ဗျားပြောတဲ့ ရှေ့တန်းကိုအကြိမ်(၅၀) ဘာကြောင့်ထွက်နေကြတာလဲ ပြည်ပကလာပြီးကျူးကျော်စစ်တွေဖြစ်နေလို့လား ကိုယ့်လူမျိုးတမြေတည်းနေ တရေတည်းသောက်နေကြတဲ့တိုင်းရင်းသားအချင်းချင်း
    တိုက်ဖို့အထက်ကပေးလာတဲ့အမိန့်တွေကို
    စစ်သားတွေ ဘာလို့ လိုက်နာနေကြတာလဲ ပြည်တွင်းမှာ ဘာလက်နက်မှမရှိတဲ့ အရပ်သား ကျောင်းသား ရဟန်းသံဃာတွေ အမျိုးသမီးတွေ အစရှိတဲ့သူတွေတောင် မတရားတဲ့စစ်အစိုးရရဲ့ အမိန့် တွေကို ဆန့်ကျင်နေကြတာသူတို့မကြားကြဘူးလား မသိကြဘူးလား သူတို့ကစစ်သားတွေ သူတို့ရဲ့လက်ထဲမှာ လက်နက်တွေရှိတာဘဲ သူတို့လဲတ်တနှိုင်တဲ့ဖက်က ဆန့်ကျင်ဖို့သင့်တာပေါ့ မှန်ကန်တဲ့လမ်းကို ကိုယ်ကမလျှောက်ရဲရင်နေပေါ့ ဘာမှမဆိုင်တဲ့ အရပ်သားပြည်သူတွေကို ရှေ့တန်းမှာ ပေါ်တာအဖြစ်အသုံးမပြုသင့်ပါ အဲဒီအရပ်သားပေါ်တာတွေထဲမှာ အဲဒီစစ်သားတွေရဲ့ မိဖတွေ ညီအကိုမောင်နှမတွေ ဆွေမျိုးသားချင်းတွေဆိုရင်ရော သူတို့ဘယ်လိုခံစားကြမလဲ သူတို့ကိုယ်တိုင် ပေါ်တာအဖြစ်အသုံးပြုခံခဲ့ရမယ်ဆိုရင်ရော......စစ်သားတွေကို စဉ်းစားစေချင်ပါတယ်
    စစ်သားတွေ မှန်ကန်တဲ့လမ်းကို ရွေးချယ်ပြီး
    နိုင်ငံတော် နှင့် နိုင်ငံသားတို့ရဲ့ သစ္စာကိုစောင့်သိရိုသေနှိုင်ကြပါစေ။

  1. Anonymous said... :

    စစ်သားထဲကမင်းပထွေးပါလို့လား ။

  1. Anonymous said... :

    စစ်သားတွေထဲမှာမင်းပထွေးပါလားကွ ။

  1. Anonymous said... :

    အိုပါး...မင်းအဖေစစ်သားတွေကိုသနားရင်မင်းအမျိုးတွေကိုပေါ်တာအဖြစ်အလှုူပေးလိုက်ပါလားကွ
    ဦးကျွမ်းကြီး။။။

  1. Anonymous said... :

    ဟ အိုပါးရ။ အားလုံးက သနားစရာပါကွာ။ စစ်ရယ်လို့ဖြစ်လာရင် ခေါင်းဆောင်တွေကလွဲရင် ကျန်တဲ့သူတွေက သနားစရာတွေပါ။ စစ်ဖြစ်ရင် ခေါင်းဆောင်တွေက အဲယားကွန်းခန်းထဲမှာ ဘီယာသောက်ပြီး ဟိုးနားလေးတိုက်လိုက်၊ ဒီနားလေးတိုက်လိုက်၊ ပါးစပ်လေးနဲ့ပဲ တိုက်နေတာကွ။ ခေါင်းဆောင်နှစ်ယောက်ရဲ့ ဒေါသတွေ၊ အတ္တတွေကြောင့်ပဲ စစ်ဖြစ်ရတာ။ ဘာရယ်၊ ညာရယ်တွေက အကြောင်းပြတာတွေပါ။ ခုမြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကလဲ ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးဖက်ပြီး ချမ်းသာချင်တယ်၊ အနိုင်လိုချင်တယ်၊ .... ဆိုတဲ့ အတ္တကင်းပါတယ် အများအကျိုးအတွက်လုပ်တာပါလို့ ဘယ်သူအာမခံနိုင်သလဲ။ ဗိုလ်ချုပ်အောင်ဆန်းလိုများ ဘယ်သူတွေက အတ္တကင်းကင်းနဲ့ လုပ်နိုင်သလဲ။ ပိုသနားစရာက ပေါ်တာလို့ခေါ်တဲ့ မဆီမဆိုင် ပဲကြီးလှော်ကြား ဆားညပ်ခံရတဲ့သူတွေနဲ့ ပြည်သူတွေကွ။ သူတို့မှာ တိုက်ပွဲဖြစ်လာရင် ခုခံစရာ လက်နက်ရယ် မရှိ၊ ဖျားနာ ဒဏ်ရာရရင် စစ်သားတွေက အလုပ်ရှုပ်ခံပြီး ခေါ်သွားမှာတဲ့လားကွာ။ ပြည်သူတွေ မဆီမဆိုင် ခံလာရရရင်ကော ဘယ်ဆေးရုံက အလကားကုပေးမှာလဲကွာ။ စစ်သားဆိုတာက စစ်တိုက်ရမှာ သူ့အလုပ်ပါကွာ။

  1. zy said... :

    အိုပါး (ကိုရီးယား)

    စစ်သားတွေကို သနားရင် မင်းသွားပြီး ထမ်းပေးလိုက်ပါလား။

    ဘာလို့ ကိုရီးယား (နိုင်ငံခြား) မှာနေ နေတာလဲ။

    မိတ်ဆွေ ပြန်စဉ်းစားပါဦး။

    စစ်သားက ကြံ့ခိုင်ရေးကစလို့ အားလုံးသင်ကြားထားပြီးသား။

    အရပ်သားက ဘာမှသိတာမဟုတ်ဘူး။

    တခုခုဖြစ်ရင် သေရုံပဲ။


    ပစည်းထမ်းတဲ့ ကိစကို ဖြေရှင်းဖို့ တခြားနည်းလမ်းလဲ စဉ်းစားကြပါဦး

  1. Anonymous said... :

    ဟေ့ကောင် အိုပါး မင်းပထွေးတွေကြတော့သနားတယ်လား အကျဉ်းသားတွေကြတော့ မင်းဘယ်လိုပြောမလဲ စစ်သားဆိုတာကိုယ့်တာဝန်ကိုယ်ယူမှပေါ တရားသောစစ်ဆိုရင် အကျင်းသားမှမဟုတ်ဘူး ပြည်သူတရပ်လုံးကကူညီကြမှာ။ ခုဟာက အာဏာတည်မြဲရေးစစ်ကွ လဒရ.....

  1. Myanmar said... :

    အိုပါး....

    သနားစရာကောင်းတယ်ဆိုရင်မင်းညီအကိုမောင်နှမတွေ ဆွေမျိုးသားချင်းတွေ သွားသယ်ပေးလိုက်ပေါ့.....

်မသာရဲ့ ..

  1. Anonymous said... :

    ဟိဟိရီရတယ်။သတင်းကိုမဝေဘန်ဘဲနဲ.အိုပါးကိုဝေဘန
်နေ
ြဲ့ကတယ်။ သနားစရာအိုပါး။

  1. zinko said... :

    အိုပါးရေ
    မြန်မာထဲမှာ မင်းလိုမျိုး ကိုယ့်အတွေးကိုကိုယ် ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ပြောဝံ့သူရှိသေးလို့ ၀မ်းသာမိပါတယ် .. သိပ်မှန်တာပေါ့ကွာ ... မြန်မာနိင်ငံက စစ်သားတွေရဲ့ ဘ၀ကတွေးကြည့်ရင် မျက်ရည်လည်စရာပါပဲ (စစ်သားဆိုတာ အကြပ်စစ်သည် ကိုပြောပါတယ် အပွင့်အခတ်တွေနဲ့ စစ်ခွေးများမပါပါ) လူတွေကလဲ သေချာမသိပဲ ဘယ့်နဲ့ကြောင့်များ ၀ါလုံ့းအရှည်နဲ့ ရမ်းနေရတာလဲ ... (တိုင်းပြည်ချစ်သော စစ်သားများကို လေးစားသူ)

  1. Anonymous said... :

    အားလုံးသတိ

    အိုးပါးဆိုတာအကိုဆိုတဲ့အဓိပ္ပါယ်ပါ။ယောင်္ကျားလေးချင်းမသုံးပါဘူး။
    ကိုရီးယားကောင်မလေးတွေကကောင်လေးတွေကို ( အိုပါး) လို့ ချိုချိုလေးခေါ်ပြီး ဟိုဒင်း.......

    သနားစရာစစ်တပ်ကို နှမပေးထားတဲ့လင်းတ တကောင်အူတက်သေသွားနှိုင်ပါတယ်။
    သတိဖြင့်မန့်ကြပါကုန်။ ။

  1. အိုပါးနာမည် ဆိုတာချီးထုပ်ကြီး

  1. Anonymous said... :

    အိုပါးပြောတာမှန်ပါတယ်။ ကျွန်တော်ကအစိုးရကိုမကြိုက်ပါဘူး။ ဒါပေမဲ့ဗမာတစ်ယောက်ဖြစ်တဲ့ကျွန်တော်ဟာ ကိုယ်တပ်မတော်ကိုတော့ချစ်ရမှဘဲ။ကိုယ့်တပ်မတော်အင်အားကြီးမားတာကိုဘဲ မြင်တွေ့ချင်တယ်။ ဖြစ်နိုင်ရင် ကိုယ့်တပ်မတော်မှာ မဟာဗျူဟာမြောက်လက်နက်အကြီးစားတွေတောင် ပိုင်ဆိုင်စေချင်တယ်။ အခုစစ်တိုက်နေရတာကလဲ တိုင်းရင်းသားတွေက ဗမာအစိုးရလက်အောက်မှာမနေချင်လို့ဖြစ်နေရတာလေ။ မနေချင်ရအောင် ဗမာပြည်ကရှေးပဝေသဏီ ကတည်းက တည်ထောင်ခဲ့တဲ့နိုင်ငံတော်လေ။ မင်းတို့ တွေအားကျနေတဲ့ အမေရိကန်တို့၊ စင်္ကာပူတို့ သြစတြေးလျတို့လို့ ရာဂဏာန်းပဲရှိသေးတဲ့ နိုင်ငံတော်မဟုတ်ဘူး။ ကိုယ့်တပ်မတော်ကိုမကောင်းပြောတဲ့ကောင်တွေက ဗမာလူမျိုးတွေမှဟုတ်ရဲ့လား။ မျိုးချစ်စိတ်မရှိတဲ့သူတွေ။ အိုပါးကိုလေးစားပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved