အိုဘားမား လုပ်ကြံခံရကြောင်း Fox News ရဲ့ ဆိုရှယ်နက်ဝက်ခ်မှာ ဟက်ကာများ ဝင်ရေး

Wednesday, July 6, 2011

Credit - ABC

Fox News သတင်းဌာနရဲ့ နိုင်ငံရေးဆိုင်ရာ twitter အကောင့်မှာ ဟက်ကာတွေက ဝင်ရောက်ပြီး အမေရိကန် သမ္မတ အိုဘားမား လုပ်ကြံခံရပြီ ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဝင်တင်သွားခဲ့ပါတယ်။

Fox News က သူတို့ရဲ့ twitter အကောင့် အဟက်ခံရကြောင်း အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေးကို အကြောင်းကြားခဲ့ပြီး ဟက်ကာများကို ခြေရာခံနေဆဲ ဖြစ်ပါတယ်။

ဇွန်လ ၄ ရက်နေ့ မနက် မှာ ဟက်ကာတွေက သမ္မတ အိုဘားမား အိုင်အိုဝါပြည်နယ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတယ်ဆိုတာ အပါအဝင် ၆ ခုလောက် ဝင်ရေးသွားခဲ့ပါတယ်။ သမ္မတ အိုဘားမားက အဲဒီအချိန် အိမ်ဖြူတော်မှာ ရှိနေပါတယ်။

လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က ဒီကိစ္စကို စုံစမ်းနေဆဲဖြစ်ပြီး လောလောဆယ်မှာ မူအရ ဘာမှ ပြောဆိုပိုင်ခွင့် မရှိသေးဘူးလို့ ဆိုပါတယ်။

Ref: ABC

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved