Hot News နဲ့  SSC တရားရုံးမှာ တွေ့ ကြမည်

Sunday, July 10, 2011

သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ Hot News အယ်ဒီတာချုပ် (ဓာတ်ပုံများ - ဧရာဝတီ)

မိုးယံ

ရန်ကုန်မှာ ထုတ်ဝေတဲ့ Hot News ဂျာနယ်ဟာ တနှစ်ပြည့်ချိန်မှာ အမှန်တကယ် Hot ဖြစ်နေပါပြီ။

နာမည်ကျော်ဆေးရုံကြီးတခုက ဂျာနယ်ကို တရားစွဲလိုက်ပြီ ဆိုတော့ Hot ဖြစ်ပြီပေါ့။

SSC လို့ ခေါ်တဲ့ ပုဂ္ဂလိက ဆေးရုံကြီးက တရားစွဲထားတာပါ။
ဇွန် ၃ ရက်နေ့ထုတ် ဂျာနယ်မှာ "ပုဂ္ဂလိက ဆေးရုံ SSC ၏ ၀န်ဆောင်မှု" ဆိုတဲ့ ဆောင်းပါးပါ အချက်တွေဟာ မှားယွင်းနေတယ်လို့ ဆေးရုံက ယူဆပါတယ်။ မှားတာကို တောင်းပန်ပါ၊ မတောင်းပန်ရင် တရားစွဲမယ်လို့ ဆိုပါတယ်။

ဟိုတယ်/ခရီးကလည်း အလားတူ ပြောလာပါတယ်။

ဂျာနယ်က ဘယ်လို တုန့်ပြန်သလဲ??

လက်မခံနိုင်ဘူး ဆိုပြီး ဆေးရုံကြီးကိုရော၊ ဟိုတယ်/ခရီးကိုရော စာပြန်ထားပါတယ် တဲ့။
သောကြာနေ့က ရန်ကုန်မှာ Hot News က သတင်းစာရှင်းလင်းပွဲ လုပ်ပြီး အဲဒီလို ကြေညာလိုက်တာပါ။

ဆေးရုံ နဲ့ ဟိုတယ်/ခရီးတို့က တရားရုံးတက်မယ် ဆိုရင် "ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ပါပဲ" လို့ ဂျာနယ် အယ်ဒီတာချုပ် မဟေမာ (ခေါ်) မမ က ပြောလိုက်ပါတယ်။

Hot News ဘက်ကနေ လိုက်ပါ ဆောင်ရွက်ပေးမယ့် ရှေ့နေက ဦးသိန်းညွန့် ဖြစ်ပါတယ်။

“အခုလို နို့တစ် ပေးတာတို့၊ တရားစွဲတာတို့ သတင်းမီဒီယာတို့ကို နောင် မရေးနိုင်အောင် ချိုးနှိမ်ပစ်တာတို့ဟာ အခု သက်ရောက်နေတဲ့ ဖွဲ့စည်းပုံ အခြေခံ နဲ့ ညီညွှတ်မှု မရှိဘူး” လို့ ရှေ့နေလည်းဖြစ် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးသိန်းညွန့်က ပြောပါတယ်။

ဂျာနယ်ပိုင်ရှင် အယ်ဒီတာချုပ်က ဒု ဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်းရဲ့ သမီး ဖြစ်ပါတယ်။ ခင်ပွန်းသည်ကလည်း ဗိုလ်မှူးကြီးဟောင်းပါ တဲ့။

သတင်းဦးစားပေး Hot News ဂျာနယ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာတွေ တွေ့ရပါတယ်။

ဟိုတယ်/ခရီးက ကွိုင်ရှာတဲ့ ဆောင်းပါးကိုတော့ မကြာခင် ဒီဘလော့မှာ ဖော်ပြပေးနိုင်မှာပါ။

SSC ဒေါသောင်းကျန်းသူ ထစေတဲ့ ဆောင်းပါးကိုတော့ အလဲဗင်းမီဒီယာ ၀က်ဆိုက်မှာ ကြည့်နိုင်ပါတယ်။
အဲဒါ ပထမပိုင်းပါ။ ဒုတိယပိုင်းက စာပေစိစစ်ရေးဌာနရဲ့ ဓားချက် ထိသွားတယ်လို့ သိရပါတယ်။

15 comments :

  1. Anonymous said... :

    မနေ့ကပဲ ကျွန်တော်အစ်ကို ssc မှာဆုံးသွားတယ်..သေခါနိးမျောနေတာတောင်ကျောက်ကပ်ထပ် ဆေးချင်သေးတယ်.တော်သေးတယ်သေသွားလို့.မဟုတ်ရင်ခံစားပြီးမချိမဆန့်သေရမှာ..ဆေးရုံတင်ကတည်းက ဘာရောဂါမှန်းမသိရသေးပဲ ကျောက်ကပ်ဆေးရင် ကောင်းမယ်ဆိုလို့ဆေးလိုက်ရတာ တပတ်အတွင်း၃ခါဆေးရတယ်.လုံးဝသက်သာမလာတဲ့အပြင် အသက်ပါသေရတယ်..ဘာရောဂါမှန်းသိအောင်မကြိုးစားပဲ အထင်နဲ့ကုတာလေ. လူသေတာသူတို့အတွက်အရေးမကြီးဘူး ပိုက်ဆံရဖို့ ဆရာဝန်နဲ့ဆေးရုံညီညီညွတ်ညွတ် ပေါင်းကြံကြတာလေ...တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ဆေးရုံ.

  1. မောင်ဘကောင်း said... :

    ရက်တရာပြည့်သွားလို့ ဘာလုပ်ရမှန်းမသိသေးတဲ့ သမတကြီးကတော့ ယိုးမယ်ဖွဲ့တော့မယ် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ရမယ့်အချိန်မှာ ဒီလို ပြဿနာတွေ သောင်းခြောက်ထောင်ဝင်လာလို့ နှောင့်နှေးကြန့်ကြာနေရတဲ့အကြောင်း၊ ဒေါ်စုပုဂံဘုရားဖူးသွားလို့ လူတွေ ရုတ်ရုတ်သဲသဲနဲ့ တိုင်းပြည်ဆူပူမှာစိုးလို့ စောင့်ကြည့်နေရတဲ့အကြောင်းတွေကြောင့်လဲ တိုင်းပြည်တိုးတက်ရေးကဏ္ဍတွေမှာအလွန်နှောင့်နှေးနေရပါကြောင်း ဟိဟိ

  1. Anonymous said... :

    We have to be very careful, it's not only in there, it's everywhere, even in foreign countries. The medical professionals have to be honest and sincere. Professional does not mean know everything or can do everything. If they don't know, they have to say "I don't know, I cannot cure" that's all. Why let the people die without knowing that what is the actual disease.

  1. ကျွန်တော်လည်း SSc ဆေးရုံပိုရှင်ဇော်ထွန်းနဲ.ခုံရုံးတခုအတွက်တွေ.ဆုံဘူးပါတယ်။ အရမ်းကိုရိုင်းစိုင်းတဲ.လူယုတ်မာတယာက်ပါ။
    ဥပဒေကြောင်းရတွေ.ဆုံတာကိုရိုင်းရိုင်းစိုင်းစိုင်းပြောလိုက်ပါတယ်။ Hot NewsJournal တိုက်ကိုထောက်ခံပါတယ်

  1. Anonymous said... :

    ဆေးရုံတိုင်ဟာ အမှားကင်တဲဆေးရုံမရှိဘာဘူ
    နာမည်ကြီးပါတယ်ဆိုတဲ့ ဗန်ကောက်က Bumrungraတောင်အမှာမကင်းဘူးဗျာ ဒါပေမဲ့သူတိုကဝန်ခံတယ် ဘူးမညင်ဘူး
ဲမြန်မာနိုင်ငံကဆေးရုံဆိုတော့ မစဉ်စာနဲတော့
    အချိုသောဆရာဝန်တွေကစပ်စပ်ထိမခံဘူး
    သူတိုကိုယ်သူတို နတ်ဒေဝါများထင်းနေမသိ
    ခက်တာက တိကျတဲဥပဒေ နည်းစနစ်မရှိတာကြောင့်ဘဲ

  1. kyaw moe said... :

    ssc နဲ.ပတ်သက်ပြီးခံစားရတဲ့လူတွေအတော်လေးများပါတယ်။ LONDON ကအမကြီး တစ်ယောက်ရဲ.အဖေဆိုရင် သေပြီး ၁၀ နာရီကျော်တဲ့အထိ အလောင်းလာမယူပါဘူး။ငွေလည်းချက်ချင်းရှင်းပါတယ်။အခုအဲဒီ အမကိုဆက်သွယ်လို.ရယင်အထောက်အထားတွေ Hot News ကိုပို.ခိုင်းလိုက်ပါ့မယ်။ ပြီးခဲ့တဲ.၂လကလည်း ကျွန်တော့အမျိုးသမီးရန်ကုန်ပြန်တုန်း အိပ်မရလို.ဆေးသွားတောင်းတာ အရူးဆေးပေးလိုက်တယ်။ ကံကောင်းပြီး သူ.မတ်တော်မောင် စစ်ဆရာဝန်က အဲဒီဆေးတွေ.ပြီးချက်ချင်းသိမ်းသွားတယ်။ SSC ကိုလည်းအိမ်မှာထိုင်ဆဲသွားတယ်။ ဒီLONDON မှာဆို တရားဆွဲလို.သိပ်ကောင်းတာပေါ့။

  1. kyaw moe said... :

ှssc ကိုမေးလိုသောအချက်များ
    - day to day running လုပ်နေသော administrative ဝန်ထမ်းများရဲ့ပညာအရည်အချင်းများကိုသိလိုပါတယ် (ဆရာဝန်များကိုမဆိုလိုပါ၊ Hospital Management Course တက်ထားသူများသာ)
    -လူနာတစ်ယောက်ချင်းဆီအား Hostory taking, examination, Counselling)အချိန်ဘယ်လောက်ယူပါသလဲ
    -patient allocation ကိုမည်သည့် system သုံးပါသလဲ
    -ဆရာဝန်များနောက်ဆုံးတက်ခဲ့တဲ့ refreshment course DATE သိလိုပါတယ်
    -ျWaste Management ကိုဘယ်လိုလုက်ပါသလဲ

    အဲဒါလေးတွေဘဲအယင်သိချင်ပါတယ်။ ပါးပါးလေးပါ

  1. Anonymous said... :

    အကယ်၍ hot news ဂျာနယ် အတွက် ထောက်ခံချက်လိုရင် အများကြီး ပေးမယ့်သူတွေ
    SSC ဟာ ဘိုကင်လုပ်ထားပြီး သားလောက်ပဲ မဟုတ်ပဲ နဲ့ ရုတ်တရက်ဗိုက်နာ လို့ ရောက်သွားတဲ့ မွေးလူနာဆိုရင် သူတို့ က ဆေးကြီးတဲ့အခန်းကို အရင်ပေးတယ်။ တခြားအခန်းတွေရှိရဲ့သားနဲ့ ဖွက်ထားတယ်။
    လူနာသေပြီဆိုရင်လည်း ပိုက်ဆံအရင်ရှင်းခိုင်းတယ် နို့မို့ ဆိုရင် သေစာရင်းလား မထုတ်ပေးဘူး
ှSSC မှာ ရှယ်ယာပါတဲံ ဦးတင်မောင်အေး ရဲ့ ခွဲ မွေးမယ့် မွေးလူနာဆိုရင် ၁၀၀မှာ ဘယ်နှစ်ယောက် သွေး သွင်းရလည်း အရင်စစ်တမ်းကောက်ကြည့် ဦးတင်မောင်အေးဟာသူ့တစ်ပည့်တွေကို ခွဲ ခိုင်းတာများတယ် ခလေး ထုတ်လို့ လွယ်အောင် ဗိုက်ကို ကြီးကြီးဖွင့်တယ်။ ဦးတင်မောင်အေး လူနာနဲ့ တခြားခွဲ မွေးလူနာ ကို ဗိုက်ကို ဓတ်ပုံရိုက်ပြီးပဲ တင်အုန်း တခြားဆီ.
    SSC မိုက်ရိုင်းသော SSC ယခု ချိန်မှ စ၍ SSC သို့  မသွားပါနှင့် အားလုံးဝိုင်း၍ ကန့်ကွက်လျှင် သူတို့ လူနာမရနိုင်ပါ။

  1. SSC ပိုင်ရှင်ဇော်ထွန်း ကသင်ယူထားတာဆေးပညာပါ
    လက်ရှိ.လုပ်နေတာကဆောက်လုပ်ရေး ဒါကြောင်.သူ
    လူနောတွေကိုလူလို.တောင်မထင်တော.ဘူးလေ။
    လူနာတွေကိုဆောက်လုပ်ရေးသုံးတဲ.အုတ်သဲကျောက်
    ဘိလပ်မြေ သံချောင်းလုံးတွေကိုအဆောက်အဦးဆောက်
    လုပ်တဲ.အခါခိုသလိုပေါ.ဆေးတွေကိုခိုခိုင်းထားလို.ထင်ပါတယ်။ ဆေးကုတဲ.ဆရာဝန်တွေကအပြစ်မရှိ.ပါဘူး
    ဗျာ။ဆေးမကုဘဲဆောက်လုပ်ရေးလောဘသားဇော်ထွန်း
    မှာသာအပြစ်ရှိ.တာပါ။

  1. Anonymous said... :

    Where is MMA? The judicial System the media needs very professional and unbiased comments from the authoritative body. The public has the right to know what is right and wrong.

    It is time for transparancy, at least in health.

  1. Anonymous said... :

    ဆောင်းပါးပါအချက်အလက်များကို လေ့လာကြည့်မယ် ဆိုရင် Hot News ဂျာနယ် အမှုရှုံးဖို့များပါတယ်။ အမှုက အသရေဖျက်မှု၊ သူတပါးအကျိုးစီးပွားပျက်စေမှုတွေ ရယ်ပါ။ ဒီနေရာမှာ ဂျာနယ်က အဆိုပါဖြစ်စဉ်ကို အင်တာဗျူး အမေးအဖြေနဲ့ လူနာရှင်အရင်းနှီးဆုံးပြော ဆိုခွင့်ရှိသူအမည်သုံးပြီး တတိယလူကြားခံကနေ ရေးရင် SSC ကအမှုရှုံးပြီး လူနာရှင်ကိုတောင်းပန်မယ်။ ပြီးတော့ မြန်မာနိုင်ငံဆေးကောင်စီမှ ဆေးရုံများစည်းမျဉ်း ပေါ်လစီ၊ လုပ်ထုံးနည်းများနဲ့ ဒဏ်ငွေ၊ လိုင်စင်တွေကို ပစ်ဒဏ်ပေးမယ်ပေါ့ဗျာ။
    မိတ်ဆွေတို့သိထားဖို့က ဆေးရုံစတက်ရင် လူနာမှတ်တမ်းအစမှာ ကုသမှုခံယူသဘောတူညီမှု လက်မှတ်ထိုးထားရတယ်ဆိုတာပါ။ ဒီတော့ လူနာက SSC ဆေးရုံရဲ့ဆောင်ရွက်မှုအ၀၀ကို ကျေနပ်လို့အကုခံတယ်ပေါ့။
    ဒီနေရာမှာ ဒီဆောင်းပါးအရ Hot News ဂျာနယ်က ဘယ်လိုပင်အထောက်အထားရှိရှိ Civil Law, Health Information Protection Law, Personal Health Information Law တွေအရ ဂျာနယ်က အသရေဖျက်မှု (Defame) ဖြစ်နေပါပြီ။
    ပြီးတော့ အထက်ပါဥပဒေများအရ SSC ကလူနာမှတ်တမ်းရဲ့အဓိကပိုင်ရှင်ဖြစ်ပါတယ်။ ဒါဆိုတရားရုံးမှာ ဘယ်လိုဖြစ်လာမယ်ဆိုတာပေါက်တယ်နော်။
    နောက်ပြီးအခုဟာက လူသေမှု၊လျစ်လျူရှုမှုကြောင့် လူသေမှုမဟုတ်ဘူးနော်။ ဒီတော့ရဲက ကြားဖြတ်ဝင်ရောက်နိုင်တဲ့ ရဲအရေးပိုင်မှုမဟုတ်ပြန်ဘူး။
    ဒီတော့ SSC ကိုမတောင်းပန်မိတာ SSC ကမပိုင်ရင်ခြင်မရိုက်ဘူးဆိုတာမကြာခင်သိရမှာပါ။

    ဆေးမှတ်တမ်းဥပဒေရေးရာကျွမ်းကျင်သူမြန်မာတဦး
    (မှတ်ချက်။ ။ SSC ဘက်တော်သားမဟုတ်ပါ)

  1. Anonymous said... :

    တို့မြန်မာတွေ ဥပဒေကိုလေ့လာလိုက်နာပါ။ စည်းကမ်းရှိပါ။ လွတ်လပ်စွာတင်ပြသည်ဆိုတိုင်း အရမ်းလုပ်မရပါ။ ရေးချင်ရာရေးရင် ဥပဒေကြောင်း အရတရားမ၀င်ရင် အခုလိုဖြစ်ရမှာပါ။ Hot News ဂျာနယ်က ကာယကံရှင်မဟုတ်ဘဲ ကာယကံရှင်ကျန်ရစ်မိသားစုနေရာမှာ ၀င်ရေးလိုက်တော့ အမှုရှုံးရတော့မှာပါ။ တကယ်တော့ ကာယကံရှင်နဲ့ အင်တာဗျူးပုံစံအမည်နာမတပ်ပြီး ကြားလူနေရာကတင်ပြသလိုရေးမှ ဒီအမှုမှာနိုင်မှာပါ။

  1. Anonymous said... :

    Hot News ဂျာနယ်အား ထောက်ခံပါသည်။
    ဂျာနယ်တွေက ပြည်သူအတွက်ပဲ ဖြစ်ရမယ်

  1. Anonymous said... :

    အမှန်တရားကိုမြတ်နိုးပြီးကြိုးစားနေသူများနိုင်ပါစေ။

  1. zta said... :

    အကြောင်းအရာအမှန်ကိုအများပြည်သူသိအောင်ရေးသားဖော်ပြကြိုးစားဖော်ထုတ်ပေးနိုင်တဲ့ဂျာနယ်တိုင်းကိုအမြဲလေးစားထောက်ခံအားပေးနေရမှာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved