The Lady

Tuesday, July 26, 2011

၂၀၁၁ အောက်တိုဘာလတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  သမိုင်းဘ၀ဇာတ်ကြောင်းကို The Lady ရုပ်ရှင်အဖြစ် ကမ္ဘာနဲ့အဝှမ်း ရုံတင်ပြသတော့မှာပါ။

ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားသူကတော့ မလေးရှားနိုင်ငံဖွား နာမည်ကျော် မင်းသမီး မီရှယ်လ်ယိုး (Michelle Yeoh) ပါ။ ဒါရိုက်တာ ပြင်သစ်လူမျိုး Luc Besson က စီစဉ်ရိုက်ကူးပြီး Drama, Romance, ဘဝသရုပ်ဖော်မြောက်များစွာ သုံးထားတာကို တွေ့ ရမှာဖြစ်ပါတယ်။ EuropaCorp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

The Lady ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းများကို ထိုင်း၊ အင်္ဂလန်၊ ပြင်သစ်နဲ့ မြန်မာနိုင်ငံတွေမှာ သွားရောက်ရိုက်ကူးခဲ့ပြီး မြန်မာပြည်ရဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက မြန်မာနိုင်ငံသို့ ခေတ္တလာရောက်ခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်း ဇာတ်ဝင်ခန်းတစ်ချို့ကို ရိုက်ကူးခဲ့ပါတယ်။ မင်းသမီး မီရှယ်လ်ယိုး ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ် ရောက်ရှိစဉ် ဒေါ်စုရဲ့စကားပြောပုံ မြန်မာဆန်ဆန် ၀တ်စားပုံများကို တနေကုန် သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဟောလိဝုဒ် နာမည်ကျော် မင်းသမီး Michelle Yeoh ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်တဲ့ အချိန်မှာတော့ ရန်ကုန်လေဆိပ်မှာ မြန်မာအာဏာပိုင်များက ပြည်ဝင်ခွင့် တားမြစ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Michelle Yeoh ဟာ လူမှုရေးလုပ်ငန်းများနဲ့ ပရဟိတလုပ်ငန်းများကိုပါ လုပ်ဆောင်နေသူ တဦးအဖြစ် ထင်ရှားလျက်ရှိပါတယ်။

ထဝ

(http://michelleyeoh.info/Movie/thelady.html ) ကို မှီငြမ်းရေးသားထားတာပါ။



မင်းသမီး မီရှယ်လ်ယိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း၊ ကွယ်လွန်သူ ခင်ပွန်းမိုက်ကယ်အဲရစ်ရဲ့ အမွှာညီအစ်ကို အန်ထော်နီအဲရစ်တို့အား ပြီးခဲ့တဲ့ ၂၀၁၀ အောက်တိုဘာ လကုန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ (Chanavorn) ၌ တွေ့ရစဉ် (အပေါ်ပုံ)













8 comments :

  1. ma ma oo said... :

    မင်းသမီးမစ်၇ှဲယိုး ဘယ်လောက်နာမည်ကြိးကြီး --တို.မမစုလောက်မလှတာက ခက်တယ်။
    မမစု လေးပုံတ့လောက်တော.လှပါတယ်။ မမဦး

  1. Anonymous said... :

ွှအဲဒီရုပ်ရှင်ကားကိုမြန်မာပြည်မှာတရားဝင်ပြသခွင့်ပေးမယ်လို့ပြန်ကြားရေးဝန်ကြီးမှပြောပါတယ်ခင်ဗျာ။

    အခုလားဟင်

    ဒီမိုကရေစီရမှနော်၊ဒီမိုကရေစီရမှနော်၊

    ပြလိုက်လို့ကတော့ကွာ၊ရုံပြည်၊ရုံလျှံ၊ရုံပွင့်ဖြစ်သွားမှာနော်။

  1. Anonymous said... :

    မီရှယ်ယိုး ကလည်း တရုတ်ပဲနော်...

  1. Anonymous said... :

    No, she's Indian.

  1. Anonymous said... :

    no she is japanese

  1. Anonymous said... :

    no she is korean.

  1. Anonymous said... :

    This movie will only lead trouble for Daw Su to be on political stage in myanmar.

    Director Luc,
    Why do'nt you make a movie a bout the dead of Lady Dianna in your county...

    Actress Michelle,
    It is not enough for you to marry old CEO of Ferrari.

  1. Anonymous said... :

    ha ha ha ........

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved