မီးဒုက္ခသည်

Tuesday, July 26, 2011

နယ်စပ်မြို့ မြ၀တီမှာ တွေ့ရတဲ့ ခပ်မိုက်မိုက် အနီရောင် ကားတစီး။
ထိုင်းနိုင်ငံဘက်ကနေ ကားတွေ မှောင်ရိပ်ခို သွင်းတာ အလုပ်ဖြစ်နေပေမယ့် လျှပ်စစ်မီး ပုံမှန်မလာတာကိုတော့ ဖြေရှင်းမပေးကြဘူး ဆိုပြီး
ဧရာဝတီကို ရောက်လာတဲ့ စာတစောင်မှာ ရေးထားပါတယ်။ (ဓာတ်ပုံ - Monsoon Diaries)

မြဝတီမှာ ပေးတဲ့ မီးက ဘယ်ကမီးလဲ။ ထိုင်းပေးတဲ့ မီး။ ဒါကို လာတရက် မလာတစ်ရက် လုပ်နေပါတယ်။
ဖြစ်ပုံက လွန်ခဲ့တဲ့ တစ်လကျော်က မြဝတီမြို့သစ် (၄) ရပ်ကွက်မှာ ထွမ်စဖေါ်မာ လောင်သွားပါတယ်။
မီးရုံက လာပြင်တာ ၄ရက်လောက် ကြာတယ်။ ပြင်ပြီးတော့ မီးကို တစ်ရက်ခြား ပေးပါတယ်။

ထိုင်းမီးမှာ ပျက်ရက် မရှိဘာဘူး။ ထိုင်းမီး မြန်မာပြည် ရောက်တော့ ယ္ခုချိန်ထိ တစ်ရက်ခြားဖြစ်နေပါတယ်။
မီးရုံကို မေးတော့ ထွမ်စဖေါ်မာ မရောက်သေးဘူး တဲ့။ ကောင်းလိုက်တဲ့အဖြေ။

တစ်ညကို ကားအစီး ရာနဲချီပြီး သွင်းနေတယ်။ ကျွန်တော်တို့ ဘယ်သူ့ကို တိုင်ရမှန်းမသိ ဖြစ်နေတယ်။ နည်းနည်းဖြစ်တာနဲ့  ပိုက်ဆံကောက်
ဖို့ဘဲ စဉ်းစားနေကြတယ်။ မီးခလည်း ထိုင်းထက် ပိုယူထာတယ် ။
မသိလို့ နော်...နိုင်ငံတော် သမတ အာဏာဟာ နယ်စပ်ဒေသ မရောက်ဘူးလား။


၎ ရပ်ကွက်သားများ။

6 comments :

  1. Anonymous said... :

    မရောက်သေးဘူး မီးပွိင့်မိနေတယ်။

  1. Anonymous said... :

    ဒါများ အဆန်းလုပ်လို့.....

  1. blog ထဲလာပြီး ရန်မဖြစ်ကြပါနဲ့
    တိုင်တဲ့လူကလည်း ကိုယ်လိုချင်တာကို ထိအောင်တိုင်ပါ
    ကိုယ်ဝယ်မစီးနိုင်တာ ကိုမမြင်ဘူးတာကို ခပ်မိုက်မိုက်အနီရောင်ပြိုင်ကားလို့ လာမပြောနဲ့ သိန်းသုံးလေးထောင်ပေးရတဲ့ without ကားတွေကိုကော မြင်ဖူးလား၊ အခုမီးပျက်တာကို တိုင်ရမယ့်နေရာမသိရင် မီးရုံးကိုလာခဲ့ပါ၊95လောက်က
    ဖယောင်းတိုင်နဲ့နေခဲ့ရတာကို မှတ်မိသေးရဲ့လား၊ ရေးဘော်ရေးဘက်ကြီးက အဲသည်အချိန်မြ၀တီကိုကော ရောက်ဖူးရဲ့လား။

  1. Anonymous said... :

    ထရန်စဖော်မာဆိုတာ ဟင်းရွက်ဝယ်သလို ကောက်ဝယ်လို့ရတာမှမဟုတ်ပဲလေ ဒါကိုနားလည်ရင်တော့ အရေးလုပ်ပြီတိုင်နေမယ်တောင်မထင် ။ ရန်ကုန်လို့ နိုင်ငံရဲ့ မြို့တော်ကြီးမှာတောင် မီးက နေ့ခြား လခြားလာနေတာကိုတော့ နိုင်ငံတော်အကြီးကဲဆိုတဲ့သူလည်း အသိပဲကို သူ့ကိုတနေလို့ကတော့ အလကားပဲ အဲ့တော့ အရေးလုပ်ပြောမနေနဲ့ ။

  1. Anonymous said... :

    ခပ်မိုက်မိုက်အနီရောင်ပြိုင်ကားလို့ လာမပြောနဲ့ သိန်းသုံးလေးထောင်ပေးရတဲ့ without ကားတွေကိုကော မြင်ဖူးလား၊(အဲသည်ကားတွေက မင်းအဖေတွေ မင်းယောက်ဖတွေ ကိုယ်တိုင်လာသွင်းပြီး စီးနေတာလေ၊ နိုင်ငံတော်ကခွင့်မပြုဘဲနဲ့ ရန်ကုန်တို့ မန်းတလေးတို့လည်း အဲသည်ကားတွေက မရောက်ဖူးကွ
    အရူးရ

  1. Anonymous said... :

    ထရန်စဖော်မာကို ဟင်းရွက်ဝယ်သလို့  ရတာမဟုတ်ဘူးဆိုတဲ့ကို အသိဥာဏ်နည်းလှကြည်လာ။
    ငွေပေးရင်းကြိုက်သလောက်ရတယ် ခင်ဗျာလိုရင်းmr.pago1969@hotmail ဆက်သွယ်ခဲပါ လိုသလောက်ရမယ် ရန်ကုန်မှာခက်ပေမဲ့ နယ်စပ်လိုချင်တာရတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved