မြောက်ကယ်ရိုးလိုင်းနားမှ 8888 အခမ်းအနား

Monday, August 8, 2011


အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုးလိုင်းနား ပြည်နယ်၊ နယူးဘန်းမြို့တွင်လည်း ၈၈ နှစ်ပတ်လည်နေ့ကို ကျင်းပပါတယ်။

Glen burnie park မှာ ပြုလုပ်တဲ့ ဒီအစီအစဉ်ကို နယူးဘန်းမြို့ရောက် မွန် ရခိုင် ရှမ်း ကရင် မြန်မာ ချင်း စုစုပေါင်း ၁၀၀ ၀န်းကျင် တက်ရောက်ပါတယ်။

အခမ်းအနားမှာ ကာတွန်းကဗျာ ပိုစတာ ဓါတ်ပုံ ပြပွဲလည်း ပါဝင်


၈၈ ရင်ဆိုင်ဖြတ်သန်းမှု အတွေ့ အကြုံဟောပြောမှုလည်း ပါပါတယ်။

မနက် ၁၁ နာရီကနေ နေ့ခင်း ၂နာရီအထိ ကျင်းပတဲ့ ဒီအခမ်းအနား ဖြစ်မြောက်ရေးအတွက် အဝေးရောက် ၈၈ မျိုးဆက် အဖွဲ့က စီစဉ်ခဲ့တာပါ။

အလှူရှင်များရဲ့ ဒန်ပေါက်၊ မုန့်ဟင်းခါး၊ ပဲကြော်၊ ဗူးသီးကြော်၊ ဖရဲသီး ဖျော်ရည်တို့နဲ့လည်း ဧည့်ခံတာ တွေ့ရပါတယ်။







.


ကျော်သိင်္ခ


.

1 comments :

  1. Anonymous said... :

    i have no idea what they are doing.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved