9/11 အမှတ်တရ အရက်ပုလင်း

Tuesday, August 30, 2011

.




ဓာတ်ပုံ - ocweekly.com


ဟုတ်ပါတယ် စက်တင်ဘာ ၁၁ အမှတ်တရ အရက်ပါ။
9/11 ရှာဒိုနေး နဲ့ 9/11 မာလော့ ဆိုပြီး ၀ိုင်ပုလင်းတွေ နယူးယောက်မြို့ ယမကာ ဈေးကွက်ထဲ ရောက်နေတဲ့အတွက် သောက်သူသောက်၊ ဆဲသူဆဲ ဖြစ်နေပါပြီ။

သုံးဆောင်လို့မကောင်းဘူး လို့ ကဲ့ရဲ့သူတွေတောင် ရှိပါတယ်။

လူ သုံးထောင်နီးပါး သေဆုံးခဲ့ရတဲ့ စက်တင်ဘာ ၁၁ ရက် နယူးယောက်မြို့ တိုက်ခိုက်ခံရမှု ဆယ်နှစ်ပြည့်နေ့က ဆယ်ရက်ကျော်ကျော်ပဲ လိုပါတော့တယ်။

ဝိုင်တပုလင်းကို $19.11 လို့ ဆိုတယ်။
9.11 မဟုတ်ပါ။
ရောင်းရငွေထဲက ရာခိုင်နှုန်းနည်းနည်းကို စက်တင်ဘာ ၁၁ အမှတ်တရ အဖွဲ့ကို လှူမယ် တဲ့။
တပုလင်းရောင်းရတိုင်း တဒေါ်လာနီးပါး (91.9 cents) လှူမယ်ပေါ့။

စက်တင်ဘာ ၁၁ ၀ိုင်အရက်အကြောင်း Google သတင်းမှာ အပုဒ် ငါးဆယ်လောက် ခပ်တိုတို ရေးထားကြပါတယ်။ ဖတ်ရသမျှတော့ ချီးကျူးသံ မတွေ့ပါ။ ဆဲသံတွေပဲ ညံနေပါတယ်။

စက်တင်ဘာ ၁၁ အကြောင်း နည်းနည်း ပြန်ပြောရရင် ---


အဲဒီတုန်းက နယူးယောက်မြို့ အထပ်မြင့်တိုက်၂လုံးကို အကြမ်းဖက်သမားတွေက ပစ်မှတ်ထားခဲ့တာပါ။ တိုက်တလုံးကို အကြမ်းဖက်သမားတို့ ပြန်ပေးဆွဲလာတဲ့ လေယာဉ်က ၀င်တိုက်လို့ မီးလောင် ပျက်စီးနေတာပါ။ မီးလောင်နေပုံကို ရုပ်သံကတဆင့် ကမ္ဘာက တိုက်ရိုက် ကြည့်နေကြတုန်း နောက်တစီးက ၀င်လာပါတယ်။

နောက်တစီးက တိုက်ရဲ့ခါးလယ်ပိုင်းကို ပစ်မှတ်ထားပါတယ်။

သိပ်မကြာခင် ကင်မရာပေါင်းစုံရဲ့ ရှေ့မှာ တိုက်၂လုံး ပြိုကျသွားတဲ့မြင်ကွင်း

ဒီ ၃ ပုံ လင့်တွေက -

http://www.freerepublic.com/focus/f-news/2078970/posts
http://rezvyi.blogspot.com/2011/05/osama-bin-laden.html
http://www.nydailynews.com/topics/James+Zadroga/photos

ဒါပါပဲ။







.

1 comments :

  1. မောင်ကောင်း said... :

    တောက် ! မောင်ကောင်းတောင် စီးပွားရေးလုပ်ချင်စိတ် အိုင်ဒီယာပေါ်လာပြီ ဆဲခံရမှာတော့မဟုတ်၊ အတော်ရောင်းကောင်းမှာ၊ ဗမာပြည်က ဘီအီးစစ်စစ်ကို ကျကျနနအရောင်တင်ပြီး ပုလင်းလှလှကောင်းကောင်းနဲ့ 8888 တံဆိပ်ခပ်ပြီး ချင်းမိုင်မှာလာရောင်းရင် အတော်ရောင်းရမှာ၊ ဈေးတော့ ခပ်ပေါပေါပေါ့၊ မဲဆောက်လဲ တင်ပို့မယ်၊ ပွဲနေ ပွဲထိုင အထူးအစီအစဉ် ကြိုတင်မှာယူရန်ပေါ့။ မန်ဘာကဒ်လုပ်ထားသူတွေအတွက်အထူးလျှော့ဈေး၊ ကံစမ်းမဲသမားအတွက် ဆတ်သားခြောက်စစ်စစ်ကို ဆုံဆီဆမ်းလေးနဲ့ ဟီးဟီး ဟုတ်နေရောပဲနော့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved