ကဒါဖီ နေပြည်တော်မှာ ခိုလှုံခွင့်ယူမလား

Monday, August 29, 2011



-




အသေရရ အရှင်ရရ၊ ဆုငွေ ဒေါ်လာ ၂ သန်းနီးပါး ထုတ်ခံထားရသူ ကဒါဖီ

လစ်ဗျားမှာ အောင်ပွဲရနေတဲ့ သူပုန်တွေက နယ်မြေ ၉၀% အထိ ထိန်းချုပ်နိုင်ပြီဆိုပေမယ့် လစ်ဗျား ခေါင်းဆောင်ကြီး ကဒါဖီကို ဖမ်းမမိသေးပါဘူး။ ဒီလူကြီး ဘယ်မှာ ပုန်းနေသလဲ၊
မြို့တော်မှာပဲ ရှိနေသလား၊
ရုပ်ပြောင်းရုပ်လွဲလုပ်ပြီး သူပုန်တွေကြားထဲ ခပ်တည်တည် နေနေသလား မသိရပါ။

ကဒါဖီကို ထောက်ခံတဲ့ စစ်သားတွေက ကြံ့ကြံ့ခံ ခုခံနေဆဲပါ။ ခုခံမှုတွေ ပြင်းထန်လွန်းလို့ သူပုန်တွေက အပြီးသတ်အောင်ပွဲမခံနိုင်သေးပါဘူး။
ဒီလူကြီးရဲ့ အမြီးကို မဆုပ်ကိုင်သေးသမျှတော့ အောင်ပွဲရပြီ မပြောနိုင်သေးဘူးပေါ့။

ဒီလူကြီးကို ဖမ်းမိရင် ဒေါ်လာ ၂ သန်းနီးပါး ဆုချမယ် တဲ့။ အင်း - မက်လောက်စရာ ငွေပမာဏ ဆိုပေမယ့် ဒီခေတ် ကုန်ဈေးနှုန်းနဲ့ ဆိုရင် ဒါက များတယ် လို့တော့ ပြောလို့ မရပြန်ဘူး။

ဒီလူကြီး အဖမ်းခံရရင်တော့ သူ့ကို ၂ နေရာ ပို့လို့ရပါတယ်။ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက သူ့အတွက် နေရာ စီစဉ်ထားသလို သူပုန်ခေါင်းဆောင်တချို့ကလည်း သူ့ကို လစ်ဗျားမှာပဲ ခုံရုံးတင်ချင်တယ် တဲ့။

ဒီတော့ ကဒါဖီကြီး လက်ရှိနေရာမှာ ဟန်မကျဘူး ဆိုရင် ပိုပြီး လုံခြုံတဲ့နေရာကို ပြေးရမှာပါ။ ဘယ်နေရာကို ပြေးမလဲ။

အီရတ်လား ??? မဖြစ်နိုင်ဘူး။ သူ့မိတ်ဆွေ ဆက်ဒမ်ဟူစိန်လည်း ဂန့်သွားပြီ။

မြောက်ကိုရီးယားရော ??? အင်း - အဲဒီကလည်း လက်ခံမယ် မထင်ဘူး၊ သူရော ကင်ဂျုံးအီးဆိုတဲ့ ငနဲရော စရိုက်တူတာများတယ်၊ ဖက်ရှင်ထွင်ပြီး အမျိုးမျိုး ၀တ်စား ဟန်ရေးပြတာလည်း တူတယ်၊ အသွင်တူလွန်းတော့ ဂူတဂူထဲ ၂ ကောင် အောင်းနိုင်မယ် မထင်ဘူး။

တရုတ်ပြည်မှာလည်း ကပ်နေလို့ မဖြစ်။ ကဒါဖီဆိုတဲ့ပုဂ္ဂိုလ်က အမျိုးသမီးဘော်ဒီဂတ်နဲ့ပဲ နေချင်တာ၊ တရုတ်ပြည်မှာက အမျိုးသမီး ဆိုတာ ရှားပါးနေပြီ။ ကျူးဘားသွားဖို့လည်း အမေရိကန်နဲ့ သိပ်နီးတော့ ဂွမ်းသွားမှာ သေချာတယ်။

ဒါဆို နေပြည်တော်မှာ ခိုလှုံခွင့်ယူမလား။ အင်း - ဖြစ်နိုင်ချေ ရှိတာပဲ။

နေပြည်တော်မှာ ဆိုရင် အာဏာရှင်တွေကို အကာအကွယ်ပေးထားတဲ့ ၂၀၀၈ အခြေခံဥပဒေလည်း ရှိနေတော့ လိုဏ်ထဲတောင် ၀င်စရာ မလိုဘူး။

ငပွကြီးအမေရိကန်ကို မျက်မုန်းကျိုးတာချင်းလည်း တူတော့ အတူနေလို့ ရမှာပါ။

တကယ်လို့များ ကဒါဖီက နေပြည်တော်မှာ ခိုလှုံခွင့် ယူလိုက်ရင် - - - ကောင်းတာတွေ အများကြီး ရှိပါတယ်။

လောလောဆယ် ပြည်တော်ပြန်မယ် မပြန်ဘူး ဖြစ်နေသူတချို့လည်း ဆုံးဖြတ်ချက် ခိုင်သွားမယ်။
အနောက်နိုင်ငံတွေလည်း မြန်မာပြည်စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး မရုပ်သိမ်းရေးကိစ္စ သိပ်ပြီး အငြင်းပွားဖို့ မလိုတော့ဘူး။

သတင်းသမားတွေလည်း ရေးစရာ အကွက် ရသွားမယ်။
ဗိုလ်ချုပ်ကြီးတွေလည်း ကဒါဖီဆီမှာ အင်တန်းဝင်၊ လေ့လာနိုင်မယ် -
ဖက်ရှင်ဝတ်စုံအမျိုးစုံလင်စွာနဲ့ စတိုင်ကျကျ နေနည်း၊
အခုထက်ပိုပြီး ပေါက်ကရ လျှောက်ပြောနည်း စသဖြင့် စသဖြင့် တို့ကို သင်ယူနိုင်တာပေါ့။

ကဒါဖီသကောင့်သားကို ခိုလှုံခွင့်ပေးခြင်းအားဖြင့် အကြင်နာတရားကြီးမားပုံကို ပြသရာရောက်တယ်လို့လည်း ဘုရားဒကာဗိုလ်ချုပ်ကြီးတို့ တွေးနိုင်တယ်။

နိုင်ငံကို နှစ်ပေါင်းများစွာ ဘယ်လို ဒုက္ခပေးခဲ့ကြတယ် ဆိုတာကို ဗိုလ်ချုပ်ကြီးတွေနဲ့ အတူတူ စမြုံ့ပြန်နိုင်လို့
ကဒါဖီကလည်း မြန်မာပြည်ကို အရမ်း သဘောကျလိမ့်မယ်။

မြန်မာပြည်ဟာ လူသားတို့ စတင်ဖြစ်ထွန်းရာမြေ မဟုတ်လား။ ဒီလိုနေရာမှာ ခိုလှုံခွင့်ယူရတာ
ငမိုက်သားကဒါဖီအတွက်တော့ ဂုဏ်ယူစရာပေပေါ့။ ။



-

9 comments :

  1. Anonymous said... :

    Gaddafi is still a big threat to Libya and the rest of the world.

    So, Nay Pyi Taw is a safe haven for him.

  1. Anonymous said... :

    the stupid guy flees to Algeria!
    he is afraid of nay pyi daw, lol!

  1. Anonymous said... :

    ကဒါဖီ အယ်လ်ဂျီးရီးယား နိုင်ငံမှာခိုလှုံဖို့ ရောက်သွားပါပီ။ မိသားစုနဲ့ အတူထွက်ပြေခိုလှုံသွားပါတယ်။

  1. ကေကေအို said... :

    ဗိုလ်ချုပ်ကြီးတွေဆီက ကဒါဖီ ပြန်သင်ယူရမှာတွေ အများကြီးပါ ဧရာဝတီရယ်။ မင်း ညံ့လှချည်လားဆိုပြီး မှူးကြီးက နရင်းမအုပ်ရင် ကံကောင်း၊

  1. Anonymous said... :

    ကောင်းတယ်ကွာ
    ကဒါဖီမှာ မွေထုတ် အဲလေ ငွေထုပ် ပါလာရင်တော့
    စိန်စိန်တော့လက်ခံမလားပဲ
    ဘတ်၂လိုငွေပြနေတယ်လေ
    ဖက်ရှင်ကတော့ ကဒါဖီက စိန်၂တို့ထက်သာတယ်
    ဘာလဲဆိုတော့ သူက သင်္ကန်းလို၂ အရာတွေဝတ်တယ်
    စိန်၂တို့က ချိပ်ထဘီတွေ ဟဲ၂
    ဒါမှမဟုတ် ရဲမြညွန့် အဖွဲ့ကို ဖမ်းခိုင်းရင်
    ဒေါ်လာ၂သန်းရပြီး ရဲဝတ်စုံအသစ် ၀ယ်နိုင်မယ် ထင်တယ်

  1. Anonymous said... :

    ‌နောက်ဆုံး‌သွေးတစက်ကျန်တဲ့အထိတိုက်မ‌လေး..၊
    ဘာ‌လေးနဲ့..ခု‌တော့‌သေးထွက်ကျပြီးေ ပြးပြီ‌လေ..
    လက်နက်အားကိုး၊အာဏာအားကိုးနဲ့မိုးတလုံး‌လေတလုံးအ‌ ‌ပြောကြီးပြီး..အာဏာမရှိ‌တော့တာနဲ့အရှက်မရှိကိုယ့်
    တံ‌တွေးကိုယ်မြို..ကိုယ့်ချီးကိုယ်စား..‌သောက်ရှက်
    မရှိတဲ့စစ်အာဏာရူး‌တွေ..။

  1. Anonymous said... :

    ကိုချာ(ပင်လယ်ကွေ့)
    အာဏာရှင် ကဒါဖီလည်း ကျဆုံးတော့မှာပါ။ ဒါပေမယ့် တိုင်းပြည်ကြီးလည်း မီးဟုန်းဟုန်းတောက်နေပါပြီ။ အခုမှအစပဲရှိပါသေးတယ်။ အာဏာရှင်ကိုဆန့်ကျင်တဲ့ သူပုန်တွေက စရိုက်မျိုးစုံ၊အဖွဲ့အစည်းမျိုးစုံ၊ လက်နက်ပေါင်းစုံ ရှေ့ဆက်ဘယ်လိုတွေစခန်းသွားကြမှာလဲ၊ မြန်မာပြည်လွတ်လပ်ရေးရခါစကာလလို ဖြစ်တော့မှာပါ။ ကဒါဖီကို ဆန့်ကျင်တာမှန်ပေမဲ့ မိမိနိုင်ငံရဲ့တပ်မတော်ကို ပြန်တိုက်ရတာကတော့ တော်တော်ကိုမှားသွားပြီလို့ထင်ပါတယ်။ ပြည်သူတွေအတွက် ဆုတောင်းပေးရုံကလွဲပြီးဘာမှမတတ်နိုင်တော့ပါဘူး။

  1. ကိုစိုင်း said... :

    ပြင်ပ ပယောဂကြောင့် ထိခိုက်ဒဏ်ရာရတာပဲ ဖြစ်ဖြစ်.. ကိုယ့်ကိုယ်ကို ခွဲစိတ်ကုသရင်ပဲဖြစ်ဖြစ် သွေးထွက်တာချည်းပါပဲ.. ကဒါဖီ ရဲ့ လက်ပါးစေတပ်ဟာ လစ်ဗျားနိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုတဲ့ တပ်မဟုတ်လို့ ပြည်သူတွေက အင်အားသုံး ဖျက်သိမ်းခြင်းခံရတာပဲ ဖြစ်တယ်.. အနာရောဂါကို ပုပ်သိုးဆွေးမြည့်ပြီး ပြတ်ကျတဲ့ အထိထားမလား.. အတွင်းလှိုက်စားနေတဲ့ အာဏာရူးလက်ပါးစေတွေကို ခွဲစိပ်ကုသမလား.. သွေးတော့ ထွက်ပါလိမ့်မယ်.. ဒါပေမယ့် အဲဒါက သွေးပုပ်သွေးဆိုးတွေပါ.. သွေးပုပ်သွေးဆိုးတွေကို ကိုယ့်ကိုယ်ထဲက သွေးတွေပဲဆိုပြီးတော့ ဆက်ထားလို့မဖြစ်ပါဘူး..

  1. Anonymous said... :

    နေပြည်တော်သွားလို့မဖြစ်ဘူး
    နေတိုး ရှိတယ်လေ
    ကဒါဖီက နေတိုးကို စိတ်နာနေတာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved