သြစီသွားမယ့် ချင်းမိသားစု

Sunday, August 7, 2011

.




သြစတြေးလျကို တပတ်အတွင်း သွားတော့မယ့် Kham Kap Thang Taithoul တို့လင်မယား နဲ့ ကလေး ၂ ယောက်

ဒီမိသားစုက မလေးရှားရောက် မြန်မာပြည်သားတွေပါ။

မလေးမှာရှိတဲ့ UNHCR အသိအမှတ်ပြု ဒုက္ခသည် အများအပြားကို သြစတြေးလျက လက်ခံမယ့် အစီအစဉ်အရ သြစတြေးလျကို သွားမယ့် ပထမအသုတ်ထဲ ဒီမိသားစု ပါဝင်တယ် လို့
www.smh.com.au ၀က်ဆိုက်မှာ ရေးထားပါတယ်

သူတို့ရဲ့ ဒေသသစ်၊ ဘ၀သစ် ခရီးအကြောင်း အတည်ပြုချက်ကို သိရတာ ၂ ပတ်ပဲ ရှိပါသေးတယ် တဲ့။

ဒီအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်မိတယ်၊ သို့ပေမယ့် မလေးမှာ သောင်တင်ပြီးကျန်ခဲ့မယ့် ဒုက္ခသည်များအတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ် တဲ့။

သူ့ကလေးများရဲ့ အနာဂတ်ပညာရေးအတွက်လည်း အင်မတန် ၀မ်းသာနေပါတယ် လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။

ဇနီးရဲ့ အမည်က Niang Lam Cing
သမီးကြီး Cing San Lun က အသက် ၄ နှစ် ရှိပါပြီ။
သား Hau Muon Khai က ၂ နှစ်။

သတင်းရဲ့ အစပိုင်းမှာတော့
Kham Kap Thang Taithoul မြန်မာပြည်မှာတုန်းက စစ်တပ်ရဲ့ မတရားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ စစ်တပ်အတွက် လုပ်အားပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဘယ်လိုဘယ်ပုံ လုပ်အားပေးခဲ့ရတယ်ဆိုတာ ဖော်ပြမထားပါ။


.

7 comments :

  1. Anonymous said... :

    useless

  1. Anonymous said... :

    ဘာဘဲပြော်ပြော်မိသားစုဝမ်းသာနေတဲ့ပုံလေးကြည့်ပြီးထပ်တူကြည်းနူးမိပါတယ်

  1. Anonymous said... :

    အလကားလူလိမ်တွေ။unရုံးကကောင်တွေကလည်းလူလိမ်တွေ။အလကားလုပ်စားတွေ။

  1. Anonymous said... :

    အလကားလူလိမ်တွေ။unရုံးကကောင်တွေကလည်းလူလိမ်တွေ။အလကားလုပ်စားတွေ။


    အထက်ပါပို့ကို ဖြုတ်သင့်ပါသည်..မနာလိုစိတ်မမွေးကြပါနဲ့သူများအဆင်ပြေတာ ၀မ်းသာုကပါ...ဗြမဟာစိုးတရား
    ထာုးကပါ..ဗမာပြည်က သာမန်ပြည်သူမှန်သမျှဟာ အားလုံးဒုက္ခသည်တွေဖြစ်ပါတယ်..အားလုံးဟာဆင်းရဲဒုက္ခရောက်ပြီး ငတ်မွတ်ခေါင်းပါးဆင်းရဲတဲ့ဒုက္ခ .လုပ်အားပေးဒုက္ခ..ဧည့်စာရင်းတိုင်ရတဲ့ဒုက္ခ..ပေါ်တာလိုက်ရတဲ့ဒုက္ခ..အိုး ဒုက္ခသောင်းခြောက်တောင်ရင်ဆိုင်နေကြရတယ်...အဲဒါတွေ ဘာမှမလုပ်ရတဲ့လူက ဒုက္ခသည်မဟုတ်သလို..နွားအဖွဲ့ အစိုးရဟောင်းနဲ့.လက်ရှိုကံ့ဖွတ် အစိုးရရဲ့ ဘက်တော်သား လူတွေ ..အခွင့်ထူခံတွေ..လူလိမ်တွေသာဖြစ်တယ်...ပြည်သူဘဏ္ဍာတွေကိုလိမ်စားနေတဲ့လူတွေဖြစ်ပါတယ်...

  1. Anonymous said... :

    တကယ်လုပ်တဲ့လူတွေအရမ်းနစ်နာပါတယ်။ ကိုမှန်လား လုပ်စားတာလားကိုဘာကိုသိပါတယ်။

  1. diamond said... :

    လုပ်စားတာလားဘာလားမဝေဖန်လိုပါဘူး၊
    ဒါပေမဲ့သေချာတာကတော့၊
    လူတိုင်းဟာကိုယ့်နိုင်ငံမှာသခင်လိုပဲနေခြင်
    ကြမှာပါ၊သူများနိုင်ငံမှာကျွန်လိုတမျီုး၊ဒုက္ခသည်
    အဖြစ်တဖုံနေနေရတာကတော့ဗျာ၊
    ကိုယ့်နိုင်ငံချမ်းသာရင်၊လုပ်ခတွေကောင်းကောင်း
    ရနေရင်၊လူနေမူမြင့်မားနေရင်၊ဒီမိုကရေစီ
    အခွင့်အရေးတွေ၊လူ့အခွင့်အရေးတွေအပြည့်
    အ၀ခံစားနေရရင်သွားပါ့မလား၊
    ဒါကြောင့်ဒီလူတွေလုပ်စားနေတာပါလို့ကျုပ်
    မပြောရက်ဘူး၊ဒီလိုပြောတာကိုကျုပ်တော့ကြား
    ထဲကအားနာသလိုခံစားရတယ်။

  1. Anonymous said... :

    Anonymous Anonymous said...

    တကယ်လုပ်တဲ့လူတွေအရမ်းနစ်နာပါတယ်။ ကိုမှန်လား လုပ်စားတာလားကိုဘာကိုသိပါတယ်။

    August 8, 2011 7:34 AM

    Anonymous said...

    အလကားလူလိမ်တွေ။unရုံးကကောင်တွေကလည်းလူလိမ်တွေ။အလကားလုပ်စားတွေ။

    August 7, 2011 1:21 PM

    တိုင်းရင်းသားတွေအကုန်လုံးဟာဒုက္ခသည်တွေပါ.
    အကုန်လုံးဟာ ဗမာ အစိုးရရဲ့နှစ်ပေါင်း၆၀ကျော်နှိပ်စက်လို့ဒုက္ခရောက်နေကြတာ..သူတို့ကောင်းစားတဲ့အလှည့်ကျ ရင် မနာလို
    မဖြစ်ကြပါနဲ့..သူတို့အကုန်ဒုက္ခသည်ဟုတ်မဟုတ်
    ချင်းတောင်မှာဖြစ်ဖြစ်..ကရင်ဒေသမှာဖြစ်ဖြစ်..ရခိုင်မှာဖြစ်ဖြစ်..ရှမ်းပြည်မှာဖြစ်ဖြစ်..တစ်ပတ်လောက်သွားလည်ကြည့်ပါ..ပေါ်တာ ဒါမှမဟုတ် လုပ်အားပေး..ဒါမှမဟုတ် ဧည့်စာရင်း..ဒါမှမဟုတ် အတင်းအကျပ် ငွေကောက်တာ..ဒါမှမဟုတ်..လူမျိုးရေး အရ ရန်စောင်နေတဲ့ဗမာစစ်သားတွေ..စတာစတာတွေ ဒုက္ခ
    ပေါင်းစုံကို မျက်ဝါးထင်ထင်တွေ့ရမှာပါ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved