သြစတြေးလျကို တပတ်အတွင်း သွားတော့မယ့် Kham Kap Thang Taithoul တို့လင်မယား နဲ့ ကလေး ၂ ယောက်
ဒီမိသားစုက မလေးရှားရောက် မြန်မာပြည်သားတွေပါ။
မလေးမှာရှိတဲ့ UNHCR အသိအမှတ်ပြု ဒုက္ခသည် အများအပြားကို သြစတြေးလျက လက်ခံမယ့် အစီအစဉ်အရ သြစတြေးလျကို သွားမယ့် ပထမအသုတ်ထဲ ဒီမိသားစု ပါဝင်တယ် လို့ www.smh.com.au ၀က်ဆိုက်မှာ ရေးထားပါတယ်။
သူတို့ရဲ့ ဒေသသစ်၊ ဘ၀သစ် ခရီးအကြောင်း အတည်ပြုချက်ကို သိရတာ ၂ ပတ်ပဲ ရှိပါသေးတယ် တဲ့။
ဒီအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်မိတယ်၊ သို့ပေမယ့် မလေးမှာ သောင်တင်ပြီးကျန်ခဲ့မယ့် ဒုက္ခသည်များအတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ် တဲ့။
သူ့ကလေးများရဲ့ အနာဂတ်ပညာရေးအတွက်လည်း အင်မတန် ၀မ်းသာနေပါတယ် လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။
ဇနီးရဲ့ အမည်က Niang Lam Cing
သမီးကြီး Cing San Lun က အသက် ၄ နှစ် ရှိပါပြီ။
သား Hau Muon Khai က ၂ နှစ်။
သတင်းရဲ့ အစပိုင်းမှာတော့ Kham Kap Thang Taithoul မြန်မာပြည်မှာတုန်းက စစ်တပ်ရဲ့ မတရားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ စစ်တပ်အတွက် လုပ်အားပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဘယ်လိုဘယ်ပုံ လုပ်အားပေးခဲ့ရတယ်ဆိုတာ ဖော်ပြမထားပါ။
useless