ပန်းချီမောင်မောင်သိုက်

Sunday, August 7, 2011

.
၁၉၈၈ ၀န်းကျင်ကတည်းက သတိထားမိတာ မေတ္တာဖွဲ့ဝတ္ထုတွေ အတွက် မျက်နှာဖုံးဆွဲပေးတဲ့ မောင်မောင်သိုက်ရဲ့ လက်ရာတွေပါ။ တခြားဆရာတွေကိုလည်း လူကြိုက်များပါတယ်။ သူ့ကိုတော့ ပိုပြီး သတိထားမိကြတာ နာမည် ထူးခြားလို့လည်း ဖြစ်နိုင်ပါတယ်။

သူငယ်ချင်းတယောက်ကတောင် ပြောဖူးတယ်၊ "ငါ့အိမ်ထောင်ဘက်က မောင်မောင်သိုက်ပန်းချီကားထဲကလို ဖြစ်ရမယ်" တဲ့။ အိမ်ထောင်မကျခင်က ပြောတာပါ။
(လက်တွေ့မှာတော့ ဆွေမင်းဓနုဖြူရဲ့ ဇာတ်ကောင်မင်းသမီးလိုပုံစံနဲ့ အဆင်ပြေနေပါတယ်။)

မောင်မောင်သိုက်ရဲ့ ပန်းချီတွေကို အဲဒီလောက်အထိ လူငယ်တွေကြိုက်ပါတယ်။

ဆရာ့ လက်ရာတွေကို မဂ္ဂဇင်း ဂျာနယ်များမှာ ပရိသတ်က ရင်းနှီးပြီးသားပါ။

၁၉၉၈ ခုနှစ်မှာ ဆရာ့ကို ရာမယဏ၊ အရှေ့တိုင်းဒီမိုကရေစီ စာအုပ် အတွက် မျက်နှာဖုံးသရုပ်ဖော်ပုံ ဆွဲပေးဖို့ အပူကပ်တော့ ဆွဲပေးပါတယ်။ စာကူးစက်နဲ့ ပုံနှိပ်မှာမို့ ရာမမင်းသားပုံကို ကောက်ကြောင်း ဆွဲပေးပါတယ်။

NLD က ဖြန့်မယ့်စာအုပ်ပါးလေးမို့ ပုံမှာ ဆရာ့လက်မှတ် မထည့်ပါ။ ပန်းချီဆရာအများအပြားနည်းတူ ဆရာလည်း သူ့နည်းသူ့ဟန်နဲ့ ဒီမိုကရေစီအရေး လုပ်နေသူတွေကို သို့ကလို ကူညီသူပါ။

ဦးအောင်မင်း ဂယ်လာရီမှာ ဆရာ့လက်ရာ ပန်းချီကားတချို့ တွေ့နိုင်ပါတယ်။

ဆရာ ဆွဲခဲ့တဲ့ ရှုမ၀ အဖုံး တော်တော်များများ ရတနာပူရ ဂယ်လာရီမှာ တင်ထားပါတယ်။



.

1 comments :

  1. Anonymous said... :

    thank u for the links.

    this very short writing tells a lot about the artist.

    cheers!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved