![Acceptable dollar vs acceptable kyat bill, Yangon (Rangoon), Myanmar Acceptable dollar vs acceptable kyat bill, Yangon (Rangoon), Myanmar](http://images.travelpod.com/users/keelaurow/1.1300292652.acceptable-dollar-vs-kyat-bill.jpg)
တဒေါ်လာ ခြောက်ကျပ် ငွေလဲလှယ်နှုန်းကို ခေတ်စနစ်နဲ့ လျော်ညီအောင် ပြင်ဆင်မယ်၊ လုပ်ငန်းရှင် ပညာရှင်တွေကလည်း ဦးသိန်းစိန်တို့ကို အကြံ အမျိုးမျိုးပေးနေကြတယ်လို့ ဆိုတယ်။
ဦးသိန်းစိန်တို့ အိုင်ဒီယာ ထပ်ရအောင် ဧရာဝတီက ဗျူးထားတာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ မြန်မာပြည်သွားပြီး ဆွေးနွေးမယ့် IMF ဆရာတချို့လည်း ဒီအဖြေတွေ ဖတ်ထားတော့ အိမ်စာလုပ်ပြီးသား ဖြစ်ပြီပေါ့။ ကဲ -
ပထမဆုံး ဖြေဆိုသူက နိုင်ငံတော်ကိုချစ်သူတဦး ဖြစ်ပါတယ်။
"နိုင်ငံတော်က နိုင်ငံနဲ့ ပြည်သူတွေအပေါ်မှာ စေတနာထားပြီး လုပ်နေတာပဲ။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ၁ ဒေါ်လာ ၆ ကျပ်ဆိုတာ သင့်တော်ပြီးသားပါ။ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး သတင်းသမားတွေ လျှောက်ရေးနေတာတွေကို နိုင်ငံတော်က သောက်ဂရု စိုက်မယ် မထင်ပါဘူး။
ထပ်ပြောမယ် - ငွေလဲနှုန်းကို ပြောင်းစရာ မလိုဘူး။ ပြောင်းလဲချင်သူဟာ အဖျက်သမားပဲ"
ဟောဒါက ရန်ကုန်မြို့က ဒေါ်လာစား ကုလသမဂ္ဂ၀န်ထမ်းတဦးရဲ့ အဖြေပါ။
"တဒေါ်လာကို ကျပ် တထောင် ပြန်ဖြစ်ရင် ကောင်းတာပေါ့။ တွက်ရ လွယ်တယ်လေ။ --- အဟိ"
အမည်မဖော်လိုသူ ဧရာဝတီသတင်းထောက် ကိုထွေးရဲ့ အဖြေက မလန်းဘူးလား။
"ကျနော်က စာနယ်ဇင်းသမား ဆိုတော့ ကြိုးစားပြီး မျှမျှတတ ရေးလေ့ရှိတယ်။ အရာရာကို မျှမျှတတလုပ်တာတောင် အကျင့် ပါနေပြီ။ နေ့တိုင်း နေ့တိုင်း ကျနော့်အိပ်ချိန်က ၁၂ နာရီ ရှိတယ်၊ ဒီလို အိပ်မှ မျှတမယ်လေ - ဟီးဟီး။
အခု အဗျူးခံရတော့လည်း မျှမျှတတ ဖြစ်အောင်ဖြေရမယ်။
ကဲ - ဘာမေးမှာလဲ။ ငွေလဲနှုန်းအကြောင်း - ဟုတ်လား။ လွယ်ပါတယ်လေ။
အင်း - အစိုးရပေါက်ဈေးက ၆ ကျပ်။ ပြင်ပပေါက်ဈေးက ၈၀၀ နီးပါး ဆိုတော့ကာ ဒီငွေလဲနှုန်း ၂ ခု ကြားထဲက ဂဏန်းတခုကို ယူလိုက်တာ ပိုသင့်တော်မယ်လို့ ထင်ပါတယ်။ ၄၀၀ ပေါ့ဗျာ၊ တဒေါ်လာကို ကျပ် ၄၀၀ ပေါ့။ ဟဲဟဲ"
ရန်ကုန်က အူကြောင်ကျားသင်တန်းဆင်းတဦးကတော့ ဟောသလို ဖြေလိုက်ပါတယ်။
"မြန်မာပြည်ရဲ့၂၀၀၈ အခြေခံဥပဒေက အမေရိကန်ရဲ့ အခြေခံဥပဒေနဲ့ တူတယ်လေ။ ဟုတ်လား။ တူနေတယ် ဆိုတော့ကာ၊ ဟုတ်လား၊ မြန်မာငွေဟာလည်း အမေရိကန်ငွေနဲ့ တူရမှာပေါ့။ ဟုတ်လား။
ဒါကြောင့် တဒေါ်လာဟာ တကျပ် ဖြစ်သင့်ပါတယ်"
း)
ဟာသလုပ်တာလားဗျာ။တကယ်မှတ်လို့ လာဖတ်တာ။ဘာပဲဖြစ်ဖြစ် တစ်ဒေါ်လာ အနည်းဆုံး ၉၀၀လောက်ရှိရင်ကောင်းတာပေါ့။အဲဒါမှ မိသားစုကို ပိုက်ဆံပို့ရင် ပိုရမှာ -- ဟီး