ကလေးတစ်ယောက် အရွယ်အစားရှိသော ဖားကြီး

Monday, August 29, 2011

.


အသက် ၇ နှစ် (သို့) ၈ နှစ် အရွယ် ကလေး တစ်ယောက်ရဲ့ အလေးချိန် နဲ့ ညီမျှတဲ့ ဖားကြီးတစ်ကောင် ကို
မလေးရှားနိုင်ငံ Negeri Sembilan ပြည်နယ်မှာ ဖမ်းမိခဲ့ပါတယ်။
ကီလိုဂရမ် ၂၀ ရှိပါသတဲ့။

ဒီရဲ့ ဧရာမ ကုန်းနေ ရေနေသတ္တဝါ ဖားကြီးကို Orang asli လို့ ခေါ်တဲ့ လူနည်းစု တိုင်းရင်းသားမျိုးနွယ်ဝင်တစ်ဦးက ဖမ်းခဲ့တာပါ။



Gemencheh တောင်တန်းဒေသမှာ ဖမ်းမိတဲ့ ဒီဖားကြီးကို တယ်လီဖုန်းကင်မရာကိုင်သူတယောက်က အထက်ပါပုံအတိုင်း မှတ်တမ်းတင်ထားပါတယ်။

မလေးငွေ RM 500 (US 167) ပေးပြီး ၀ယ်ပေမယ့် ဖားဖမ်းသူက RM 1000 (US 335 ) ရမှ ရောင်းနိုင်မယ်လို့ ဆိုပါတယ်။

အိမ်ပြန်ပြီး ပိုက်ဆံ သွားယူပြီး ပြန်အရောက်မှာတော့ ဒီဖားကြီး ဟင်းအိုးထဲ ရောက်နေတာကို ဝမ်းနည်းစွာ တွေ့မြင်ခဲ့ရပါတယ် တဲ့။

ဖားကြီးကို စားသောက်ခဲ့ကြသူတွေ နာမကျန်းဖြစ်ကြကြောင်း နောက်ဆက်တွဲ ကြားသိရပါတယ်။

Source: mysinchew.com




.

5 comments :

  1. Anonymous said... :

    အော် ခက်ရချည်ရဲ့ ဖားမုဆိုးရယ်၊ အဲလောက် အကောင်ကြီးကို လေလံတင် ပြတိုက်မှာတောင် ထားလို့ရရဲ့သားနဲ့ မိုက်လုံးကြီးပါပေ့ကွယ်၊ ချက်စားပစ်ရတယ်လို့၊ သူတို့မို့လို့ အဲလောက် အကောင်ကြီးကို စားရဲကြတယ်။ အဲလောက်ကြီး နှစ်တွေချို့နေရင် ဖျားကြမှာပဲ၊ ကျနော်တို့အဖွဲ့ ငါးလင်ဗန်း နှစ်ချို့ကြီးတကောင်ကို ချက်စားမိတာ တဖွဲ့လုံး ဖျားကြပါလေရော။

  1. Anonymous said... :

    ဪကြည့်ရတာဖားကိုကျွမ်းကျွမ်းကျင်ကျင်မချက်တတ်ဘူးမှတ်တယ်

  1. Anonymous said... :

    ဒါလေးများဗျာ.. နေပြည်တော်ဆိုတဲ့အရပ်မှာ ဒီ့ထက်ကြီးတဲ့စားဖားကြီးတွေ အများကြီးမှဘုံးပေါလအော ရိုက်သတ်လို့တောင်မကုန်နိုင်ဘူး။

  1. Anonymous said... :

    နေပြည်တော်က စားဖားတွေက စားရင် စားတဲ့လူ အဆိပ်မိပြီး ဖျားမှာမဟုတ်ဘူး...တစ်ခါတည်းသေလိမ့်မယ်...

  1. Anonymous said... :

    Asli ဆိုတဲ့ လူတွေက ရှေးဟောင်းမလေးလူမျိုးအစစ်တွေလို့ သူတို့ကိုယ်သူတို့ပြောကြတယ်။ မလေးရှားမှာ မလေးလူမျိုးအစစ်တွေက တောကြိုချုံကြားမှာ၊ ဖါးရှာ၊ ငါးရှာ၊ ငှက်ဖမ်း ပြီး ဆင်းဆင်းရဲရဲ နဲ့ မထင်မရှား နေကြရပါတယ်။ ပညာမတတ်၊ ဘာသာတရားမရှိတဲ့သူတွေများပါတယ်။ မလေးမှာကြီးစိုးနေတာကတော့ တရုတ်နဲ့ကုလား တွေပါပဲ။ ကျုပ်တို့မြန်မာပြည်အလယ်ဗဟို မြို့ကြီး (မန္တလေး)ကို တရုတ်တွေသိမ်းထားသလိုပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved