ငွေရေးကြေးရေး

Monday, August 29, 2011

(ဓာတ်ပုံ - မြန်မာတိုင်းမ်)

တရားမဝင်တင်သွင်းလာတဲ့ Super Custom ကားတွေကို ဒဏ်ရိုက်ရာမှာ ဒေါ်လာ ၁ သောင်းနဲ့ ကျပ်သိန်းနှစ်ဆယ် ပြောင်းလဲပေးဆောင်ဖို့ စက်မှု (၂) ဝန်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။

ဒါဟာ ဒေါ်လာအဝယ်လိုက်အောင် လုပ်ခြင်းဖြစ်ပြီး ဒေါ်လာဈေးကျနေတာကို ကုစားဖို့ပါတဲ့။ (ကဲ မပိုင်လား …)

ဒဏ်ရိုက်ခံရမယ့်ကား အစီး ၂၀၀ ကျော်ရှိပြီး ဒဏ်ငွေကို နိုင်ငံခြား ကုန်သွယ်မှုဘဏ်ကနေ အကောင့် လွှဲပြောင်းပြီး အဲဒီကနေ မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်တွေကို ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမှာ ဖြစ်ပါတယ်။

ဒီလို ပြောင်းလဲလိုက်တဲ့အတွက် ဒေါ်လာ ၈ သန်းနီးပါးလောက် ဈေးကွက်ထဲမှာ အရောင်းအဝယ် ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ ဒီသတင်းကြောင့် အခု တဒေါ်လာပေါက်ဈေး ၇၅၀ ကျော်ကျော် အထိ ရှိလာပြီး Earning ကတော့ ၇၇၀ ဖြစ်လာတယ်လို့ ဆိုပါတယ်။

နောက် ငွေကြေးသတင်းတခုကတော့ မြန်မာနိုင်ငံမှာ ဟိုတယ်ငှားခတွေကို FEC နဲ့ ပေးချေတာ အခုလကုန်အထိပဲ လက်ခံတော့မယ်လို့ ဆိုပါတယ်။ အဲဒီအချိန်အထိပဲ လက်ခံမယ်ဆိုတာကို ဟိုတယ်တွေက ခရီးသွားကုမ္ပဏီတွေဆီ အကြောင်းကြားထားပါတယ်တဲ့။

FEC ကို ရုပ်သိမ်းမယ်လို့ အစိုးရက ပြောဆိုပြီးနောက် FEC ဈေးတွေ ထိုးကျတယ်။ ဖျက်သိမ်းတဲ့အခါမှာ ပေါက်ဈေးတန်ဖိုးနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ ဒါမှမဟုတ် ဒေါ်လာနဲ့ လဲပေးမယ်လို့ ဆိုပါတယ်။

(ဒီကနေ့ဖတ်ရတဲ့ ရန်ကုန် ခရိုနီကယ်သတင်းတွေကို အနှစ်ချုပ် ပြန်ရေးပါတယ်)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved