ဒီတပတ်တာအတွင်းမှာ မြန်မာပန်းချီလောကဟာ သမိုင်းကိုယ်စီရှိတဲ့ ပန်းချီဆရာနှစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီ။ ဆရာ ရာဟုလာ (အသက် ၆၇ နှစ်)ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ ဆုံးတယ်။ ပန်းချီ မောင်မောင်သိုက် (အသက် ၆၆ နှစ်) ကတော့ မနေ့က ကွယ်လွန်သွားပါတယ်။
မြဝတီ၊ ငွေတာရီ၊ ရှုမဝ၊ စစ်ပြန် စတဲ့ မဂ္ဂဇင်းများမှစပြီး ယနေ့ ခေတ် မဂ္ဂဇင်းများအထိ စာနယ်ဇင်း သရုပ်ဖော်ပုံများ၊ မျက်နှာဖုံးများ ရေးဆွဲခြင်းဖြင့် ပန်းချီလောကမှာ အောင်မြင်ခဲ့တဲ့ ပန်းချီမောင်မောင်သိုက်ဟာ ဝတ္ထု မျက်နှာဖုံးများကိုလည်း ရေးဆွဲခဲ့ပါတယ်။ (သတင်း အပြည့်အစုံ ဖတ်ရန်)

0 comments :
Post a Comment