တိုင်လို့ စစ်ဆေးနေပြီ

Wednesday, August 10, 2011



-


မှန်ကန်ရင်တော့ ကွဲမှာပဲ

လင်းသန့်

ရန်ကုန် မြောက်ဥက္ကလာ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခန့်အပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်လို့ သမတဦးသိန်းစိန်ကို တိုင်ကြပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးက ဗဟိုဦးစီးစနစ်သုံးပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ခန့်တာကို အောက်ခြေက မသိရှိခဲ့ဘူး၊ ခန့်လိုက်တဲ့လူကလည်း ကိုယ်ကျင့် တရားအရ မှတ်တမ်း မကောင်းသူတဦးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို တိုင်တဲ့အမှုကို
အခုတော့ ခေါ်ယူ စစ်ဆေးနေပါပြီ တဲ့။

လက်မှတ်ရေးထိုး တိုင်ကြားသူများကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်ယူ စစ်ဆေးနေတာလို့ ဆိုပါတယ်။

“အခြေခံဥပဒေ အပိုဒ် ၅ ပုဒ်မ ၂၈၉ အရ တိုင်ကြတာကို ခေါ် မေး စစ်ဆေးတာတွေ လုပ်တော့ ရပ်ကွက်က တော်တော် ကြောက်နေကြ တယ်” လို့  လက်မှတ်ထိုး တိုင်ကြားရေး ဦးဆောင် လှုပ်ရှားသူ တဦးဖြစ်တဲ့ ဦးစိုးဝဏ္ဏက ဧရာဝတီကို ပြောပါတယ်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးသည် ရပ်ကွက်၏ လူအကြည်ညိုခံသူ ဖြစ်ရမည် ဆိုတာကို ၂၀၀၈ အခြေခံဥပဒေ မှာ ပြဋ္ဌာန်းထားတယ်ဆိုပြီး
လက်မှတ် ရေးထိုး တိုင်ကြားသူ စုစုပေါင်း ၅၀၄ ဦး ရှိပါတယ် တဲ့။

“အခု ရွေးကောက်ပွဲပြီးနောက်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးခန့်တာ ပြည်သူလူထု မသိလိုက်ဘူး။ သိလို့ မကျေနပ်ကြလို့ လက်မှတ်ထိုးပြီး တင်တာပေါ့။ လက်မှတ်ထိုးခဲ့တာလည်း ကျမတို့ အမျိုးသမီးတွေ များတယ်။ အခု ကိုယ့်အိမ်တောင် ကိုယ် မအိပ်ရဲ ဖြစ်နေတယ်။ ဘယ်အချိန် လာဖမ်းမလဲ ဖြစ်နေတယ်” လို့ တိုင်ကြားသူ အမျိုးသမီး တဦး က ပြောပါတယ်။

အရပ်ဝတ် ရဲထောက်လှမ်းရေးလို့ ယူဆရသူများ ရောက်လာပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို ကန့်ကွက်တဲ့ ကိစ္စ မြို့နယ်ရုံးမှာ ခေါ်စစ်မယ်ခံရမယ် လို့ ပြောနေပါသတဲ့။ ဒါပေမယ့်
စစ်ဆေးတာထက်ပိုမှာကို လက်မှတ်ထိုးသူတွေက စိုးရိမ်နေကြပါတယ်။

စစ်ဆေးချက် များကို လွှတ်တော်ထိတင်ပြမယ် လို့ အော်ချက် ထုတ်ပေမယ့် စိုးရိမ်ကြဆဲလို့ ဆိုပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပုဒ် ၅ တွင်ဖော်ပြပါရှိသော ဂုဏ်သရေရှိလူကြီးလူကောင်း၊ သိက္ခာသမာဓိ ရှိသူမျိုးသာလျှင် ပြန်လည် စီစစ်ရွေးချယ်ပေးဖို့ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ပြည်သူတွေဘက်က ရပ်တည် ပြောဆို ပေးမယ့် ပြည်သူ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကို ပြန်လည်စီစစ်ရွေးချယ်ပေးဖို့ ကျနော်တို့ တောင်းဆို ချင်ပါတယ်” လို့
ဦးစိုးဝဏ္ဏက ဆက်ပြောပါတယ်။

ဦးစိုးဝဏ္ဏဟာ
အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF)ရဲ့ မြောက်ဥက္ကလာ ၂ ရပ်ကွက် အတွင်းရေးမှူးပါ။

“အခုဟာ ကျနော့်ပါတီက ဘာမှ မညွှန်ကြားဘူး။ ဆိုင်လဲ မဆိုင်ဘူး။ ဖိအားလည်း မပေးဘူး။ ဒါက ရပ်ကွက်နေ ရပ်မိ ရပ်ဖ အနေနဲ့ လုပ်ခဲ့တာ” လို့  သူက ဆိုပါတယ်


-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved