နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေမှာ ၀န်ကြီးတချို့ အိပ်ငိုက်နေကြပါတယ်။ (ဓာတ်ပုံများ-ဧရာဝတီ)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြတဲ့ အချက်တွေ၊ မေးခွန်းတွေ၊ အဆိုတွေကို ဂရုတစိုက် နားထောင်နေချိန်မှာ အစိုးရ၀န်ကြီးတွေ ကတော့ မသိလိုက် မသိဘာသာ လုပ်နေကြပါတယ်။ ဟိုငေး-ဒီငေး လုပ်သူက လုပ်၊ အိပ်တဲ့သူက အိပ်ပေါ့ လေ။
အိနြေ္ဒ မဆည်နိုင်လောက်အောင် ဖြစ်နေသူကတော့ ဘယ်သူရှိမတုန်း။ နာမည်ကျော် စီးပွားရေးသမားကြီး ဦးဝင်းမြင့်ဖြစ်ပါတယ်။ ယခင်က စပါးရောင်း၊ ဆန်ရောင်းနဲ့ကုန်သည်စက်မှုအသင်းရဲ့ဥက္ကဋ္ဌအဖြစ် အမှု တော်ထမ်းရွက်နေရာကနေ ၀န်ကြီးအဖြစ် တင်မြောက်ခံလိုက်ရသူပါ။ သူ့ရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့လုပ်ဆောင်ချက်တွေကို လွှတ်တော်အမတ်တွေက ထောက်ခံတ င်ပြနေချိန်မှာပဲ သူကတော့ အိပ်ငိုက်လေရဲ့။
အဲဒီလို မှန်တာတွေ မပြောနဲ့လေဗျာ။ မှန်တာတွေ ပြောရင် လွှတ်တော်ကို သိက္ခာချ မှု့ နဲ့ ဗမာပြည်ထဲပြန်ဝင်လာရင် အရေးယူမှာ မကြောက်ဘူးလား။ ခင်မင်လေးစားစွာဖြင့်။
မောင်ငြိမ်း။