ကိုဌေးကြွယ်လွတ်မြောက်ရေး လှုံ့ဆော်ပေးတဲ့ ဒု ဝန်ကြီးချုပ်

Sunday, August 28, 2011

(ဓာတ်ပုံ - libdems.org.uk)

ဗြိတိန် ဒုဝန်ကြီးချုပ် Nick Clegg ဟာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ် လွတ်မြောက်ရေး လှုပ်ရှားမှုကို ထောက်ခံပါဝင်ခဲ့ပါတယ်။

“၂၀၀၇ မှာ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ ဆော်သြမိတာလေးနဲ့ ကိုဌေးကြွယ်ဟာ ၈ ပေ-၁၀ ပေ အခန်းကျဉ်းထဲမှာ ထောင်ဒဏ် ၆၅ နှစ်ကျခံဖို့ ချမှတ်ခံရတယ်။ ဒီကိစ္စကို မီးမောင်းထိုးဖို့ ကျနော် တတ်နိုင်တာ ကျနော် လုပ်လိုက်တာ ဖြစ်တယ်” လို့ Mr Clegg က ဆိုပါတယ်။

သူက “မြန်မာအစိုးရရဲ့ လူထုအပေါ် ဆက်ဆံပုံနဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို လက်မခံပုံက အလွန်ဆိုးရွားပါတယ်။ ကိုဌေးကြွယ်အပါအဝင် နိုင်ငံရေးအကျဉ်းသားကို ဒီအစိုးရကလည်း အခု မလွှတ်သေးပါဘူး” ဆက်ပြောပါတယ်။

Ref: Liberal Democrats

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved