(ဓာတ်ပုံတွေကို ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ကျေးဇူးပြုပါတယ်။)
ရခိုင်ကမ်းလွန်ကနေ တရုတ်နိုင်ငံသို့ သွယ်တန်းမယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ရှမ်းပြည်မြောက်ပိုင်းမှာ တရုတ် အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) က လုပ်ငန်း စတင် အကောင်အထည်ဖော်နေပါပြီ။
စီမံကိန်းအရ ပိုက်လိုင်းဟာ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းက စပြီးတော့ အမ်းမြို့နယ်၊ ပြီးတော့ ရခိုင်ရိုးမကို ဖြတ်ကျော်၊ ပြီးတော့ မကွေးတိုင်း ပွင့်ဖြူမြို့နယ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ပြီး ရေနံချောင်းမြို့နယ်အတွင်း ဝင်မှာ ဖြစ်ပါတယ်။
အဲဒီကနေ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ပြီးတော့ ပုသိမ်ကြီးမြို့နယ်မှ မေမြို့၊ ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲ၊ လားရှိုးဒေသကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နဲ့ ကွမ်ကျိုးပြည်နယ် ချုံကင်းမြို့အထိ ဖောက်လုပ်မှာပါ။
ပိုက်လိုင်း ဖောက်လုပ်နေမှုနဲ့ ဖောက်လုပ်ရာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ဧရာဝတီသတင်းထောက် ကိုရန်ပိုင်က ပုံမှန် သတင်းများ ဖော်ထုတ်ရေးသားနေပါတယ်။ ရေးပြီးတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဖတ်ပါ။
ချုံကင်းမြို့သည် ဇီချွမ်ပြည်နယ်၏ မြို့တော်ဖြစ်သည်