နေပြည်တော်က တွေ့ဆုံပွဲ

Friday, August 19, 2011

-


မြန်မာ့ရုပ်မြင်သံကြားက ဒီည ၈း၀၀ နာရီမှာ ထုတ်လွှင့်သွားတဲ့ နေပြည်တော်က အံ့အားသင့်စရာ တွေ့ဆုံပွဲကို ကူးယူ မှတ်တမ်းတင်ထားတာပါ။ နံရံမှာ ချိတ်ထားတဲ့ပုံက ခေါင်းပေါင်း၊ တိုက်ပုံ ၀တ်ဆင်ထားတဲ့ ဦးအောင်ဆန်းရဲ့ဓာတ်ပုံ ဖြစ်နေတာကတော့ ဒီကနေ့အတွက် ဒုတိယမြောက် အံ့အားသင့်မှု ဖြစ်ပါလိမ့်မယ်။
email နဲ့ ရောက်လာတဲ့ စာတစောင်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်နဲ. သမ္မတဦးသိန်းစိန် တွေ.ပြီး နက်ဖန် နေပြည် တော် စီးပွားရေးဖိုရမ်တက်မည်

ဒီနေ. ဒေါ်အောင်ဆန်းစုကြည်နဲ. ဦးသိန်းစိန် ၁ နာရီနီးပါး နေပြည်တော် သမ္မတအိမ်တော်မှာ တွေ.ဆုံခဲ.ပါတယ်။ ဦးသိန်းစိန်နဲ.အတူ သမ္မတကတော်ရယ် သမ္မတရုံးအဖွဲ.ညွှန်ကြားရေးမှူးတို.လည်း တွေ.ဆုံပွဲမှာရှိတယ် ဆွေးနွေးပွဲကနွေးနွေးထွေးရှိတယ်လို.သိရပါတယ်။ MRTV က ဒီသတင်းကို ထုတ်လွှင်.တော. “မတူတာတွေဖယ်ပြီး တူတာတွေကို ဘုံအကျိုးစီးပွားအတွက် တွဲပြီး လုပ်ဆောင်သွားမယ်လို.” ကြေညာသွားပါတယ်။

ဒေါ်စုကနေပြည်တော်မှာ လှည်.ကြည်.တယ် ဆိုတဲ. သတင်းကတော.မမှန်ပါဘူး၊ ဒီညနေပြည်တော်မှာ အိပ်ပြီး နက်ဖန် နေပြည်တော်စီးပွားရေးဖိုရမ်ကို ခနတက်မယ် လို. သိရပါတယ်"


-

13 comments :

  1. truth lover said... :

    ဗိုလ်ချုပ်ပုံကို ဒီလို လူလူသူသူချိတ်ဆွဲထားတာ မမြင်ရတာ ကြာပြီဆိုတော့ ရင်ထဲမှာ ၀မ်းနည်းဝမ်းသာဖြစ်ရပါတယ်...အပြသဘောပဲဆိုရင် တောင် ဦးသိန်းစိန်ကို ချီးကျူးပါတယ်..အရင်လူတွေထက် ပျော့ ပြောင်းမှုလေးတွေ တွေ့ လာရတာကိုတော့ ကြိုဆိုရမှာပါ..နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရင် တော့  ပြည်သူတွေရဲ့ ယုံကြည်မှုကို ရလာမှာမလွဲပါ..

  1. ကေကေအို said... :

    တကယ့်ကို အံ့သြဖွယ်ပါဘဲဗျာ။ မြန်မာ့ရုပ်မြင်သံကြားလဲ မကြည့်ရတော့ ယုံရခက်ခက်ပါဘဲ။ ဧရာဝတီက တင်ထားတဲ့ ဒီသတင်းဓါတ်ပုံအရ ယုံလိုက်ရမှာပါ။ တကယ်ဆိုရင် သွားလေသူ အိုစမာဘင်လာဒင်ရဲ့ ဓါတ်ပုံကို ချိတ်ထားရမှာ။

  1. မောင်သန့် ။ said... :

    အဆိုးမြင် လှချည့်  လို့ လဲ အပစ်တင်မစောစေချင်ပါ။

    အချိန်အခါ နဲ့ နိုင်ငံတကာ အခင်းအကျင်းတွေ မတူတော့တာ လဲ အမှန်ပါဘဲ။

    ခပေါင်း၊ဒူးယား၊ အုန်းတော၊ချောက် က နှီးနှောပွဲ ဆိုသဟာကြီး တွေ မျက်စိထဲ ပြန်မြင်ယောင်လာမိလို့ ပါ။

    ၃၃ ဦးကော်မီတီ တို့ ၊ ၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတာတွေ လဲ အမှတ်ရမိ၏ ပေါ့ဗျာ။
    အကွက်တွေက ဆင်ဆင် တူနေသလိုဘဲ လို့  ခံစားမိကြောင်းပါ ခင်ဗျား။

  1. Anonymous said... :

    ဗိုလ်ချုပ်ပုံချိတ်ထားတယ်ဆိုတာက ဒီယုံမြင်လို့ ဒီခြုံထွင်ထားတာ မဖြစ်နိုင်ပေဘူးလား... တကယ်ရိုးရိုးသားသားဆိုရင် နိုင်ငံတ၀ှမ်း ရုံးတွေအားလုံးမှာ ဗိုလ်ချုပ်ပုံချိတ်လိုက်ရုံပါပဲ... အခုကတော့ တီဗီမှာပါမယ့် မြင်ကွင်းမှာ သေသေချာချာချိတ်ပြထားတာ.. ပျော့ပြောင်းနွေးထွေးလာတယ်မြင်အောင်လို့ပါ... တခုခုတော့လွဲနေတယ်...

  1. Royal Dear said... :

    အန်တီစုကို ယုံကြည်လေးစားတဲ့ အချက်တစ်ချက်တည်းနဲ့
    အားလုံးဟာ မြန်မာနိုင်ငံသားတွေအတွက် သင်တင့်မျှတတဲ့ အရာတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
    ဗိုလ်ချုပ်မွေးတဲ့ အန်တီ့ရဲ့နှလုံးသားထဲမှာ မြန်မာနိုင်ငံသားတွေအတွက် အကောင်းဆုံးဖြစ်အောင် ဘာလုပ်ရမလဲဆိုပြီး စဉ်းစားချင့်ချိန်၊ တွေးခေါ်ပြီး ဆောင်ရွက်နေလိမ့်မယ်လို့ ရိုးသားစွာ အားကိုးယုံကြည်နေတယ်။
    ဘာမှ မလုပ်နိုင်ရင်တောင်မှ ကျွန်တော်တို့ နှလုံးသားထဲမှာ
    1) အနော်ရထာဆိုတာ ရှိတယ်
    2) ဘုရင့်နောင်ဆိုတာ ရှိတယ်
    3) ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ရှိတယ်
    4) ဦးသန့်ဆိုတာ ရှိတယ်
    5) ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ရှိတယ်
    လေးစားယုံကြည်နေမယ်။

    Royal Dear
    (Singapore)

  1. Anonymous said... :

    ဘာဖြစ်လို့ သူတို့ကရုက်တရက် တွေ့ဖို့စီစဉ်တာလဲဆိုတော့ အာစီယံ အုက်ကထ ရာထူးကိုလိုချင်တာကိုး။ အပြောင်းအလဲ၊ လိုက်ရောမှု၊ ပြောပြောင်းမှူ တခုခုလုပ်ပြရမယ်လေ သူ
    တို့မလာခင်။ ရာထူးရပီးရင် ဒါမှမဟုတ် နဲနဲကြာသွားရင် ဒီလိုပဲ ဒီလိုပဲ ပီးသွားမှာပါ။ ဒီစစ်အဆိုးရ ရဲ့ အတွင်းစိတ်ကသိပ်ကောက်ကျစ်တယ်။

  1. ( ပြောင်ရှင်း.. မင်း ပိုင်တယ်ကွာ ) ဆိုတဲ့ ငယ်ငယ်က ကာတွန်းလေး သွားသတိရတယ်..း)

  1. တကယ်ကို ဗိုလ်ချုပ်ကို လေးစားခဲ့တာမှန်ရင် ဦးသိန်စိန်ရယ် ပြီးခဲ့တဲ့ အာဇာနည်နေ့မှာ ဘာကြောင့်များးးးးးးးအလေးမပြုတာလဲ အခုလည်းလှည့်နေတာ လူတိုင်းသိတယ် လှည့်တာ ၁ ပတ်တောင်မပြည့်ဘူးးးးး

  1. အောင်မျိုးနိုင်၈၈၈၈ said... :

    ဟိုအရင်ဗိုလ်သန်းရွှေ ဗိုလ်ခင်ညွှန့်တို့နဲ့ အကြိမ်များစွာ..တွေ့ပြီးထဲ က အမေစုရဲ့မျက်နှာကိုစာလိုဖတ်တတ်ခဲ့တယ်..ခုလဲဗိုလ်သိန်းစိန်နဲ့တွေ့ပြီးတဲ့ အမေ့ရဲ့မျက်နှာမှာ..သူတို့ က..မတူကွဲပြားသော သဘောထား အမြင်များ ဘေးဖယ်ပြီး....ဆိုတဲ့စကားလုံးတွေနဲ့ .နိုင်ငံရေး အကျဉ်းသား..ပြည်တွင်းစစ်...၉၀ ရွေးကောက်ပွဲရလဒ်...ပါတီရပ်တည်ခွင့်...စတာတွေကိုချေမှုန်းနေလို့...အမေခံပြင်းနေတယ်လို့ထင်မိတာ က ကျွန်တော် အထင်မှားတာသာ ဖြစ်ပါစေ..ပြဇတ်တစ်ပုဒ်ဆက်တင်ပြင်ထားသလိုဘဲ...ဖခင်ဗိုလ်ချုပ်ပုံ က...ဦးသိန်းစိန်ရုံးခန်းထဲမှာ နေ့ချင်းညချင်းများ ချိတ်ဆွဲလိုက်တာ..နိုင်ငံခြားဧည့်သည်တော်တွေလာတုံးက မတွေ့မိပါဗျား..

  1. မောင်ကောင်း said... :

    အရာရာအားလုံးဟာ ဒီနေ့ ဒီလိုဖြစ်လာဖို့ သေချာကြိုတင်စီမံထားတယ်လို့ ပဲ ထင်မြင်ယူဆမိပါကြောင်း ။ ဆက်လက်စောင့်ကြည့်ဖို့အဖြေတခုအနေနဲ့ကတော့ ဗိုလ်ချုပ်ပုံလူမြင်အောင်ချိတ်ထားတာထက် နိုင်/ကျဉ်းတွေကို အကြွင်းမဲ့ လွှတ်ပေးလိုက်ရင်တော့ တဆင့်ထပ်တက်နိုင်မယ်လို့ အချိန်အတိုင်းအတာတခုထား မျှော်လင့်ပါတယ်ခင်ဗျာ။

  1. Anonymous said... :

    အစိုးရဘာလုပ်လုပ်အကောင်းမမြင်တဲ့စိတ်ရှိသူတွေဟာ ဘာတွေပါလဲ။ ရည်ရွယ်ချက်တွေကကော ဘာတွေပါလဲ။ ကျွန်တော်ထင်ပါတယ် သူတို့တွေဟာ ဘေးထိုင်၊ ဘုပြော၊ ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလား....ငါလည်းမလုပ် တတ်ဘူး..၊ဆိုတဲ့သူတွေလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကိုခေတ်မှီတိုးတက်ပြီး စည်းကမ်းရှိတဲ့နိုင်ငံဖြစ်အောင် လုပ်ဖို့ဆိုရင် လူတိုင်းလူတိုင်းဟာ ရင့်ကျက်မှုရှိဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုလူစားတွေအတွက် တိုက်ပွဲတွေမှာကျဆုံးသွားရှာတဲ့ စစ်သည်လေးတွေကိုယ်စား ကျွန်တော်ရှက်မိပါတယ်ဗျာ။

  1. Anonymous said... :

    ကျုပ်တို့လူမျိုးတွေ ခေ မှတ်လို့။ ဦးသိန်းစိန်လောက်တော့ပျင်းသေးတယ်။ သိကြားမင်း ကျွဲယောင်ဆောင် ဆင်းရင်တောင် ဂျိုကားတယ် ပြောတတ်တာ။ မယုံရင် သိကြားမင်း မေးကြည့်။

  1. Anonymous said... :

    ဒီလောက်နှစ်ပေါင်းများစွာခံခဲ့ရတာတောင် မမှတ်သေးဘူးလားဗျာ၊
    (အမြဲတမ်း အကောင်းမြင် ရောင့်ရဲနိုင်ရင်တော့ကောင်းပါတယ် )
    ခင်ဗျားတို့အမျိုးထဲက မသေဖူးသေးလို့ မာနေနိုင်ကြသေးတာလား ငတေ တို့ရယ်
    ( မြန်မာစာ စာလုံးပေါင်း သတ်ပုံတောင် မှန်အောင်မရေးနိုင်ဘဲနဲ့ ၀င်ပြီးလေကြီးလေကျယ်လုပ်ချင် သေးတယ် ) ( ခေတ်မှီ * ခေတ်မီ ) ( ဂျို * ချို = ဦးချို )
    သင်ပုန်းကြီးကြေအောင် အရင်လုပ်ကြပါဦးဗျာ ... နော့
    သင်ပုန်းကြီးမကြေတဲ့ အသိဥာဏ်လောက်နဲ့ ၀င်မနှောက်ကြပါနဲ့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved