အစိုးရကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေ့ဆုံပြီးတဲ့နောက် ပူးတွဲ ကြေညာချက် ထုတ်ပြန်နေပုံများ ဖြစ်ပါတယ်။ (ဓာတ်ပုံများ-ဧရာဝတီ)
အရပ်သားအစိုးရလက်ထက် ဒုအကြိမ်မြောက် တွေ့ဆုံမှုအပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ကို RFA သတင်းဌာနမှာ အခုလို ဖော်ပြထားပါတယ်။
“ယနေ့ တွေ့ဆုံမှုတွေ နှစ်ဘက်စလုံးက အောက်ပါအတိုင်း သဘောတူညီ ခဲ့ကြပါသည်။
(၁) ပြည်သူလူထု တရပ်လုံး၏ ပကတိ လိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်း ပေးသည့် အနေဖြင့် တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရနှင့် နှစ်ဘက် လက်တွဲ ဆောင်ရွက် သွားမည် ဖြစ်သည်။
(၂) မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ် ဆက်လက် တိုးတက် ထွန်းကား စေရေးအတွက် လည်းကောင်း၊ စီးပွားရေးနဲ့ လူမှုရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် လည်းကောင်း၊ အပြုသဘော ပူးပေါင်း ဆောင်ရွက်သွားမည်။
(၃) ပဋိပက္ခ အသွင်ဆောင်သော အမြင် သဘောထားများကို ရှောင်ရှား ကြပြီး အပြန်အလှန် ကူညီသော ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ် ဦးတည်ချက်ထား ဆောင်ရွက်သွားမည်။
(၄) တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ် သွားမည်”
-
သိပ် နားထောင် လို့  ကောင်းတာဘဲ။
စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ။
စေတနာ ဟာ ကံ မြောက်ပါတယ်။(ဘုရား ဟောပါ)
ဒေါ်စု စေတနာ ကောင်းတွေ ကို ပြည်သူတွေ အားလုံး
လေးစားစွာ အသိအမှတ် ပြုပါတယ်။
လူဝတ်လဲ နအဖ လူထွက်တွေ ဘက်က ကော?
ဘာနဲ့ ပြမလဲ။ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော် ။
နယ်စပ်မြေခြား က တိုင်းရင်းသား တွေ ကော။
ထမိန် ချွတ်ခံနေရ ပီ ဖြစ်တဲ့ မိခင် ဧရာဝတီ ကိစ္စ ကော။
မျက်ရည်ကျ ငိုပြ လို့ ရကြေး ဆိုရင် --ဧယျာဉ် သာ သွားကျူး နေကြပါတော့။