ဆယ့်နှစ်ရာသီပတ်လုံး ပန်းမျိုးစုံနဲ့ ဝေဆာနေတဲ့ ပြင်ဦးလွင်မြို့လေးမှာ ကိုးမြို့ရှင်နတ်နန်းကြီး ထည်ထည်ဝါ၀ါ ရှိနေတယ်ဆိုတာ တော်တော်များများ သိကြမှာ ဖြစ်ပေမယ့် သာမဏေပြုခါနီး ရှင်လောင်းကို နတ်ပြရသလို ကျောင်းဆင်းခါနီး ဗိုလ်လောင်းကို နတ်ပြရတယ်ဆိုတာတော့ သိတဲ့သူ တော်တော်နည်းမယ် ထင်ပါတယ်။
တကယ်ကို နတ်ပြရတာပါ။ အစဉ်အလာ ရှိခဲ့ဖူးသလား မသိပေမယ့် ကျောင်းဆင်းဖို့ ငါးရက်အလို ၁-၄-၂၀၀၁ တနင်္ဂနွေနေ့ မနက်ခင်းပိုင်း ၀တ်စုံပြည့် စစ်ရေးပြ လေ့ကျင့်မှု အပြီးမှာ နည်းပြမှူးချုပ် ဒုမှူးကြီး အောင်စောဝင်းရယ်၊ ဗိုလ်မှူး ၀င်းနိုင်သော် ရယ်က ကျွန်တော်တို့ကို ကားပေါ်တက်တက်ဆိုလို့ တက်လိုက်သွားတော့ ကားဟာ မြို့ထဲကို ထွက်သွားပါတယ်။
ဆင်းဆင်းဆိုလို့ ဆင်းလိုက်တော့ အဖကိုးမျြိ့ရှင် နတ်နန်းဖြစ်နေပါတယ်။ တော်တော်သားသားနားနားပါ။ နတ်နန်းပေါ်တက်တော့ စစ်ဖိနပ်ကြီးတွေချွတ်ပြီး ဓားတွေ တကားကားနဲ့ တက်သွားပါတယ်။
စစ်ရေးပြမှူးလုပ်တဲ့ဗိုလ်လောင်း အလံတော်အဖွဲ့မှူး၊ ကျောင်းဆင်းတပ်ခွဲမှူး(၂)ယောက်၊ နောက်ရံတပ်ခွဲက တပ်ခွဲမှူး(၈)ယောက်၊ ပေါင်း ဗိုလ်လောင်း (၁၂) ယောက်တို့ဟာ အဖကိုးမြို့ရှင်နတ်နန်းက နတ်ရုပ်တု ရှေ့မှာ တန်းစီရပ်ရင်းက သတိပဲဆွဲရမလိုလို၊ သက်သာပဲခွဲရမလိုလို၊ အလေးပြုရမလိုလို၊ လက်အုပ် ချီရမလိုလို ဖြစ်နေတုန်း အောင်မြင်ခန့်ညားတဲ့ နတ်ဆရာရဲ့အသံက အခုလို ပေါ်လာပါတယ်-
“အဖေ့ရဲ့မြေးတော်များ အခစားဝင်ပါတယ် အဖေ
စစ်တက္ကသိုလ်ရဲ့ စစ်ရေးပြကြီး အောင်မြင် ချောမွေ့အောင် နိုင်ငံတော် အကြီးအကဲ ကြွရောက်မယ့် အခမ်းအနားကြီး ဘေးရန်ကင်းအောင် ကူညီမှိုင်းမတော်မူပါ ဘေးများလည်း ရှင်းတော်မူပါ ရန်များလည်း ရှင်းတော်မူပါ အနှောင့်အယှက် အတားအဆီးများ ရှိရင်လည်း ပယ်ရှားတော်မူပါ အဖေ့ရဲ့မြေးတော်များကို ကျန်းမာရေးကစလို့ အစစအရာရာ ကောင်းမွန် အဆင်ပြေအောင် စောင့်ရှောက်တော်မူပါ။
စုန်းတိုက်၊ နတ်တိုက်၊ ကဝေတိုက်၊ အစိမ်းတိုက်၊ အင်းအိုင် ခလှဲ့ အဆောင်အယောင်များနဲ့ မကောင်းဆိုးဝါး ပြုစားထားတာများရှိရင် ပယ်ခွင်းတော်မူပါ။ အဖေ့ရဲ့နယ်ပယ်အတွင်းက သားတော်၊ မြေးတော်တို့ကို အာဏာစက် ၊ ဓမ္မစက်နဲ့ ကူညီမှိုင်းမ စောင့်ရှောက်တော်မူပါ။’’
ဓာတ်ပုံတွေကိုတော့ Wagaung ရဲ့ www.flickr.com စာမျက်နှာက ယူပါတယ်။
ငါ့လခွီးထဲမှပဲ... သောက်ရှက် ..