ပေးစာ - လူရိုက်ခွင့်လိုင်စင်

Tuesday, August 30, 2011


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ် အမှတ် (၁) ရဲစခန်းအပိုင် န၀င်းရဲရိပ်သာနှင့် ပြည်အကျဉ်းထောင် လမ်းကြား ထီးစုလမ်းတွင် ၂၇၊ ၈၊ ၂၀၁၁ ညပိုင်းအချိန်က ပြည်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဆွေမောင်မောင် အပါအ၀င် သူ၏မိသားစုများက အရပ်သူ အမျိုးသမီးတယောက်အား ၀ိုင်းဝန်းရိုက်နှက်ခဲ့ရာ ထိုအမျိုးသမီးမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသနေရပါသည်။

၎င်းအမျိုးသမီးနှင့် ပတ်သက်သော မိသားစုအသိုင်းအ၀န်းမှ အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ
စခန်းမှူးမှ အမှုလက်ခံဖွင့်ပေးခဲ့ခြင်းမရှိပါ။ ထို့အပြင် ယနေ့ ၂၈၊ ၈၊ ၂၀၁၁ မနက်တွင် စခန်းမှူးမှ လျော်ကြေးငွေလက်ခံပြီး အမှုမဖွင့်ရန် ခေါ်ယူပြောကြားခဲ့ပါသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူ့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အရာရှိတယောက်မှ ပြည်သူလူထုအပေါ်
ကိုယ်ထိလက်ရောက် စော်ကားမှုကို အမှုမဖွင့်ဘဲ လူကြီးအားလုံးမှ ဇွတ်အတင်း ကျေအေးခိုင်းခဲ့ပြီး ငွေကျပ် ၄ သိန်းပေးအပ်ခဲ့ပါသည်။

လူကြီးများ၏ ဖိအားပေးမှုကြောင့် ကာယကံရှင်မှ ကျေအေး မပေးလိုသော်လည်း ဖိအားများကြောင့် ကျေအေးပေးခဲ့ရပါသည်။

ယခုကဲ့သို့သာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်ပြီး ဖိအားများဖြင့် လျော်ကြေးပေးကာ စော်ကားနေလျှင် ပြည်သူများ မည်ကဲ့သို့ ဆက်လက် ရှင်သန်နေရမည်လဲ၊ ထို့အပြင် ဆင်းရဲတွင်းထဲမှ မိသားစုများကို ပြည်သူ့ရဲများက ဆက်လက်အနိုင်ကျင့် စော်ကားနေလျှင် မည်ကဲ့သို့ ဖြေရှင်းရမည်လဲ ဆိုသည်ကို အဖြေတခုတွေ့ရှိသည်အထိ ဆက်လက် တင်ပြပေးစေလိုပါတယ်ခင်ဗျား။

န၀င်းရပ်ကွက်သား

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved