.
ရှေ့တပတ်အင်္ဂါနေ့ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များကလပ် Foreign Correspondents Club of Thailand (FCCT ) မှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် Aung San Suu Kyi _ Lady of No Fear ပြသမယ်၊ ဒီရုပ်ရှင်ကို ဖန်တီးသူ ဒါရိုက်တာ အန်းန်ဂရစ်သီဘွန်းန် နဲ့ အမေးအဖြေ ပြုလုပ်နိုင်ကြမယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဆိုပါတယ်။
(မီရှဲယိုးသရုပ်ဆောင်တဲ့ The Lady ဇာတ်ကား မဟုတ်ပါ)


ဒီကားကို ဖန်တီးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုကို ချည်းကပ်ရတာ အချိန် အတော်ပေးခဲ့ရတယ်လို့ ဒါရိုက်တာက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ကိုယ်ရေးကိုယ်တာတွေ မီဒီယာမှာ မပါစေချင်တဲ့အတွက် သားတော်မောင်နှစ်ယောက်ကို စာနယ်ဇင်းတွေနဲ့ မတွေ့ဖို့ မှာထားတဲ့အတွက်ကြောင့်ပါ တဲ့။

ဒါရိုက်တာက အချိန်ယူပြီး၊ တဆင့်ပြီးတဆင့် ဆောင်ရွက်ခဲ့တဲ့နောက်ပိုင်း ဒီမှတ်တမ်းရုပ်ရှင် ရိုက်ဖြစ်သွားတာပါ။




ဓာတ်ပုံတွေကို မှတ်တမ်းရုပ်ရှင်ဝက်ဆိုက် က ယူပါတယ်
.
0 comments :
Post a Comment