မာရသွန် Google+

Friday, August 5, 2011


ဂူဂယ်ရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ ဂူဂယ် ပလပ်စ် (Google+) ဟာ အခုဆိုရင် စတင်ပြီး ၁ လကျော်အကြာမှာပဲ သုံးစွဲသူ ၂၅ သန်းရှိလာတဲ့ သုံးစွဲသူ အရအမြန်ဆုံး ဆိုဒ် ဖြစ်လာကြောင်း ComScore က ဖော်ပြလိုက်ပါတယ်။

ဂူဂယ် ပလပ်စ်ကို ဇွန်လကုန်ပိုင်းမှာ စတင်ခဲ့ပြီးနောက် ဇူလိုင်လ ၂၄ ရက်နေ့မှာ လာရောက်လည်ပတ်သူ တနေ့ကို ၁ သန်း ရှိခဲ့ပါတယ်။ အခု ပေးသုံးထားတဲ့ ဂူဂယ် ပလပ်စ်က စမ်းသပ်အဆင့်ပဲ ရှိပါသေးတယ်။ တရားဝင် အကုန်သုံးခွင့် မပေးသေးပါဘူး။ ဆားဗစ်ပိုပေးနိုင်ဖို့ ထပ်ချဲ့ထွင်တာတွေ လုပ်နေပါတယ်။

ဖေ့စ်ဘုတ်ဟာ ၃ နှစ်အကြာမှာ သုံးစွဲသူ ၂၅ သန်းနဲ့ တွစ်တာက လ ၃၀ အကြာမှာ ၂၅ သန်း ရရှိခဲ့ပါတယ်။ ဖေ့စ်ဘုတ်ကတော့ အစက ကောလိပ်ကွန်ရက်အဖြစ် စခဲ့တာဖြစ်ပါတယ်။

ဂူဂယ် ပလပ်စ်ကို အမေရိကန်က ၆ သန်း၊ အိန္ဒိယက ၃.၆ သန်း၊ ကနေဒါနဲ့ ယူကေက ၁ သန်း၊ ဂျာမနီက ၉ သိန်း ၂ သောင်း၊ ဘရာဇီးက ၇ သိန်း ၈ သောင်း၊ ပြင်သစ်နဲ့ ထိုင်ဝမ်တို့က ၅ သိန်းစီ ပရိသတ် အသီးသီး သုံးစွဲနေကြပါတယ်။


Source: TNW


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved