ကိုဖိုးဖြူကို ဘယ်လိုထောက်ခံအားပေးမလဲ

Thursday, September 1, 2011



.





အခက်တွေ့နေတဲ့ လယ်သမား၊ အလုပ်သမားတွေဘက်ကနေ ထောင်မကြောက် တန်းမကြောက်၊ အခမဲ့ အကူအညီပေးနေတဲ့ ရှေ့နေ ကိုဖိုးဖြူနဲ့ ဆက်သွယ်မေးမြန်းခန်းက အင်မတန် စိတ်ဝင်စားဖို့ကောင်းပါတယ်။ မြန်မာပြည်ရဲ့ လူများစုကြီးဖြစ်တဲ့ လယ်သမား အလုပ်သမားတွေ ဘာဖြစ်နေသလဲဆိုတာကို သူ ပြောပြသွားပါတယ်။

ဧရာဝတီမှာ တနင်္ဂနွေနေ့က ဖော်ပြခဲ့တဲ့ “လယ်သမားတွေ ကျနော့် မျက်စိရှေ့မှာပဲ ငတ်နေပါတယ်” ဆိုတဲ့ အင်တာဗျူးပါ။

မဖတ်ရသေးဘူးဆိုရင် http://www.bur.irrawaddy.org/index.php/interview/4-interview/7167-2011-08-28-04-42-12 မှာ ဖတ်နိုင်ပါတယ်။

သူ့လုပ်ရပ်တွေကို ပြည်ပရောက် မြန်မာပြည်သားအများအပြားက လေးစားတဲ့အတွက် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်သင့်ကြောင်း ဆန္ဒပြုခဲ့ကြတာ မကြာသေးပါဘူး။

ဒီဆု ဘယ်သူ့ကို ပေးသင့်တယ် ဆိုတာကို အင်တာနက်သုံးသူ မြန်မာပြည်သားများက မဲပေးရွေးချယ်ကြတာပါ။

ဒီနှစ်အတွက် ဆန္ဒမဲ အများဆုံး ရရှိသူ ၅ ဦးထဲမှာ ရှေ့နေကိုဖိုးဖြူလည်း ပါဝင်ပါတယ်။

ကိုဖိုးဖြူဟာ နိုင်ငံတကာဆုတွေလည်း ရသင့်သူပါ။ ဒါပေမယ့် သူဘာတွေလုပ်ခဲ့တဲ့အတွက် သူ့ကို ဂုဏ်ပြုသင့်တယ် ဆိုတဲ့အကြောင်း ဆုရွေးချယ်ရေးကော်မတီတွေကို ဆက်သွယ် အဆိုပြုရမှာ ဖြစ်ပါတယ်။ သူ့လုပ်ရပ်တွေကို လေးစားထောက်ခံသူများက အဆိုပြုရမှာပါ။

ဒီနှစ်အတွက် အများဆုံး ဆန္ဒပြုခံရတဲ့ ဇာဂနာ၊ ဒေါ်ရှု၊ မဖြူဖြူသင်း၊ NLD ရဲ့ လူမှုအထောက်အကူပြုအဖွဲ့၊ ကိုဖိုးဖြူ

သူ့လုပ်ရပ်တွေကို ဆုရွေးချယ်ရေးကော်မတီတွေက သေချာပေါက် စိတ်ဝင်စားကြမယ်လို့ ယူဆပါတယ်။






.

4 comments :

  1. ကေကေအို said... :

    မြန်မာပြည်မှာ အလုပ်သမား၊ လယ်သမား လူတန်းစားက လူဦးရေ အများဆုံးပါ။ အလုပ်သမား၊ လယ်သမားတွေဘက်ကနေ အကူအညီပေးနေတဲ့ ရှေ့နေကိုဖိုးဖြူကို လေးစားပါတယ်။
    နိုင်ငံတကာဆုတွေကို မျှော်ကိုးပြီး ဒီလိုလုပ်နေတာ မဟုတ်ဘူးဆိုတာ ယုံကြည်ပြီးသားပါ။

  1. Anonymous said... :

    လေးစားပါတယ်ကိုဖိုးဖြူရေ။ ကိုဖိုးဖြူ၊ မဖြူဖြူသင်း၊ ဦးကျော်သူ တို့လုပ်နေတဲ့အလုပ်တွေက လူတွေမကြိုက်ပေမယ့် နတ်တွေကြိုက်ပါတယ်။ ဘာပဲပြောပြောပေါ့ ဘ၀နေ၀င်ချိန်နီးတဲ့အခါမှာ ကိုယ်နောက်ကို ပြန်ကြည့်လို့ ကိုယ့်လိပ်ပြာလှနေတယ်ဆိုတာတွေ့ရရင်ပဲ
    ကျေနပ်စရာပါလေ။

  1. အဲဒီလို ကိုယ်ကျိုးမငဲ့ ကွက်ပဲ အများအကျိုးကိုအထူးသဖြင့် တောင်သူလယ်သမားကျောမွဲများဘက်မှဥပဒေအကျိုးဆောင်ကူညီ
    နေသောကိုဖိုးဖြူအားဂုဏ်ပြုချီးမြှင့်မည်ဆိုလျှင်
    အတိုင်းထက်အလွန်ဝမ်းသာဂုဏ်ယူမည်ဖြစ်ပါ
    ကြောင်း။

  1. aung said... :

    လေးစားပါတယ်ဗျာ။အဲဒီလို ကိုယ်ကျိုးမကြည်.ပဲ ကူညီပေးတဲ.အတွက် ပြီးတော.မွန်မြတ်တဲ.စိတ်ထားရှိတဲ.အတွက် ပါ နတ်လူ သာဓု ခေါ်ကြမှာပါဗျာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved