.

ဧရာဝတီမှာ တနင်္ဂနွေနေ့က ဖော်ပြခဲ့တဲ့ “လယ်သမားတွေ ကျနော့် မျက်စိရှေ့မှာပဲ ငတ်နေပါတယ်” ဆိုတဲ့ အင်တာဗျူးပါ။
မဖတ်ရသေးဘူးဆိုရင် http://www.bur.irrawaddy.org/index.php/interview/4-interview/7167-2011-08-28-04-42-12 မှာ ဖတ်နိုင်ပါတယ်။
သူ့လုပ်ရပ်တွေကို ပြည်ပရောက် မြန်မာပြည်သားအများအပြားက လေးစားတဲ့အတွက် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်သင့်ကြောင်း ဆန္ဒပြုခဲ့ကြတာ မကြာသေးပါဘူး။
ဒီဆု ဘယ်သူ့ကို ပေးသင့်တယ် ဆိုတာကို အင်တာနက်သုံးသူ မြန်မာပြည်သားများက မဲပေးရွေးချယ်ကြတာပါ။

ကိုဖိုးဖြူဟာ နိုင်ငံတကာဆုတွေလည်း ရသင့်သူပါ။ ဒါပေမယ့် သူဘာတွေလုပ်ခဲ့တဲ့အတွက် သူ့ကို ဂုဏ်ပြုသင့်တယ် ဆိုတဲ့အကြောင်း ဆုရွေးချယ်ရေးကော်မတီတွေကို ဆက်သွယ် အဆိုပြုရမှာ ဖြစ်ပါတယ်။ သူ့လုပ်ရပ်တွေကို လေးစားထောက်ခံသူများက အဆိုပြုရမှာပါ။

သူ့လုပ်ရပ်တွေကို ဆုရွေးချယ်ရေးကော်မတီတွေက သေချာပေါက် စိတ်ဝင်စားကြမယ်လို့ ယူဆပါတယ်။
.
မြန်မာပြည်မှာ အလုပ်သမား၊ လယ်သမား လူတန်းစားက လူဦးရေ အများဆုံးပါ။ အလုပ်သမား၊ လယ်သမားတွေဘက်ကနေ အကူအညီပေးနေတဲ့ ရှေ့နေကိုဖိုးဖြူကို လေးစားပါတယ်။
နိုင်ငံတကာဆုတွေကို မျှော်ကိုးပြီး ဒီလိုလုပ်နေတာ မဟုတ်ဘူးဆိုတာ ယုံကြည်ပြီးသားပါ။