အပြောနဲ့ အလုပ်

Thursday, September 8, 2011

မနေ့ကတော့ လွှတ်တော်မှာ မင်းသားကြီး ကျော်ဆန်းက မီဒီယာလွတ်လပ်ခွင့်အကြောင်း ပြောသွားပါတယ်။ သူတို့မှ ထိန်းမပေးရင် မီဒီယာလောကကြီး ပျက်တော့မယောင် ရွှန်းရွှန်းဝေအောင် ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ပုံကြီးချဲ့ ဖော်ပြမိလို့ဆိုပြီး မနေ့ကတော့ The Messenger သတင်းဂျာနယ်ကို နောက်ဆက်တွဲတင်ခွင့်ပိတ်ပြီး အရေးယူလိုက်ပါတယ်တဲ့။

တခါတလေလည်း စဉ်းစားမိတယ်။ ကျော်ဆန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ မီဒီယာတွေမှာ ပိတ်ပင်တားဆီးနေတာမှာ သူတို့ အစိုးရမူအရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးမုန်းတီးမှုအရ လုပ်နေတယ်လို့ ထင်မိပါတယ်။

နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ကြဆုံကြတော့၊ တခြားဝန်ကြီးတွေနဲ့ ရယ်ရယ်မောမော ရှိကြတော့ ကျော်ဆန်းက မျက်စိမျက်နှာ ပျက်နေတယ်လို့ ပြောကြပါတယ်။

ဒီနေ့ ပြန်ကြားရေးဝန် ကျော်ဆန်း ပြောသွားတာမှာ မိမိ ထင်မြင်ချက်ကို လွတ်လပ်စွာ ရေးသားဖော်ပြခွင့်အတွက် “အခြေခံဥပဒေနဲ့ အညီ” ဖြစ်အောင် ပြင်ဆင် ဖြည့်စွက်ရုံမက အသစ်ပါ ပြဌာန်းဦးမယ်လို့ ဆိုပါတယ်။ ပြီးတော့ ၈၈ အရေးအခင်းကာလကလို အခွင့်အရေးမျိုး ရမှာ မဟုတ်ပါဘူးတဲ့။ “စာပေစိစစ်ရေးရဲ့ အခန်းကဏ္ဍကလည်း လိုအပ်နေဆဲ” လို့ ပြောသွားပါတယ်။

သူတို့ စာပေစိစစ်ရေးလုပ်နေတယ်ဆိုတာ “မီဒီယာကို ထိန်းကြောင်းပေးနေတာ” ဆိုတဲ့ စကားက သူတို့ စာပေကင်ပေတိုင်သမားတွေရဲ့ လက်သုံးဖြစ်ပါတယ်။ ဗိုလ်ချွတ်တွေကနေ နေ့ချင်းကြီးလာပြီး မီဒီယာသမားတွေ ငါတို့လောက် မသိဘူးလို့ ထင်တလုံးဖြစ်နေကြတဲ့ အဖွဲ့ကတော့ ပြန်ကြားရေးနဲ့ စာပေဆင်ဆာ အဖွဲ့ပါပဲ။ မီဒီယာကို ထိန်းပေးနေတာဆိုတဲ့ အကြောင်းပြချက်က သူတို့အစိုးရရဲ့ အပြစ်အနာအဆာတွေကို ပြည်သူတွေ မသိအောင် သတင်းအချက်အလက်တွေကို ဖာထေးခုတ်ဖြတ်နေရတာကို ဖုံးကွယ်ထားချက် သက်သက်ဆိုတာပါပဲ။


အပြော


အလုပ်





5 comments :

  1. ကေကေအို said... :

    ဆင်ဆာဖြတ်ခံရတာကို လူ့အခွင့်အရေး ချိုးဖေါက်ခံရတာလိုမျိုး ခံစားနေရရင် လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဆိုလား ဖွဲ့ပြီးပြီတဲ့။ သူတို့က အရေးယူပေးပါလိမ့်မယ်ဗျာ။ မီဒီယာကိုများ သူက ထိန်းကျောင်းပေးဦးမတဲ့။ အတော်လာတဲ့လူ။

  1. aaa said... :

    အထင်မလွဲပါနဲ့ဗျာ။
    ကျော်ကျော်ကလူသေး၊လူမကောင်းတကောင်း
    အဲလေလူကြီးလူကောင်းတယောက်ပါ။
    တခါတလေမှာကလေးစိတ်ပေါက်လို့ပဲ
    ဖြစ်ဖြစ်၊နဲနဲလေးဂေးစိတ်ပေါက်လာတဲ့အခါမှာသာ
    တောပြောတောင်ပြောပြောမိတာပါ။

  1. Anonymous said... :

    ဟေ့ကောင် ကျော်ဆန်း ဒေါ်စု ပုံကို ပုံကြီးချဲ့ပြီး ဖော်ပြတာ မင်းပြောတဲ့ ဥပဒေစိုးမိုးရေးတို့ ပြည်သူ့ကိုယ်ကျင့်တရားတို့ ဆိုတာတွေနဲ့ ဘာများ ငြိစွန်းနေလို့လဲကွ။ မင်းလိမ်တာ ကြည့်ပြီးလိမ်အုံးဟေ့ကောင်ရေ။ မင်းပါးစပ်က ကြာလေကြာလေ နှစ်နဲ့ချီပြီး မဆေးမကြောဘဲထားတဲ့ ပြည့်တန်ဆာမ အင်္ဂါလိုမျိုး ဖြစ်လာလေဘဲ။

  1. Anonymous said... :

    ကြာကူလီရှုံးလောက်တဲ့ဆော်ကြမ်းပါလား။ဝိုင်းစုခိုင်သိန်းနဲ့တွေ့ရင်မက်လောက်စရာစီးရီးထဲကလိုအပြောခံရမယ်``လူလိမ်''

  1. Anonymous said... :

    ဗျို့ ဦးကျော်ဆန်း
    ခင်ဗျားဟာ ခင်ဗျားဘိုး၊ ဘေးတော်တဲ့ ကင်းဝန်မင်းကြီးဦးကောင်းလိုဘဲ နံမယ်ကျော်ခြင်လို့လား?
    မြန်မာ နိုင်ငံသားတွေဟာ သတင်းလွတ်လပ်ခွင့် မရထိုက်သေးဘူး လေး ဘာလေး နဲ့။
    သတင်းလွတ်လပ်ခွင့် ပေးလိုက်ရင် အကျိုးထက် အပြစ် က ပိုများသွားမယ်လို့ ခင်ဗျား ဆုံးဖြတ်ရအောင်
    ခင်ဗျားက ဘယ်လောက် တတ်နေ တော်နေ လို့တုန်း။
    ခင်ဗျားရဲ့ဘေးတော် ကြီး ဦးကောင်းတောင် တလွဲ ဆုံးဖြတ်လိုက်လို့ ၀န်မင်းတွေ၊မူးမတ်တွေတဖွဲ့လုံး
    ကမ္ဘာ ပြား အဖွဲ့ ဖြစ်သွားရတာ ခင်ဗျားသိရဲ့လား။
    မင်းတုန်းမင်းလက်ထက်က ၀န်မင်းတဖွဲ့ ထွေရာလေးပါးပြောရင်းက ကျောက်မြောင်းအတွင်းဝန်မင်း၊
    ပေါက်မြိုင်အတွင်းဝန်မင်းနဲ့၊ မိုတားဝန်ထောက်မင်းတို့က ကမ္ဘာ လုံးတယ်ဆိုတဲ့ အဖွဲ့ က တဘက်။
    ကမ္ဘာပြားတယ်ဆိုတဲ့ ထောင်စာချီအုတ်ဝန် ဦးသဲက တဘက် ။ ငြင်းခုံကြတာ အဖြေမပေါ်လို့
    ဦးကောင်းကမသိ မတတ်ဘဲနဲ့ လူတတ် ကြီးဝင်လုပ် ပြီး ကမ္ဘာ ကြီးသည် ပြား၏ လို့ဝင်ဆုံးဖြတ်ပေးလိုက်တာ၊
    သူ့ကိုမလွန်ဆန်ဝန့်လို့ မူးမတ်၊ ၀န်မင်းတဖွဲ့လုံးကမ္ဘာ ပြားအဖွဲ့ဖြစ်သွားရတယ်။
    ပြီးတော့ သီပေါမင်းလက်ထက်ရောက်တော့
    ဦးကောင်းလိမ်ထုပ်၊ မင်းဆက်ပြုတ် လို့ သမိုင်းတရားခံအဖြစ် မှတ်တမ်းဝင်သွားခဲ့တယ်လေ။
    ခင်ဗျားရော မြန်မာ ပြည်သားတွေအပေါ်မှာ ဘာတွေလိမ် ဘာတွေရှုပ် ဦးမလို့လဲ?။
    ဟိတ်တလုံး ဟန်တလုံးတွေ လုပ်မနေပါနဲ့။ ကမ္ဘာ ကြီးသည် ပြားနေ၏၊ မယုံရင် အပြင်ကိုကြည့်လိုက်ပါ။
    ခုခေတ်လူတွေက ခင်ဗျားထက်တော်တာတွေချည်းဘဲ။ ဆက်လိမ်ဘို့ မကြိုးစားနဲ့တော့။
    ဘေးတော်ကြီးတက်သာတဲ့ သမိုင်းပေးနာမည်တခုကို လိုခြင်ရင်လဲ ဆက်လုပ်ပေါ့ဗျာ။
    အချိန်ရှိတုန်း (ဘေးတော်ကြီး ဦးကောင်း လိုမဖြစ်ရအောင်) အမှားပြင်ပြီး၊
    ပြည်သူတွေနဲ့ တသားတည်းဖြစ်အောင် နေပြလိုက်စမ်းပါဗျာ။
    မောင်သောင်း။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved