ပါတီဝင်မလား၊ ပါတီထောင်မလား

Wednesday, September 7, 2011

'






နာမည်ကြီးတချို့ NLD ပါတီ၊ ကြံ့ခိုင်ရေး ပါတီတို့ကို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ကျေကျေနပ်နပ် ၀င်ကြတယ်။ ထောင်ထဲရောက်သွားသူတွေ ရှိသလို တချို့လည်း လွှတ်တော်ထဲ ရောက်နေကြပြီ။ စာဖတ်သူရော ဘယ်လိုလဲ ??
အနာဂတ်မှာ နိုင်ငံရေးပါတီ တခုကို ၀င်မလား/ဦးဆောင်မလား ??

အွန်လိုင်းမှာ ရှိတတ်သူတွေကို မေးကြည့်တော့ သူတို့နဲ့ နိုင်ငံရေးပါတီစိတ်ကူးကို အခုလို ဆိုလာပါတယ်။


ကိုယ့်ပြည်ကို ပြန်ရောက်ခဲ့ရင်၊ အသက်အရွယ်လည်း အရမ်း မအိုမင်းသေးရင် ကိုယ်ပိုင်ပါတီတခု ထောင်ချင်တယ်။

ဘလော်ဂါ ခင်မင်းဇော်
http://khinminzaw.blogspot.com/

အရင်တုန်းကလည်း ဘယ်နိုင်ငံရေးပါတီမှ မ၀င်ခဲ့ဖူးဘူး။
နောင်လည်း ၀င်ဖို့မရှိဘူး။
( သူတို့ကလည်း လက်ခံမှာမဟုတ်ပါဘူး )


ကဗျာဆရာ နှင်းခါးမိုး
http://www.nykomme.blogspot.com/

မသိသေးပါ။

Ronald အောင်နိုင်၊ စာနယ်ဇင်းသင်တန်းနည်းပြ
http://facebook.com/RonaldAungNaing

ဝေးဝေးကသာ
လွမ်းပါမည်။

ဘလော်ဂါ မင်းဒင် http://www.mindin.info/

အနာဂတ်မှာရော လက်ရှိကာလမှာရော ဘယ်နိုင်ငံရေးပါတီကိုမှ မ၀င်ပါ။
ဦးဆောင်ဖို့ဆိုတာ ဝေးရော။
ကျနော့်အလုပ်က သတင်းထောက်ပါ။ ပါတီနိုင်ငံရေးကို လုပ်ဖြစ်မယ် မထင်ပါဘူး။
အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးဝင်မှ နိုင်ငံရေးသမားဖြစ်မှာလား လို့ ပြန်မေးပါရစေ။

ဘလော်ဂါ ဥက္ကာကိုကို
http://www.oakkarkoko.com/

နိုင်ငံရေးဆိုတာ ပါတီနိုင်ငံရေးလုပ်မှ မဟုတ်ပါဘူး... နိုင်ငံ့အရေးကို ကျရာနေရာကနေ တတ်နိုင်သလောက် လုပ်တာဟာလည်း နိုင်ငံရေးပါ...
အခုလည်း နိုင်ငံရေး လုပ်နေတာပါပဲ...

ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)
http://htweoomyanmar.com

ပါတီအလုပ်တွေ အတင်းမခိုင်းရင်တော့ သူများတွေ အထင်ကြီးတဲ့ ပါတီတခုခုကို ၀င်ချင်ပါတယ်။

ကာတွန်း ဘီရုမာ
http://beruma.blogspot.com/

အနာဂတ်မှာကော အခုကော နိုင်ငံရေးပါတီ တခုကို ဝင်ဖို့ကော ဦးဆောင်ဖို့ကော စိတ်ကူးမရှိသေးပါဘူး၊ အတင်းအကျပ် ဖိအားပေးခံရပြီး ဝင်ရဖို့ ဖြစ်လာရင်တော့ မပြောတတ်ဘူး၊ ဦးဆောင်တဲ့အဆင့်ထိ ရောက်ဖို့ကတော့ အတော့ကို လိုသေးတယ်လို့ မြင်ပါတယ်။

ကိုစိုးအောင် - မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု၊ နိုင်ငံခြားရေးဌာန တွဲဘက်အတွင်းရေးမှူး
http://facebook.com/soeaungthanatpet

ဝင်ဖြစ်မှာ မဟုတ်ပါဘူး။

ဘရဏီ၊ ဒီဗွီဘီ လူငယ့်အသံ

ပါတီဝင်မှ ခေတ်မှီမယ်။
ဆိုရှယ်ဒီမိုကရက်ပါတီ ထောင်ဖို့ စီစဉ်နေပြီ။
ဆိုရှယ်လစ်ခေတ်မှာမွေးပြီး ဒီမိုကရေစီကို သွားနေကြလို့။

ဘလော်ဂါ ပြည်ပရောက်တောအုပ်
http://blueskyforest.blogspot.com/

ကျနော်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင် တဦးပါ။ ဒါပေမယ့် ခင်ဗျားပြောတဲ့ အနာဂတ်မှာတော့ ပါတီနိုင်ငံရေးလုပ်ဖို့  ပြန်ပြီး သုံးသပ်ရပါဦးမယ်။
နာမည်ကြီးလို့  ပါတီဝင်တယ်။ နာမည်ကြီးဖို့  ပါတီဝင်တယ်။ ပါတီဝင်လို့  နာမည်ကြီးတယ် -- အိုး ရှုပ်ပါတယ်ဗျာ။
အဲ -- ပါတီက ကြီးလို့  ကိုယ့်နာမည် ပါတီထဲ ထိုးသွင်းတာမျိုးလဲ မဖြစ်သင့်သေးဘူး။
ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာက လိုအပ်ချက်တွေက အများသားလေ။
ကြည့်  ကျနော် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်။

ကဗျာဆရာ နေဇော်နိုင်
http://facebook.com/nayzaw.naing





-


.
'--e

2 comments :

  1. ကေကေအို said... :

    ပါတီထောင်မယ်။ တမတ်သား ကိုယ်စားလှယ်များ အလိုရှိသည်။

  1. Anonymous said... :

    ဟုတ်ကဲ့ မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ ခေတ်မှီရောဂါတခုဖြစ်တဲ့ ပါတီထောင် အမတ်လောင်းအရူးရောဂါ ကူစက်ခံရသူများခင်မျာ...ကျနော်လဲ ချပါတီဖို ထောင်မည်ဖြစ်ပါသောကြောင့်...စိတ်ပါဝင်စားသူများ ကိုယ်ရေးရာဇ၀င်နဲ့တကွလျှောက်ထားနိုင်ပါသည်..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved