မြစ်ဆုံစီမံကိန်းရပ်ထားမည်ဟူသော သတင်းအပေါ် တုံ့ပြန်ချက်

Friday, September 30, 2011

....





ဓာတ်ပုံ - Kazu


(Facebook မှာ တွေ့ရတာကို ကူးယူ ဖော်ပြပါတယ်)

ပြည်သူ့ဆန္ဒနှင့် ပြည်သူ့သမ္မတ
မောင်ဝံသ

ယနေ့ သတင်းကောင်း ကြားကြားချင်း ၀မ်းသာအားရ ရေးလိုက်တာပါ။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်းကို မိမိတို့ အစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တဲ့သတင်းဟာ အမျိုးသား စည်းလုံး ညီညွတ်ရေး ရှုထောင့်က ကြည့်ရင် အတိုင်းမသိ ၀မ်းမြောက် အားတက်ဖွယ် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုလိုဆုံးဖြတ်လိုက်ခြင်း ဟာ မြစ်ဆုံဆည်စီမံကိန်းကြောင့် မအိပ်နိုင် မစားနိုင်လောက်အောင် သောက ဗျာပါဒတွေ ဖိစီးခံနေရတဲ့ ကချင်ပြည်သူများအပါအ၀င် ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝန်းလုံးက ပြည်သူလူထုအများစုကြီးရဲ့ လိုအင်ဆန္ဒနဲ့ တစ်ထပ်တည်း ကိုက်ညီနေလို့ ဖြစ်ပါတယ်။

ပြည်သူ့သမ္မတဂုဏ်ပုဒ်
သမ္မတကြီးရဲ့ ရဲဝံ့မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာ သမိုင်းတွင် သွား တော့မှာ ဖြစ်ပါတယ်။ ပြည်သူတို့ရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ ဆောင်ရွက်ချက်ကို အချိန်မနှောင်းမီ ဖော်ထုတ်လိုက်တာ ဖြစ်တဲ့အတွက် ဦးသိန်းစိန်ဟာ ပြည်သူ့သမ္မတကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန် သွားပြီလို့ ကျွန်တော်တို့ ရည်ညွှန်းလိုပါတယ်။

အရင်အစိုးရနဲ့မတူ
မြစ်ဆုံဆည်စီမံကိန်းဟာ အရင် အစိုးရရဲ့ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အရင်အစိုးရနဲ့ လက်ရှိအစိုးရ မတူကွဲပြားတာက လက်ရှိအစိုးရဟာ ရွေးကောက်ပွဲနည်းနဲ့ တက်လာတာ ဖြစ်ပါတယ်။ ပြည်သူကို တာဝန်ခံရပါတယ်။ ပြည်သူတွေ လိုလားတာကို ဆောင်ရွက်ရမှာ ဖြစ်ပြီး ပြည်သူတွေ မလိုလားတာကို ပယ်ဖျက် ရုပ်သိမ်းဖို့ တာဝန်ရှိပါတယ်။

ဥပဒေက အုပ်ချုပ်တဲ့စနစ်သို့
လူမပြောင်းသည့်တိုင်အောင် မူပြောင်းရင် ပြောင်းလဲတဲ့ မူအတိုင်း ဆောင်ရွက်ခြင်းဟာ မူကို အလေးထားသော အကောင်အထည်သူများရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ လူက အုပ်ချုပ်တာ မဟုတ်ဘဲ မူ (တစ်နည်း) ဥပဒေက အုပ်ချုပ်တဲ့ စနစ်ဟာ အလိုလားအပ်ဆုံး ဖြစ်တဲ့အတွက် အများပြည်သူတို့က လှိုက်လှဲစွာ ကြိုဆိုကြမှာ သေချာပါတယ်။


ဆက်လုပ်ဦးမှာလား
လက်ရှိအစိုးရလက်ထက်မှာ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းထား မယ်ဆိုတော့ နောင်အခါ မြစ်ဆုံဆည်ကြီးကို မဖြစ်မနေ ဆက်လက် တည်ဆောက်မယ်လို့ သန္နိဋ္ဌာန်ချထားသူများ အစိုးရဖြစ်လာရင် ဆက်လုပ်ကြလေမလားလို့ မေးခွန်းထုတ်စရာတော့ ရှိပါတယ်။ ကျွန်တော်ကတော့ အဲဒီအတွက် မပူပါဘူး။ ပြည်သူလူထုရဲ့ အလိုဆန္ဒနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို လုပ်လိုတဲ့ အင်အားစုများ ခေါင်းထောင်မလာ အောင် ပြည်သူ့စွမ်းအားနဲ့ ပယ်ရှားသွားဖို့ပဲ ရှိပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများသာ ရှိနေပါစေ၊ ပြည်သူ့အဆုံးအဖြတ်ကသာ ပဓာန ဖြစ်လာတော့မယ်လို့ ယုံကြည်ကြောင်း တင်ပြလိုက်ပါရစေ။

အများမျှော်လင့် စောင့်စားနေကြတဲ့ နိုငှ်ု့ရေးအကျဉ်းသားများ လွတ်ငြိမ်းခွင့်ပါ တစ်ဆက်တည်း လိုက်ပါလာရင်ဖြင့် ပြည်သူ့သမ္မတကြီးလို့ ပြည်သူတွေက ခေါ်ဆိုလာကြတော့မယ်လို့ ကျွန်တော် မြင်ယောင်နေပါတယ်။

ပြည်သူတို့အကျိုးစီးပွားအတွက် ပြည်သူများကိုယ်တိုင်ပါဝင် ဆောင်ရွက်သည့် ပြည်သူ့အစိုးရများ ပေါ်ထွန်းလာသည့်နှင့်အမျှ ပြည်သူ့ဆန့်ကျင်ရေးသမားများအတွက် နေရာမရှိတော့မှာ ဧကန် ဖြစ်ပါတော့သည်။
====================


....

22 comments :

  1. Anonymous said... :

    နိုင်ငံတော်သမ္မတကြီးအား အလေးပြု!!!

    မယုံပါဘူး၊ စောင့်ကြည့်ဘို့လိုပါတယ်၊ အညာမခံရစေနဲ့..လို့ မေးလို၊ ကွန့်လို၊ ညွန့်လိုသေးသူများ သမိုင်းနောက်ဆုံးကား စောင့်နေပါသည်။

  1. Unknown said... :

    Hope open the jail's doors soonest.

  1. Anonymous said... :

    လူတွေကိုလည်း နှစ်ပတ်လည် ကနေအာရုံလွှဲပြီးပြီ။ ပြည်သူ့ အစိုးရပါဆိုပြီးလည်း အသံကောင်းဟစ်လို့ ရပြီ။ လုံးဝရပ်မယ်လို့ လည်းပြောတာမဟုတ်။ ဒါကိုရင်းပြီး ထပ်ယူမယ်။ မမြတ်ရင်လည်း ငါးနှစ်ပဲစောင့်ရမှာ။ ပြည်သူတွေအတွက်လို့ ပြောလို့ မရသေးပါဘူး။ ပြောင်းလဲပြီလို့ လည်းပြောလို့ မရသေးပါဘူး။

  1. Anonymous said... :

    မျှော်လင့်ချက်ရောင်ခြည်တော့ နဲနဲသမ်းလာပြီပေါ့ဗျာ့

  1. Ko Nay Myo said... :

    လူတွေကလည်း လူတွေဘဲ မြစ်ဆုံရေကာတာစီမံကိန်း လို
    လက်လွန်ခြေလွန်ဖြစ်ပြီးသား
    ရှေ့ နောက်ငဲ့စရာများတဲ့
    အဆီတ၀င်းဝင်း သဲတရှပ်ရှပ် ဖြစ်ရပ်ကြီးကို
    သူ့ အစိုးရလက်ထက်မှာ ဆက်မလုပ်ဖို့ 
    ရဲရဲတင်းတင်း ပြတ်ပြတ်သားသား
    ဆုံးဖြတ်လိုက်တဲ့ သမ္မတကြီးကို
    ကျေးဇူးတင် လေးစား မှတ်တမ်းတင်ရမှာ
    အမှန်ပါဘဲ
    ပြောင်းနေတာတွေကို မျက်စိရှေ့ တင်
    တွေ့ နေပါလျက်နဲ့  ပြောင်းလဲပြီလို့  ပြောလို့ မရသေးဘူးဆိုတာက တော့  မရိုသေ့စကားပြောရရင် ဖင်ပိတ်ပြီး ငြင်းနေတာနဲ့ တူတယ်
    ပြောင်းတဲ့ နှုန်းနှေးနေတယ်လို့  ပြောရင်တောင် လက်ခံနိုင်စရာပါ
    သမ္မတကြီးရဲ့ သက်တမ်းဟာ (၅)နှစ်ပါ
    သူ့ အစိုးရသက်တမ်း အတွင်းမှာ မလုပ်ပါဘူးလို့ ဘဲ သူ အာမခံနိုင်မှာပေါ့
    နောင်(၅)နှစ်မှာ ဘယ်အစိုးရ တက်လာမလဲ ဆိုတာ ဘယ်သူ ပြောနိုင်မှာလဲ
    လုံးဝ ရပ်မယ်လို့  ပြောရင်လဲ
    လိမ်တာညာတာဘဲ ဖြစ်မှာပေါ့
    တိုင်းပြည်မျက်နှာကို ကြည့်ပြီး စည်းလုံးရမယ့် အချိန် ရောက်နေပါဘီ
    မကောင်းတာကို မကောင်းဘူး ပြောရဲသလို
    ကောင်းတာကို လည်း ကောင်းတယ်လို့ 
    ပြောရဲဘို့ လိုပါတယ်။

  1. ကြားနေသူ ပွဲကြည့်ပရိတ်သတ် said... :

    အစိုးရ ကောင်းကြောင်းလေးလည်း ရှိရင် ပြောကြဦးလေဗျာ။
    မကောင်းကြောင်း ချည်းပဲ ပြော နေကြတော့ ပြောနေကြတဲ့ လူတွေကိုတောင် သံသယ ဖြစ်လာမိတယ်။
    အားလုံးက အဆိုးနဲ့ အကောင်း ရှိကြတာပဲ။
    ဆိုးတာကိုလည်း ပြောကြသလို ကောင်းတာကိုလည်း ပြောကြဦးလေ။
    ဒါမှ အမှန်တရားကို လေးစားကြတဲ့ လူတွေ ဖြစ်တော့မှာပေါ့။
    ကိုယ်ကိုယ်တိုင်က အမှန်တရားကို လေးစားတယ် ပြောပြီး သူများလုပ်တာ မကောင်းချည်းပဲ ဆိုတာကတော့ အမှန်တရားနဲ့ လွဲနေပြီ။

  1. Anonymous said... :

    ၇ပ်ဆိုင်းမယ် ဖျက်သိမ်းမယ်လို့ ပြောတာမဟုတ်ဘူး

  1. Anonymous said... :

    အစိုးရဆိုတာ အမြဲလိမ်တတ်တယ်၊ Burma အစိုးရကပိုဆိုးတာပေါ့၊ တကယ်လုပ်ပြမှရုံရမယ်။

  1. Anonymous said... :

    ငါတို့ အစိုးရကြီး ကောင်းချက်ကကွာ။ ဒီလောက် အပြစ်ပြောသူ ပေါတာတောင် ဖမ်းဆီးအရေးယူ နှိပ်စက်ထောင်ချ လုံးဝ (လုံးဝ) မလုပ်ဘူး။ သူ့အလုပ် သူ ဖြည်းဖြည်းနဲ့ မှန်မှန် ဆက်လုပ်နေတယ်။ ကြားနေသူ ပွဲကြည့်ပရိတ်သတ် ကျေနပ်ရဲ့လားခင်ဗျာ။

  1. Anonymous said... :

    သူတို့ အုပ်ချုပ်နေတုန်း မလုပ်ဘူးဆိုတော့ အရှင်းကြီးပဲ။ တရုတ်ကို အခုနှစ်ပိုင်းလေး စောင့်ပါ။ နောက်အစိုးရလက်ထက်ကျရင် ဆက်လုပ်ပါလို့ တဖက်လှည့် ကတိပေးလိုက်သလိုပဲ။ နောက်ပြီး ပြောထားတာ ရှိသေးတယ်။ "နိုင်ငံတော်အတွက်လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။" အခုစီမံကိန်းကိုလဲ စစချင်းတုန်းက ဘာမှ မဖြစ်နိုင်ဘူး။ သူသာလျင် အသိဆုံး။ ဘယ်နည်းနဲ့မှ မရပ်နိုင်ဘူးဆိုပြီး ၀န်ကြီးကိုယ်တိုင်က ငြင်းခဲ့တာပဲလေ။ ပြီးတော့ မရိုးသားတာ တချက်က ပြည်သူတွေက စိုးရိမ်ပူပန်လို့ ရပ်လိုက်ရသယောင် ပုံဖမ်းထားတယ်။ ပြည်သူတွေ စိုးရိမ်တာ မှန်တယ်၊ သူတို့ လေ့လာခဲ့တာတွေ မှားတယ် တခွန်းမပါဘူး။ ပြည်သူတွေ စိုးရိမ်တာ မဖြစ်နိုင်ဘူးလဲ မပြောဘူး။ စိုးရိမ်တာလေး တခုနဲ့ ရပ်ပေးလိုက်တယ်ဆိုတော့ . . .

  1. Anonymous said... :

    ဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူး၊ လက်ရှိ သမတရဲ့ သ၀ဏ်လွှာကို ကြိုဆိုပါတယ်၊ ဒါပေမဲ့ စောင့်ကြည့်ဖို့တော့လိုမယ်ထင်ပါတယ်။ သမတက သက်တမ်းမစေ့ခင် ပြုတ်သွားရင်ကော၊ ဘာပဲဖြစ်ဖြစ် လုံးဝရပ်ဆိုင်းအောင် ဆွေးနွေးနိုင်ပါစေလို့ ဆုတောင်းပါတယ်၊ နောက်မှ လျော်ကြေးအများကြီးပေးရလို့ စိတ်ပျက်နေရဦးမယ်၊ ဦးနှောက်မရှိတဲ့သူတွေရဲ့ ဆုံးဖြတ်ချက်ဟာ နောင်လာနောက်သားတွေကို ဘယ်လောက်နစ်နာစေတယ်ဆိုတာကို လက်ရှိ အစိုးရအဖွဲ့ဝင်တွေအားလုံးသိစေ လိုပါတယ်၊ ၀န်ကြီး ဦးဇော်မင်းကရော ဘာဖြစ်မှာလဲ၊ ကျွန်တော်သာ ဆို ၀န်ကြီးအဖွဲ့ကနေ နှုတ်ထွက်လိုက်ပြီ၊ အားလုံးဆက်လက် ပျော်ရွှင်နိုင်ကြပါစေ၊ ရာဇ၀င်များရဲ့ သတို့သမီး ဧရာဝတီ ဆက်လက်ရှင်သန် ပါစေ၊

  1. Anonymous said... :

    Makaung dar koe loke yin poke khat pho win ma lay ta lout, kaung dar loke de a khar mar le...chee mun a ti a mat pyu tint par dae.

    bar be pyaw pyaw, President U Thein Sein har dee sone phyat chat a twet tamine twin twar par pi.

    Pee thu ye tabawhta koe nar htawng a ti a mat pyu de a twet chye zu tin bar de...lay le lay sar ba de...

    Naut mar le, dee loe be sat lat pi, pee thu ne lat twel twar mae soe yin dawt,,,,, Pee thu ka chit te, tyne pee a twet tar wun kye te, lay sar htike te thu a phyit a ti a mat pyu bar de....

    Kyo soe bar de..wan tar bar de....Pee thu koe chit tae president a phyit le gone yuu bar de...Sat loke par...Arr pay nay me...

  1. Anonymous said... :

    သမ္မတကြီးကျန်းမာပါစေ၊ ဒီလိုဆုံးဖြတ်ချက်ချဘို့ဆိုတာ တစ်ကယ်ဆိုရင် ၊ မလွယ်ပါဘူး ၊ မလွယ်တဲ့ဆုံးဖြတ်ချက်ကို ရဲရဲရင့်ရင့် ၊ ဆုံးဖြတ်လိုက်တဲ့အတွက် ၊ အများကြီးလေးစားပါတယ်၊

  1. Anonymous said... :

    ဘာဖြစ်ဖြစ် ခနရပ်တာဖြစ်ဖြစ် ရပ်သွားရင်ကို တဆင့်ကောင်းပြီ .. နောက်တကြိမ်ထပ်လုပ်ရင် နောက်တကြိမ်ထပ်အော်ရမယ် ။ အရေးကြီးတာ အစိုးရကလုပ်တိုင်း ပြည်သူကြိုက်ကြိုက်မကြိုက်ကြိုက် ငြိမ်နေတဲ့ခေတ်မဟုတ်တော့ဘူးဆိုတာ သူတို့လည်းသိပြီ .. ထပ်လုပ်ရင် ထပ်ကန့်ကွက် ဘာအကွက်ပဲဖန်ဖန် ကောင်းရင်ပြီးတာပဲ ။ (reader)

  1. Anonymous said... :

    We want 100% stop for this project but we dont know detail agreements made by previous government.We have to change slowly.Anyway Mr President....We Salute You.

  1. Anonymous said... :

    Excellent decision of president

  1. အတ္တ said... :

    သူ​တစ်ပါး​အား အြ​ပစ်တ​င် ကဲ့​ရဲ့​​တ⁠တ်ေ​သာ သူ​ထ​က် မိုက်မဲ​သူမ​ရှိ။

  1. cherry said... :

    ဒီကွန်းမန့်တွေဖတ်ကြည့်ပြီးတော့ ဒီတိုင်းပြည်ကြီးကိုတိုးတက်အောင်လုပ်ဖို့တော့ တော်တော်ခက်ဦးမယ်လို.တွေးမိတယ်။ အပျက်သဘောဆောင်တဲ့စိတ်ဓါတ်တွေများနေတော့ တိုင်းပြည်အကျိုးကိုဘယ်လိုလုပ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မှာလဲ။ ယုံကည်သည်ဖြစ်စေ၊ မယုံ
ုကည်သည်ဖြစ်စေ အပြုသဘောဆောင်ပြီး ဒီအရေးကိုပူးပေါင်းဆောင်ရွက်သင့်တာပေါ့။

  1. Anonymous said... :

    တိုင်းပြည် နဲ့ ပြည်သူလူထု ကို တိုးတက်စေချင်လို့ နိုင်ငံေ၇းလုပ်တာလား...
    အာဏာ လိုချင်လို့ နိုင်ငံရေးလုပ်နေကြတာလား....
    ပြန်ပြီးစဉ်းစားကြဦးနော်...
    မကောင်းတဲ့ချိန်တုန်းက မကောင်းဘူးပြောနေတာ ကို လက်ခံပေမဲ့ အကောင်းဖက်ကို ဦးတည်လာတော့လဲ မကောင်းဘူး ပြောနေတာကိုတော့ လက်မခံတော့ဘူး...
    စဉ်းစားဖို့တော့လိုနေကြပြီ....

  1. Anonymous said... :

    နေမျိုးဆိုတဲ့အကောင်... ဧရာဝတီမြစ်က မြန်မာပြည်က ပိုင်တာ မဟုတ်ဘူးလား။ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး အာဏာရှိတဲ့ အစိုးရ အဖွဲ့က ကိုယ့်နိုင်ငံထဲက ဆည်ဆောက်တဲ့ ကိစကို ရပ်တန့် အောင် မလုပ်နိုင်ဘူးလား။ မင်းပြောသလို ဒီအစိုးရ သက်တမ်းအတွင်းပဲ အာမခံနိုင်မှာပါဆိုတော့ တရုတ်ကိုေုကာက်နေရပါတယ်၊ တရုတ်မျက်နှာ ကြည့်နေရပါတယ်လို့ သွယ်ဝိုက်ပြီး ၀န်ခံရာ ရောက်မနေဘူးလား။ ကိုယ့်စကား ဘယ်ရောက်နေတယ်ဆိုတာလဲ သတိထားပါဦး။ မင်းလို အရည်မရ အဖတ်မရ ၀င်ဝင်ဖားတတ်တဲ့ ကောင်တွေ ဌာနဆိုင်ရာထဲမှာ များနေလို့ တိုင်းပြည်ပျက်နေတာ။

  1. maletun said... :

    သမတကြီးကိုအမြဲတမ်းယုံကြည်ချင်ပါတယ်....

  1. Anonymous said... :

    တကယ်ပဲလေးစားပါတယ်ဗျာ။
    အရိုးစွဲနေတဲ့ လူတစုကြားထဲမှာ လူစွမ်းကောင်းပေါ်လာတယ်လို့ပဲယူဆပါတယ်
    အကြီးအကျယ်တိုးတက်လာတယ်လို့ခံယူသလို ဒီထက် ပိုပြီးလည်း အကောင်းဘက်ကိုပြောင်းလဲလာမယ်လို့မျှော်လင့်ပါတယ်။ အင်မတန်ရဲရင့်တဲ့ဆုံးဖြတ်ချက်ပါ။
    သမ္မတကြီးလိုလူမျိုးတွေအများကြီးထပ်ပေါ်လာပါစေလို့ဆုတောင်းပါတယ်။ အဆိုးမြင်နေကြဆဲလူများကိုယ်သာအဲဒီ့နေရာမှာ အသိုင်းအ၀ိုင်းနဲ့မိသားစုနဲ့၊ ငဲ့ရတာတွေနဲ့ဆို ဒီလိုမျိုး ဆုံးဖြတ်နိုင်မယ့်ရဲဝံ့တဲ့စိတ်ရှိပါ့မလားဆိုတာ အရင်တွေးကြည့်ကြပါ။ အရင်ကအမုန်းတွေကိုမေ့ကိုတိုင်းပြည်ကြီးအတွက်စုပေါင်းလုပ်ကြပါစို့။အမှီလိုက်ကြပါစို့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved